New Arrivals

Snacks

Breakfast

Authentic Myanmar Essentials

Mohinga

Dried Fish

Noodles

Laphet

Meat & Fish

Ready to Eat

Side Dishes

Veg

Sauces, Spices &

လုံမ ငါးကျည်းကျပ်တိုက် ကြာဇံချက် (100g) Vermicelli Soup

လုံမ ငါးကျည်းကျပ်တိုက် ကြာဇံချက် (100g) Vermicelli Soup

£6.99
Our Promise

Free Shipping Above £30

Get 5% Off + Free Gift + Free Shipping Above £50

Fast 2-4 Day Shipping

ကြာဆံချက်တို့ရဲ့မပါမဖြစ် ပါဝင်ပစ္စည်းတွေထဲမှာ တထုတ်ထုတ်အထုံးလေးနဲ့ ပန်းခြောက်က လူကြိုက်အများဆုံးပါဝင်ပစ္စည်းလို့တောင်ပြောလို့ရမယ်။ ဒါပေမဲ့ စျေးအရမ်းအရမ်းအရမ်းကြီးလွန်းလို့ street food ဆိုင်လိုမျိုးဆို သူ့ကိုထည့်မရောင်းကြတော့ဘူး။ သူကအင်မတန်စားလို့ကောင်းသလို ကျန်းမာရေးနဲ့လည်းညီညွတ်တာရှာဖတ်ကြည့်လို့ရပါတယ်။ ဒါပေမဲ့ မြန်မာကပန်းခြောက်တွေကို ဒီအတိုင်းတန်းစားတာကတော့မပါခဲ့ပါလေ။🤦‍♀️ မယုံရင် စျေးထဲကကုန်ခြောက်ဆိုင်မှာ သွားတယ်ပြီး ရှူကြည့် စားကြည့်။

အဲဒီတော့ "လုံမ"အသင့်စား သက်သတ်လွတ်ကြာဆံချက်နဲ့ ငါးကျည်းကျပ်တိုက်ကြာဆံချက်ထဲမှာ ပါဝင်တဲ့ (စျေးကြီးလွန်းတာကိုမှမထောက် မတွန့်တိုစတမ်းဇွတ်တွေထည့်ပေးထားတဲ့) ဟောဒီက ပန်းခြောက် လှလှမွှေးမွှေးလေးတွေနဲ့ ကုန်ခြောက်ဆိုင်ကပန်းခြောက်ကို ယှဥ်ပြထားလို့ ကြည့်ကြည့်ကြပါရှင်။ sizeဘယ်လောက်တောင်ကွာသွားသလဲနော်။❗️ (ပုံထဲကရေတစ်ခါဆေးထားသေးတယ်။ အဲ့ဒါကြောင့်သန့်သွားတာ မဟုတ်ရင် ဆားတွေချည်းပဲ။ နောက်နေ့မှ ဆားခဲတွေနဲ့မူလပုံတင်ဦးမယ်။)

🔸တစ်ပိဿာကို​ အချိန်အကြာကြီးရေစိမ် (အချိန်အကြာကြီးဆိုလို့ ခဏတဖြုတ်လို့မထင်လိုက်ပါနဲ့ တစ်ရက်ကျော်လောက်အချိန်ယူပြီးစိမ်ရပါတယ်။) အကြိမ်ပေါင်းများစွာသန့်စင်ပြီးမှ အခါခါ ပြန်လည်အခြောက်ခံထားတဲ့ ပန်းခြောက်မို့ ကြာဆံချက်ထုတ်ကုန်တွေဟာ မမြန်ဆန်ရခြင်းပါပဲ။ စီးပွာရေးဆန်ဆန်မဟုတ်ဘဲ ပြီးပြီးရောထည့်ပေးထားတာလည်းတစ်ခုမှမရှိဘဲ တကယ့်ကိုအပင်ပန်းခံပြီးစေတနာရှေ့ထားထုတ်လုပ်ပေးထားတာကြောင့် ကျန်းမာရေးအတွက်စိတ်ချပါ။ ကိုယ်တိုင်လည်း ကိုယ့်ထုတ်ကုန်တွေပဲစားတာကြောင့် ကိုယ်စားသလိုပဲ အရာရာထုတ်လုပ်ထားပါတယ်။