သင်္ကြန်က မင်းသားဆို သင်္ကြန်စာတွေက မင်းသမီးပဲ။ မင်းသမီးမပါဘဲ မင်းသားတစ်ပါးတည်း ကတဲ့ပွဲ မစည်သလို
သင်္ကြန်စာအချိုပွဲတွေမပါတဲ့ သင်္ကြန်ပွဲတော်ဟာ ရေကစားရုံ သပ်သပ်ဆို ပျင်းစရာကောင်းနေမှာပေါ့။
ဆန်နဲ့ ကောက်ညှင်းထွက်ကောင်းတဲ့နိုင်ငံမို့လို့ များပြားတဲ့ ရွေးချယ်စရာတွေကြား ဖြူဖြူဖွေးဖွေးအရောင်အဆင်းလေးနဲ့ သင်္ကြန်ပွဲကိုပိုမြူးကြွစေမယ့် တင့်တင့်ရဲ့ သင်္ကြန်မင်းသမီးလေး တစ်ပါးနဲ့ မိတ်ဆက်ပေးရရင်တော့ မုန့်လုံးရေပေါ် Dry Package လေးပါပဲ။
Dry Package ရဲ့ အားသာချက်က
မြန်မာမုန့်လုပ်လေ့မရှိလို့ မရင်းနှီးလို့ဖြစ်စေ
အချိုးအဆ မချိန်တတ်လို့ဖြစ်စေ
မုန့်လုပ်ချင်ပေမယ့် ပါဝင်ပစ္စည်းတွေ အစဥ်လိုက်မထည့်တတ်လို့ဖြစ်စေ
အပိုအလို အဖိတ်အစင်မရှိစေချင်လို့ဖြစ်စေ
ဝယ်ထားပြီး ချက်ခြင်းမစားဖြစ်သေးလို့ ကြာကြာသိမ်းထားချင်လို့ဖြစ်စေ
သွားရင်းလာရင်း အလွယ်တကူ ယူသွားချင်လို့ပဲဖြစ်စေ
ပါဝင်ပစ္စည်း/အချိုးအစားတွေကို ၅ ဦး ဝဝလင်လင်သုံးဆောင်နိုင်အောင် ပြင်ဆင်တွက်ချက်ပြီးသားမို့လို့
မု့န့်လုပ်နည်းကိုလည်း တိတိကျကျဖော်ပြပြီးသားမို့လို့ အချိန်တိုအတွင်း အရသာရှိရှိ သုံးဆောင်နိုင်တော့တာပါပဲ။
အဲဒီတော့ ရဟန်းသံဃာ ဆွေမျိုးသင်္ဂဟာ၊ အိမ်နီးနားချင်းတွေကို ဖိတ်ခေါ်ကျွေးမွေး၊ လှူဒါန်းဖို့ပဲဖြစ်ဖြစ်၊ စတုဒိသာအကျွေးအမွေးတွေမှာ ပါဝင်ဆင်နွှဲဖို့ပဲဖြစ်ဖြစ်
ကိုယ်တိုင် ပြင်ဆင် ချက်ပြုတ်ထားတဲ့ လက်ရာစစ်စစ်မို့ ပီတိလည်းတိုး ကုသိုလ်လည်းတိုးပဲပေါ့။
⚪️
မြန်မာ့ရိုးရာ အတာသင်္ကြန်ကာလမှာ မပါမဖြစ်ရာသီစာ မုန့်လုံးရေပေါ်
ဟိုးအရင်ကတည်းက သင်္ကြန်ကျပြီဟေ့ ဆို ရေကစားမဏ္ဍပ်တွေနဲ့ ရေတွေပက်၊ မုန့်လုံးရေပေါ်တွေလုံးကျ။ မုန့်လုံးရေပေါ်ထဲငရုတ်သီးတွေထည့် စကြ၊ နောက်ကြ ပျော်စရာအခိုက်အတန့်လေးပေါ့.. အကြီး၊ အငယ်၊ အရွေးမရွေး ပျော်ကြတဲ့ပွဲလေး။
ဒီလိုအချိန်အခါလေးကိုအမှတ်တရအောက်မေ့ကြရင်း မိသားစုတွေ ချစ်ခင်ရတဲ့သူတွေနဲ့ ပျော်ရွှင်စရာအချိန်လေးတွေကိုဖန်တီးကြမယ်။
ဆန်မှုန့်ဝယ်အုံး၊ ကောက်ညှင်းမှုန့်ဝယ်အုံး.. ထန်းလျှက်သွားဝယ်၊ အုန်းသီးခြစ်အုံးနဲ့ ဒီလိုအဆင့်တွေကိုကျော်ဖြတ်ပြီး တင့်တင့်ရဲ့ အသင့်လုပ် မုန့်လုံးရေပေါ်ထုတ် တထုတ်ထဲနဲ့ အဆင်ပြေစေမှာပါ
လိုအပ်တဲ့ပါဝင်ပစ္စည်းအမျိုးအစုံပါပြီးသား၊ အချိုးအဆတွေလည်းကွက်တိ။ ဘာမှထပ်မလိုတော့ပါဘူးနော်.. လုပ်ပုံလုပ်နည်း Instructions နှင့်တကွပေးထားပေးတာမို့ အားလုံးကအဆင်သင့်ပါပဲရှင့်..