New Arrivals

Snacks

Breakfast

Authentic Myanmar Essentials

Mohinga

Dried Fish

Noodles

Laphet

Meat & Fish

Ready to Eat

Side Dishes

Veg

Sauces, Spices &

ပြည်မြို့သူ ကင်ပွန်းချဉ်ရွက်မွှေ (200g) Acacia Leaves

ပြည်မြို့သူ ကင်ပွန်းချဉ်ရွက်မွှေ (200g) Acacia Leaves

£4.99
Our Promise

Free Shipping Above £30

Get 5% Off + Free Gift + Free Shipping Above £50

Fast 2-4 Day Shipping

🌿 အသင့်ချက် ကင်ပွန်းချဉ်ရွက် 🌿

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကင်ပွန်းချဉ်ရွက်ဟင်းတွေချက်မယ်ဆိုရင် 🧑‍🍳

⏰အရွက်ချွေဖို့ အချိန်မကုန်

🦐ကြိုက်နှစ်သက်ရာ သား ငါး ပုစွန်တို့နဲ့ 🥗

အလွယ်တကူချက်လို့ရတဲ့ PMT တံဆိပ် အသင့်ချက်အထုပ်လေးတွေရှိနေပါပြီ။

 

🍛ထမင်းမိန်စေမယ့် 🌿🐟 "ကင်ပွန်းချဥ်+ငါးငပိချက်"🥘😋

ဒီဟင်းလေးချက်ဖို့ ဘာတွေလိုအပ်မလဲ❓
✅ PMT တံဆိပ်အသင့်ချက် ကင်ပွန်းချဥ်ရွက် ၁‌ဗူး
✅ ကြိုက်နှစ်သက်ရာငါး ၃၀ သား🐠🐟
✅ ငါးပိရည်ကျို
✅ ကြက်သွန် နီ(၃) လုံး+ဖြူ(၁)လုံး+ငရုပ်သီးစိမ်း+ပုစွန်‌ခြောက်မှုန့်+နံနံပင်
ဟင်းချက်နည်းကရော👩‍🍳❓
✔ ကြက်သွန် ဖြူ နီ ငရုပ်သီးစိမ်း ပုစွန်ခြောက်မှုန့်တို့ကိုရောထောင်းပါ။
✔ အိုးထဲသို့ ဆီအနည်းငယ်၊ နနွင်းမှုန့်အနည်းငယ်ထည့်ပြီး ကြက်သွန်ထောင်းထားသည်များကို ဆီသပ်ပါ။
✔ အရသာနယ်ထား​သောငါးများကို ဆီသပ်နှစ်ထဲသို့ရောထည့်ပြီးချက်ပေးပါ။
✔ ငါးအသားများကျက်ပြီဆိုရင် ငါးပိရည်ကျို၊ အသင့်ချက် ကင်ပွန်းချဉ်ရွက်မွှေတို့ထည့်ပေးပါ ၁၀မိနစ်ခန့်ချက်ပြီးရင်တော့ ငပိရည်နံ့မွှေးမွှေး အရသာချဉ်ချဉ်စပ်စပ်နဲ့ ထမင်းမိန်စေမယ့် ကင်ပွန်းချဉ်ရွက် ငါးငပိချက် ရပါပြီ။ ချက်စားကြည့်ပါနော်။😋😋