♦️ ငါးကျည်းကျပ်တိုက် ကြော်
မြတ် တို့ဆီက ထုတ်ကုန် တော်တော်များများ က ထမင်း တအိုးရှိရုံ နဲ့ တခွက်ထဲနဲ့ ဟင်းဖြစ်တယ် နော် အမတို့
ချဉ်ငံစပ် လေး ပါမှ စားဝင်တာ ဆိုရင် တော့ ဒါလေးက ကွက်တိပါပဲ ♠️
အနှစ်လေးနဲ့ နယ်ဖတ်စား ငါးကျည်းကျပ် တိုက်ဖတ်လေးတွေ ဝါးရတာ ကိုက အရသာ အပြည့် 🔟
ငါးကျည်းကျပ်တိုက် အသား မွှေးမွှေးလေး ကို မန်ကျည်းနှစ်လေး၊ ငရုတ်ခွဲကြမ်းလေး နဲ့ ချဉ်ချဉ်စပ်စပ် လေး ကြော်ထား တာ ကောင်းလိုက်တာ ဆိုပဲ 😍
မန်းလေးသူ ဖြစ်တဲ့ ကိုယ်က ငယ်ငယ်တုန်းက စားဖူးတဲ့ ငါး ဆိုလို့ ငါးမြင်း နဲ့ ငဘတ် ပဲ စားဖူးခဲ့ သလို သိတာ လဲ ငါး ဆိုလို့ အဲ့ ၂ မျိုးပဲ သိခဲ့တာ 😆 စစ်ကိုင်းသွားရင်တော့ ယဉ်ပါင်စာ ဆိုလား ငါးသေးသေရလေးတွေ လို့ပဲ မှတ်ထားခဲ့တာ
ဖျာပုံ သား နဲ့ ယူမိကာမှ ငါးမျိုးစုံ စားရ သိရတော့တယ် 😅
အရင်ကဆို အမေ သိပ်ကြိုက်တဲ့ ငါးကျည်းကျပ်တိုက် ဆိုတာ ဘယ်လို အရသာလဲပေါ့ လက်ဖက်နဲ့လဲ စားကြတယ်ပေါ့ ၊ ခေါက်ဆွဲ ထဲလဲ ထည့်စားကြတယ် ပေါ့
ဆိုပြီး တွေးခဲ့တာ
ခုတော့ကျွန်မသိပြီ 😍 သူ့အရသာ နဲ့ သူ့တန်ဖိုး
လိုက်ဖက် လွန်းလှတယ်
အသားနွှင် လေးကို အဖြူထည် ချိုချိုလေး ကြော်စား လဲ ကောင်းသလို ခုလို အနှစ်လေး နဲ့ ချဉ်ငံစပ် လေး လဲ ထမင်းပူလေးနဲ့ စားကောင်းလွန်းလှပြန်ရော
အဝေးရောက် မြန်မာ တွေ အတွက် သိပ်ကို တန်ဖိုးရှိ တဲ့ မြန်မာ့ရိုးရာ စာ စစ်စစ် တွေ ပေါ့ ရှင် 🇲🇲💝
နေ့စဉ် ကြော် ပေးတာမို့ မလတ်ဆတ်မှာ လဲ မပူရ တော့ များများသာ မှာချလိုက်တော့နော် 💖🛒📦