New Arrivals

Snacks

Breakfast

Authentic Myanmar Essentials

Mohinga

Dried Fish

Noodles

Laphet

Meat & Fish

Ready to Eat

Side Dishes

Veg

Sauces, Spices &

မိလေးစံ မုန့်ဟင်းရည် (300g) Mohinga

မိလေးစံ မုန့်ဟင်းရည် (300g) Mohinga

£6.99
Our Promise

Free Shipping Above £30

Get 5% Off + Free Gift + Free Shipping Above £50

Fast 2-4 Day Shipping

💁🏻‍♀️ အိမ်ကို အပေါင်းအသင်းတွေလာလည်တဲ့အခါ ဘာချက်ကျွေးရင်ကောင်းမလဲ စဉ်းစားရခက်နေပြီလား…..ဒါဆိုရင် ဘာမှစဉ်းစားမနေနဲ့ မိလေးစံ မုန့်ဟင်းခါးကိုသာ ချက်ကျွေးလိုက်ပါ….🤗

 

👉🏻 မိလေးစံ မုန့်ဟင်းခါးထုပ်လေး အဆင်သင့် ဝယ်ထားရုံပဲ….

 

✅ အနံ့ရော အရသာရော လတ်ဆတ်မှုရော ပြောစရာမလိုလောက်အောင် အိမ်ချက်အတိုင်းပေးစွမ်းနိုင်တာဖြစ်လို့ လာလည်တဲ့သူတွေ လျာလည်သွားစေမှာ အမှန်ပါနော်။

 

✅ လက်စွမ်းပြလို့လည်းကောင်း ချက်ပြုတ်ရတာလည်း ပေါ့ပေါ့ပါးပါး လွယ်လွယ်ကူကူပဲဆိုတော့ မိလေးစံကို ရွေးချယ်တာ အမှန်ကန်ဆုံးပါပဲနော်။

 

✅ ကျန်းမာရေးနဲ့ ညီညွတ်စေဖို့ ဦးစားပေးလုပ်ထားတာဖြစ်သလို သဘာဝပြည်တွင်းထုတ်ကုန်များဖြင့်သာ ပြုလုပ်ထားတာဖြစ်ပြီး တာရှည်ခံဆေးလည်း မသုံးထားလို့ လူကြီးလူငယ်မရွေး စားသုံးနိုင်မှာပဲ ဖြစ်ပါတယ်နော်။

 

စိတ်တိုင်းကျ ဝယ်ယူနိုင်လို့ အသင့်စား မုန့်ဟင်းခါးဆို မိလေးစံကိုသာ ရွေးချယ်စို့နော် “💕

 

✨ မုန့်ဟင်းခါးက မြန်မာ့ရိုးရာ အစားအစာတစ်မျိုးဖြစ်ပြီး မြန်မာလူမျိုးတော်တော်များများက သဘောကျကြိုက်နှစ်သက်ကြသလို တစ်ခါတစ်ရံ နံနက်စာ နေ့လည်စာ ထမင်းလွတ်စားတတ်ကြပါတယ်။

 

🔶 မိလေးစံက ထုတ်ထားတဲ့ မုန့်ဟင်းခါးလေးတွေကတော့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ မုန့်ဟင်းခါးဆိုတဲ့ အတိုင်း ငါးကတော့ မပါမဖြစ်ပေါ့နော် ငှက်ပျောအူဆိုရင်လည်း မကြိုက်တဲ့သူရှိပေမယ့် နည်းတာကြောင့် ထည့်ထားပေးတာဖြစ်ပြီး အရသာလေးကို ပြစ်တာလေးကြိုက်ရင် အရည်လေးနည်းနည်းနဲ့ စားနိုင်သလို အရည်လေးသောက်ပြီးစားရတာ သဘောကျတဲ့သူတွေ အရည်ရွှဲရွှဲလေးမှ ကြိုက်တဲ့သူတွေအတွက် အရည်လေးများများနဲ့ စားနိုင်ပါတယ်။

 

 

တကယ်ပါ ကျွန်တော်တို့ မိလေးစံ မုန့်ဟင်းခါး ကို ပွဲတွေ မှာရောင်းတော့ customer အသစ်တွေရော အဟောင်းတွေ ပါ အကုန် ရှင်းပြပြီး မုန့်ဟင်းခါးရဲ့ ထူးခြားချက်လေးတွေ ကို အကုန်ပြောပြီး ရောင်းတာ... ထင်သလောက်မရောင်းရဘူးလို့ အမှန်အတိုင်းပဲ ဝန်ခံလိုက်တော့မယ်။...

 

မရောင်းရဘူးဆိုတော့ မုန့်ဟင်းခါး မကောင်းလို့ မရောင်းရ​တာပေါ့ ထင်နေမှာစိုးလို့ တကယ်က မိလေးစံ မုန့်ဟင်းခါးကို စထုတ်တာ ၂၀၁၉ ကတည်းက စထုတ်တာ အခုဆို ရင် သက်တမ်းအားဖြင့် ၆ နှစ်ရှိနေပြီ။

 

မုန့်ဟင်းခါး စထုတ်ကတည်း က တက်ရမဲ့ အစားအသောက် နှင့် ပတ်သတ် တဲ့ သင်တန်းတွေ အကုန်တက် GMP, GHP, HACCP, Food Safety အစရှိ တဲ့ စားသောက်ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တိုင်းသိရမဲ့ အခြေခံ အသိပညာတွေ အကုန် လိုက်လေ့လာပြီး၊ ကုန်ကြမ်းတွေ ဝယ်ရမဲ့နေရာတွေ လိုက်ကြည့်၊ ရ ရင်တောင် ဒီကုန်ကြမ်းက ဘေးဥပါန် ကင်းရဲ့လား ဆိုးဆေး၊ မှိုတွေကင်းရဲ့လား အဲ့အချက်တွေ ကို ကြည့်ပီး အရသာကို စိတ်တိုင်းမကျ မခြင်း ပြင်စရာရှိတာပြင်၊ ပြီး ထုတ်လာတာ အခုဆိုရင် သက်တမ်း ၆ နှစ်လည်း ရှိလာပြီ၊ FDA ရော Halal ရော အကုန် ကိုယ်တိုင်လျောက်ပြီး ကုန်ကြမ်းဝယ်တာက အစ ကုန်ချောထုတ်လုပ်တဲ့ အထိ အစအဆုံး ဘယ်သူအကူအညီ မှ မယူခဲ့ပဲ ထုတ်ခဲ့တယ်၊ FDA စလျောက်တုံးကဆို ရုံးအထိလူကိုယ်တိုင်သွားပြီး စာရွက်စာတမ်းတွေ တင်ရ ပြင်ရ ဓာတ်ပုံရိုက်ရ၊ အစုံအစုံပဲ၊ နောက်ပိုင်း online နဲ့ဆိုလည်း အစအဆုံး ကိုယ်ကပဲ ပြင်ဆင်ပြီး လက်မှတ်ကိုယူထားတာ၊ ကျန်တာတွေ ဆက်ပြောမယ်ဆိုရင် အများအများကြီးရှိသေးတယ်။ အခုလိုမျိုး အသေးစိတ်ပြောပြထားတာက မိလေးစံ စထုတ်ကတည်း က အခုထိကို အရသာ တသတ်မှတ်ထဲ ဖြစ်အောင် စက်ရုံမှာလည်း SOP guideline တွေ နဲ့ checklist တွေနဲ့ QC တွေ ထည့်ပြီး အကုန် တပြေးညီတည်း ဖြစ်အောင် စနစ်တကျသေချာထုတ်ပိုးထားတာ မိလေးစံရဲ့ အမာခံ customerတွေက အသိဆုံး၊ အခုမှ တကယ်ပြောချင်တဲ့ အချက် က လာပြီ။ မိလေးစံရဲ့ အမာခံ customers က ဒီအချက်တွေကို သိပြီးတော့ ကိုယ်တိုင်လည်း သုံးဆောင်တယ်၊ လက်ဆောင်လည်းပြန်ပေးတယ်၊ ဒီတစ်ချက် က မိလေးစံရဲ့ တကယ့် အနှစ်သာရပဲ၊ လက်ဆောင်ပေးတယ်ဆိုတာ၊ ကောင်းမှ ပေးတာလေနော်၊ ကောင်းပေ့ဆိုတဲ့ အရာတွေပဲ လက်ဆောင်ပေးကြတာ၊ အရသာ တစ်ခုတည်းအတွက်နဲ့ ပေးတာမဟုတ်ဘူးနော်၊ သူတို့က ယုံကြည်မှုနဲ့ပါ လက်ဆောင်ထည့်ပေးလိုက်တာ။

 

အဲ့အချက်က မိလေးစံကို ၆နှစ် ကျော်တဲ့ အထိကို ဆက်လက် တိုးတက်စေခဲ့တာပဲ။ ဒါမှန်သော စကားပဲ။

 

မိလေးစံဖုန်း ကို ဆက်ပြီး မှာတဲ့ customerရဲ့ ၉၀% က သူများလက်ဆောင်ပေးလို့ကြိုက်လို့ ပြန်ဝယ်စားတာ ဆိုတဲ့ အဖြေက အကုန် ဒီအတိုင်းဖြေကြတာ။

 

ကောင်းတယ်လို့ နှုတ်ကလည်း ညွှန်၊ လက်ဆောင်လည်း ပေး တဲ့ မိလေးစံ ရဲ့ အမာခံ customers ကြီးတွေကိုလည်း ဒီကနေ အထူးပင်ကျေးဇူးတင်ရှိပါတယ် ခင်ဗျ။

 

နှုတ်၏ ဆောင်မခြင်း ဆိုတဲ့ စကားတစ်ခွန်း က လုပ်ငန်းတစ်ခုကို ဆက်လက်ရှင်သန်တယ် ဆိုတဲ့ အချက်ကြောင့် အခုလို ၆ နှစ်ကျော် ရပ်တည်ခွင့်ရတဲ့အတွက်လည်း မိလေးစံ အမာခံ customer များကို အရိုအသေပေးခွင့်ပြုပါ ခင်ဗျ။

 

🚨 (၁) နှစ်အထားခံတာ တာရှည်ခံဆေးကြောင့်လား? မဟုတ်ပါဘူး!

 

မိသားစုအတွက် ထမင်းဟင်း ချက်တဲ့အခါ၊ အိမ်ရှင်မတိုင်း ကြုံဖူးတဲ့ ပြဿနာတစ်ခုက... "ဟင်းတွေ ဘာကြောင့် သိုးတာလဲ?" ဆိုတာပါပဲ။

🦠 ၁။ အစားအစာ ဘာကြောင့် သိုးတာလဲ? (အဓိကတရားခံ)

ကျွန်တော်တို့ မျက်စိနဲ့ မမြင်နိုင်တဲ့ ပိုးမွှားလေးတွေ (Bacteria, Fungi) ဟာ အခန်းအပူချိန်မှာ အစားအစာထဲက အာဟာရကို စားပြီး လျင်မြန်စွာ ပေါက်ပွားပါတယ်။ ဒီလို ဓာတ်ပြိုကွဲမှုတွေကြောင့် ဟင်းတွေ အနံ့ဆိုးဝင်တာ၊ အချဉ်ပေါက်တာ (သိုးတာ) မျိုး ဖြစ်လာရတာပါ။

🚫 ၂။ တာရှည်ခံဆေး မပါဝင်ဘဲ (၁) နှစ် အထားခံခြင်း၏ လျှို့ဝှက်ချက်

"မိလေးစံ မုန့်ဟင်းခါးအနှစ်ထုပ်" ဟာ တာရှည်ခံဆေး (Preservatives) လုံးဝမပါဝင်ဘဲ အခန်းအပူချိန်မှာပင် တစ်နှစ်အထိ အထားခံပါတယ်။ ဘယ်လို လုပ်ဆောင်ထားသလဲ?

* ♨️ အဆင့်မြင့် ပိုးသတ်နည်းပညာ (Retort / Canning):

* ထုပ်ပိုးပြီးသား အနှစ်များကို အပူချိန် အလွန်မြင့်မားစွာ နှင့် ဖိအားပေးကာ စနစ်တကျ ပိုးသတ်ပါတယ်။

* ဒီနည်းပညာကြောင့် ထုပ်ပိုးမှုထဲမှာ ရှိနိုင်တဲ့ ပိုးမွှားအားလုံးကို လုံးဝ သေစေ ပြီး၊ နောက်ထပ် ပိုးမွှားဝင်ရောက်စရာ မရှိတော့ဘဲ ပုပ်သိုးခြင်းကို ရာနှုန်းပြည့် တားဆီး ပေးပါတယ်။

* 🛡️ Aluminum Pouch ဖြင့် လေလုံအောင် ကာကွယ်ခြင်း:

* မိလေးစံ ထုတ်ပိုးထားတဲ့ Aluminum-Laminated Pouch ဟာ အပြင်က အလင်းရောင်၊ လေ၊ အစိုဓာတ် ဝင်ရောက်မှုကို လုံးဝ (လုံးဝ) ပိတ်ဆို့ထားပါတယ်။

* ဒါကြောင့် အထဲမှာ သန့်စင်ပြီးသား အနှစ်ဟာ အပြင်က ပိုးမွှားအသစ်တွေ မဝင်ရောက်နိုင်တော့တာမို့ တာရှည်ခံသွားတာပဲ ဖြစ်ပါတယ်။

✅ ၃။ ကမ္ဘာ့အဆင့်မီ ဘေးကင်းလုံခြုံမှု အာမခံ

ကျွန်တော်တို့ဟာ ဘေးကင်းလုံခြုံမှုအတွက် စကားနဲ့ချည်း ပြောနေတာ မဟုတ်ပါဘူး။ အတိအကျ စစ်ဆေးထားပါတယ်။

* ❌ Heavy Metal နှင့် ပိုးမွှားကင်းစင်မှု စစ်ဆေးချက်များ: လူကို ဘေးဥပဒ်ဖြစ်စေမည့် အန္တရာယ်ရှိ သတ္တုဓာတ်များ (Heavy Metals) နှင့် ပိုးမွှားများ လုံးဝ ကင်းစင်ကြောင်း ဓာတ်ခွဲစစ်ဆေးချက်များစွာဖြင့် အတည်ပြုပြီးသားပါ။

* 🇲🇲 မြန်မာ FDA ထောက်ခံချက်: နိုင်ငံတော်၏ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ တရားဝင် ထောက်ခံချက် ရရှိထားပြီးသား ဖြစ်ပါသည်။

* 🇯🇵 ဂျပန် FDA အသိအမှတ်ပြုခြင်း: မြန်မာ FDA သာမက အရည်အသွေး ထိန်းချုပ်မှု အလွန်တင်းကျပ်သော ဂျပန်နိုင်ငံ FDA ၏ တရားဝင် အသိအမှတ်ပြုချက်ကိုပါ ရရှိပြီးဖြစ်ပါသည်။

မိလေးစံ မုန့်ဟင်းခါးအနှစ်ထုပ် ဟာ တာရှည်ခံဆေးမပါဘဲ၊ အဆင့်မြင့်နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့အတွက် အရသာရော၊ ဘေးကင်းလုံခြုံမှုပါ စိတ်ချလက်ချ ယုံကြည်နိုင်ပြီ ဖြစ်ပါတယ်။

"ဒီလောက် စိတ်ချရပြီဆိုတော့ ငါတို့ အဝေးရောက်သူငယ်ချင်းကို လက်ဆောင်ပို့ရအောင်!" လို့ ပြောပြီး၊ မိလေးစံ ကို ယုံကြည်စွာ ရွေးချယ်သူတွေကို Tag လိုက်ပါ! 👇