New Arrivals

Snacks

Breakfast

Authentic Myanmar Essentials

Mohinga

Dried Fish

Noodles

Laphet

Meat & Fish

Ready to Eat

Side Dishes

Veg

Sauces, Spices &

လုံမ ငါးရွှေကျပ်တိုက် ရခိုင်မုန့်တီ (100g) Rakhine Mont Ti

လုံမ ငါးရွှေကျပ်တိုက် ရခိုင်မုန့်တီ (100g) Rakhine Mont Ti

£5.50
Our Promise

Free Shipping Above £30

Get 5% Off + Free Gift + Free Shipping Above £50

Fast 2-4 Day Shipping

မင်္ဂလာနံနက်ခင်းပါ ရှင် 🙏

 

"လုံမ"နဲ့သာဆို ရေနွေးဆူတာနဲ့ ရနံ့မွှေးကြိုင်နေတဲ့ Premium ငါးရွှေကျပ်တိုက်ရခိုင်မုန့်တီကို အချိန်မကုန် အလုပ်မရှုပ် ပိုက်ဆံအများကြီးအကုန်အကျခံစရာမလိုဘဲ (၁၀)မိနစ်အတွင်း အသင့်သုံးဆောင်လို့ရပါပြီ။ ဘယ်လိုGreatဆိုတဲ့ပါဝင်ပစ္စည်းတွေချည်း အသုံးပြုထားမလဲဆိုတာ ဆက်ဖတ်ကြည့်ပေးပါဦး။

 

ဟင်းရည်ခြောက်ထုပ်အထဲမှာဘာတွေပါလဲဆိုရင်

 

🔸စျေးအင်မတန်ကြီးလှပါပေ့ဆိုတဲ့ မွှေးကြိုင်လတ်ဆတ်နေတဲ့ ငါးရွှေကျပ်တိုက်အသားအတုံးလိုက်များ (ကိုယ့်အိမ်မှာကိုယ်ချက်စားရင်တောင် ဝယ်ဖို့မလွယ်ကူတဲ့အရာပါ။)

 

🔸နေကြာဆီသီးသန့်နဲ့ကြော်ပြီး ပြန်လည်အခြောက်ခံထားတဲ့ ငါးဖယ်ကြော်ခြောက်တွေ

 

🔸စျေးအမြောက်တကာ့အမြောက်ဆုံးသော အကောင်းစားငါးပိများ (ဒါကလည်းအဓိကအသက်)

 

🔸စျေးအရမ်းထိုးတက်နေတဲ့ ကြက်သွန်ဖြူနိုင်းချင်း

 

🔸လတ်ဆတ်မွှေးကြိုင်တဲ့ ပဒဲကောခြောက်တွေ

 

🔸မွှန်ထွန်နေတဲ့ ငရုတ်ကောင်းမှုန့် စသည်တို့စုံလင်နေအောင် ပေါင်းစပ်ပါဝင်တာမို့ လတ်ဆတ်တဲ့ပါဝင်ပစ္စည်းတွေရဲ့ မွှေးရနံ့က ဘယ်လောက်ထိ ထူးခြားနေမလဲဆိုတာ ခံစားကြည့်ရင်သိရပါလိမ့်မယ်။

 

ဒါတင်ပဲလားဆိုတော့လည်း မပြီးသေးပါဘူး။

 

ပြီးပြည့်စုံစွာ တွဲဖက်သုံးဆောင်နိုင်စေဖို့ စေတနာဗလပွနဲ့

 

🔸နေကြာဆီသီးသန့်နဲ့ကြော်ထားတဲ့ ကြက်သွန်ဖြူကြော်

 

🔸မန်ကျည်းသီးမှည့်

 

🔸လက်ဝင်တဲ့ ကိုယ်တိုင်လှော် ငရုတ်သီးစိမ်းလှော် မွှန်မွှန်မွှေးမွှေး

 

🔸ပန်းရောင်ကျောက်ဆား အစရှိတာတွေကိုလည်း Packagingစျေး အသားးးးးကုန်ထိုးတက်နေတဲ့ကြားက သီးသန့်ဇစ်ပိတ်အိတ်တွေနဲ့ သပ်ရပ်စွာထည့်ပေးထားသေးလို့ ထုတ်ကုန်ကိုဖောက်လိုက်တာနဲ့ စေတနာတွေကို ခံစားကြရမှာဖြစ်ပါကြောင်းနဲ့ စျေးကလည်း တကယ်ကိုတန်နေအောင်ရောင်းပေးထားကြောင်းကို အာမခံပါတယ်။ Packagingစျေးတွေဆို secondနဲ့အမျှတက်နေပြီး ပါဝင်ပစ္စည်းတွေရဲ့စျေးက မနက်နဲ့ညနေမတူ ဒီနေ့နဲ့မနက်ဖြန်မတူ။🤡

 

🔸ဟင်းရည်ခြောက်ထုပ်ထဲမှာ စျေးကွက်ထဲစျေးအမြင့်ဆုံး သူ့ထက်မြင့်တယ်ဆိုတာမရှိတဲ့ ငါးပိရယ် ပုံထဲကလိုငါးရွှေကျပ်တိုက်အသားအတုံးလိုက်တွေရယ်(အမှုန့်မဟုတ်ပါ။) ငါးဖယ်ကြော်တွေရယ် ငရုတ်ကောင်းသင့်ရုံ/ ပတဲကောသင့်ရုံ အကုန်အချိုးကျပါဝင်ပြီးသားမို့ ဘာဆိုဘာမှထပ်ပြင်ဆင်နေစရာမလိုစေပါဘူး။ ဒါတင်မကသေးဘဲ

🔸အချဥ်အတွက်ဆို စျေးကြီးလှတဲ့ သံပုရာသီးအစစ်မှုန့်

🔸အငန်အတွက်ဆို စျေးမြင့် ပန်းရောင်ကျောက်ဆား

🔸အစပ်အတွက်ဆို ဗိုက်လုံးဝမနာစေရန် ကိုယ်တိုင်ကြိတ်လှော်သော မွှန်ထွန်နေတဲ့ငရုတ်သီးစိမ်းလှော်စပ်စပ်

🔸ဆီချက်အတွက်က ကိုယ်တိုင်နေကြာဆီသီးသန့်နဲ့သာကြော်တဲ့ ကြက်သွန်ဖြူကြော်မွှေးမွှေး

အစရှိတာတွေကို သီးသန့်ဇစ်ပိတ်အိတ်ကိုယ်စီနဲ့ထည့်သွင်းပေးထားလို့ စားမကုန်ရင်လည်း ပြန်ပိတ်ထားလို့ရတာကြောင့် အင်မတန်အဆင်ပြေစေမဲ့အပြင် ပါဝင်ပစ္စည်းအားလုံးကို ကျစ်ကျစ်လျစ်လျစ် ခြောက်သွေ့နေအောင်ထုတ်ပိုးထားတာကြောင့် နေရာမယူ/weightလည်းမတက် Compactဖြစ်လို့ နိုင်ငံရပ်ခြားနေသူတွေအကြိုက်အတွေ့ကြဆုံး Itemပါ။ တစ်ထုပ်ကို (၁၀၀)ဂရမ်ပဲရှိပါတယ်။

💰အပေါ်မှာပြောထားသလို အားလုံးပါဝင်ပြီး မုန့်ဖတ်၅၀သားစာ ဝဝလင်လင်သုံးဆောင်နိုင်တဲ့တစ်ထုပ်ပါရှင်