New Arrivals

Snacks

Breakfast

Authentic Myanmar Essentials

Mohinga

Dried Fish

Noodles

Laphet

Meat & Fish

Ready to Eat

Side Dishes

Veg

Sauces, Spices &

ရီမွန် လက်ဖက်အမျိုးမျိုး (320g) Pickled Tea Leaves

ရီမွန် လက်ဖက်အမျိုးမျိုး (320g) Pickled Tea Leaves

£8.99
Options
Our Promise

Free Shipping Above £30

Get 5% Off + Free Gift + Free Shipping Above £50

Fast 2-4 Day Shipping

ရီမွန်ရဲ့ လက်ဖက်နှပ် ၃မျိုးကိုစားဖူးပြီးကြပြီလား🤩

 

🌱 အချိုနှပ်လေးကတော့ ဇယန်းအညွန့်လေးတွေကို ဆိမ့်သက်သက်အရသာလေးနှပ်ထားပြီး ပဲဆီစစ်စစ်အနံ့လေးမွှေးနေတာမို့ လုံးဝအကြိုက်တွေ့စေမှာနော်😋

 

🌱 ဇယန်းအညွန့်လေးလဲစားချင်တယ် အစပ်လေးလဲကြိုက်တယ်ဆိုရင်တော့ ငရုတ်သီးပါတဲ့အညွန့်ချဉ်စပ်နှပ်လေးကိုရွေးနော်🌶

 

🌱 ရှူးရှူးရှဲရှဲ ကြိုက်သူတွေအတွက်ကတော့ ချဉ်စပ်ရှူးရှဲနှပ်လေးပေါ့🌶🌶

 

ထမင်းဆီဆမ်းလေးကို လက်ဖက်ညွန့်နှပ် စပ်စပ်လေးမြုံ့ရင်း စားမလား

 

ထမင်းဖြူကို လက်ဖက်ချဥ်စပ်ထောင်းလေးနဲ့ နယ်စားမလား

 

ရီမွန်က လက်ဖက်ချဥ်စပ်နဲ့ထမင်းစားရင်း ရေနွေးကြမ်းပူပူလေးမှုတ်သောက်လိုက်မယ်ဆိုရင် ထမင်းမြိန်စေမှာ အသေအချာပါပဲ 😋

 

✅FDAထောက်ခံချက်ရ ပဲဆီသန့်ကိုအသုံးပြုထားလို့ လူမျိုးဘာသာမရွေးစားသုံးနိုင်ပါသည်။

"ရီမွန်လက်ဖက်" သည် မြန်မာတို့အကြိုက် လက်ဖက် ကို ၁၉၉၄ ခုနှစ်ကတည်းက ဈေးကွက်ထဲတွင် ဖြန့်ချိလာခဲ့သည်မှာ ယနေ့အချိန်တွင် နှစ်ပေါင်း (၃၀) နီးပါးရှိခဲ့ပါပြီ

ရှေးယခင်မှသည် ယနေ့အချိန်အထိ၊ ယနေ့အချိန်မှသည် နောင်ရတုအဆက်ဆက်ထိ လက်ဖက်ကောင်းကောင်း စားချင်သူတို့အတွက် ရီမွန်လက်ဖက်က အကောင်းဆုံး အရည်အသွေးနှင့် စားသောက်ကုန်များကို ထုတ်လုပ်ဖြန့်ချိသွားပါဦးမည်  🙏

💁‍♀️ လက်ဖက်မှာဆို အညွန့်လေးတွေချည်းရွေးကောက်ထားတဲ့ လက်ကောက်ညွန့်

 

💁‍♀️ပဲမှာဆိုရင်လဲ အကောင်းဆုံး ထိပ်စ Quality တွေနဲ့

 

💁‍♀️ FDA အသိအမှတ်ပြု ပဲဆီစစ်စစ်တွေကိုသာ ရွေးချယ်အသုံးပြုထားတယ်

 

သန့်စင်မှုကစလို့ ထုပ်ပိုးမှုအဆုံး ပြုလုပ်ပုံအဆင့်ဆင့်အတွက်လည်း

အဆင့်မီစက်ကြီးများကိုသာ အသုံးပြုထုတ်လုပ်ထားတာကြောင့်

 

သန့်ရှင်းလတ်ဆတ်မှုအတွက် စိတ်ချရတဲ့ အကောင်းဆုံးအရသာနဲ့

ရီမွန် လက်ဖက်၊ ပဲနှစ်ပြန်ကြော်တွေကို

လူမျိုးဘာသာမရွေး ယုံကြည်စွာ စားသုံးနိုင်ပါတယ်ရှင် 💯

 

ရီမွန်က နတ်သစ်ရွက် “လက်ဖက်” ကို

 

🌱 မြန်မာလူမျိုးတို့ရဲ့ ခံတွင်းနဲ့ကိုက်ညီတဲ့ အရသာနဲ့

🌱 ကျန်းမာရေးနဲ့ ညီညွတ်မှုရှိပြီး လတ်ဆတ်သန့်ရှင်းစွာ သုံးဆောင်နိုင်အောင်

🌱 အဆင့်မီကုန်ကြမ်းများနဲ့ ခေတ်မီစက်ကြီးများကို အသုံးပြုကာ စနစ်တကျထုတ်လုပ်ဖြန့်ချိပေးလျက်ရှိပါတယ်

 

လက်ဖက်ကို အထူးနှစ်ခြိုက်သူများအတွက် အရသာနဲ့ ပြည့်စုံပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့လက်ဖက်ကိုစားသုံးချင်ရင် “ရီမွန်” လက်ဖက်ကိုသာ ရွေးချယ်လိုက်ပါရှင် ✅