New Arrivals

Snacks

Breakfast

Authentic Myanmar Essentials

Mohinga

Dried Fish

Noodles

Laphet

Meat & Fish

Ready to Eat

Side Dishes

Veg

Sauces, Spices &

Best ပဲမြစ်အုန်းနို့ဆမ်း (400g)

Best ပဲမြစ်အုန်းနို့ဆမ်း (400g)

£8.99
Our Promise

Free Shipping Above £30

Get 5% Off + Free Gift + Free Shipping Above £50

Fast 2-4 Day Shipping

မင်တို့မြန်မာလူမျိုးတွေရဲ့ ဆယ့်နှစ်လရာသီမှာ တစ်လတစ်ခါမတူတဲ့ပန်းလေးတွေပွင့်ကြသလိုပဲ အစားအသောက်လေးဆိုလည်း သူ့ရာသီနဲ့သူရှိတယ်ပေါ့နော် ခုမင်ပြောပြမယ့် အမယ်လေးကတော့ ပဲမြစ်အုန်းနို့ဆမ်းလေးပေါ့နော် ခုရာသီက ပဲမြစ်တွေလှိုင်လှိုင်ပေါတဲ့ရာသီဆိုလည်း မမှားဘူး‌ေလနော် ရာသီစာပဲမြစ်လေး‌ဆိမ့်ဆိမ့်ကို အုန်းနို့လေးဆမ်းပြီး စားရတဲ့အရသာက ဘာနဲ့မှ လဲလို့မရဘူး
အုန်းနို့အရသာ ချိုဆိမ့်လေးကို ပဲမြစ်ဆိမ့်ဆိမ့်လေးနဲ့ထပ်ပေါင်းလိုက်တော့ အရသာက ရှယ်မှရှယ် အချိုပွဲကောင်းကောင်းစားချင်တဲ့သူတွေအတွက်တော့ BEST ရဲ့ ပဲမြစ်အုန်းနို့ဆမ်းက ဆောင်ကိုဆောင်ထားမှ ဖြစ်မှာလေးပါ

ပဲမြစ်နဲ့ အုန်းနို့စစ်စစ်တို့ကို အချိုးကျအောင် ပေါင်းစပ်ထုတ်လုပ်ထားပြီးကျန်းမာရေးနဲ့ညီညွှတ်တဲ့ BEST ရဲ့ မြန်မာရိုးရာအချိုပွဲလေးပါရှင့်🤤

အစာလည်းဆေး ဆေးလည်းအစာဆိုတဲ့
ဆိုရိုးစကားလေးကို ကာကာတို့ ကြားဖူးကြမှာပါ

မင်တို့ တော်တော်များများ သတိမထားမိကြတဲ့ အစားအစာလေးတွေက မင်မင်တို့ရဲ့ ကျန်းမာရေးကို အများကြီး ပိုကောင်းနေစေတတ်ပါတယ်။

မင်မင်တို့မြန်မာပြည် ဒေသအနှံ့အပြားက ထွက်တဲ့
ဒေသထွက် ရာသီစာ လေးတွေထဲမှာ ဆေးဖက်ဝင်ပြီး
ကျန်းမာရေးကို များစွာအထောက်အကူ ဖြစ်စေတဲ့
အမယ်လေးတွေရှိပါတယ်။
ဆေးဖက်ဝင်လည်း အရသာရှိမှ ကြိုက်ပါတယ် ဆိုတဲ့ ကာကာလေးတွေအတွက် ဆေးဖက်လည်းဝင် စားလို့လည်းကောင်းတဲ့ အမယ်လေးကို မင်မင်ပြောပြမယ်နော် ....
ဆီးချို ကိုလျှော့ကျစေပြီး ကယ်လ်စီယမ် ပါဝင်မှုအားကောင်းတဲ့ ပဲမြစ် ကို အရသာတွေ့စေမယ့် အီဆိမ့်မွှေးနေတဲ့ အုန်းနို့လေးဆမ်း
ထားတဲ့ BEST ရဲ့ ပဲမြစ် အုန်းနို့ဆမ်းလေးပါ