New Arrivals

Snacks

Breakfast

Authentic Myanmar Essentials

Mohinga

Dried Fish

Noodles

Laphet

Meat & Fish

Ready to Eat

Side Dishes

Veg

Sauces, Spices &

ဒေါ်သျှမ်း ရှမ်းခေါက်ဆွဲ (125g) Shan Noodles

ဒေါ်သျှမ်း ရှမ်းခေါက်ဆွဲ (125g) Shan Noodles

£2.50
Our Promise

Free Shipping Above £30

Get 5% Off + Free Gift + Free Shipping Above £50

Fast 2-4 Day Shipping

သက်သတ်လွတ် ရှမ်းခေါက်ဆွဲ ပြုလုပ်နည်း

ပြင်ဆင်ရန်

ပါဝင်သော ပစ္စည်းများမှာ ဆန်ခေါက်ဆွဲ (Kway Teow)၊ ပဲငါးပိ (Chilli bean sauce)၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ပဲပြားနှင့် ကြက်သွန်ဖြူဆီတို့ ဖြစ်သည်။

ကြက်သွန်ဖြူဆီ လုပ်ရန် ဆီပူတွင် ကြက်သွန်ဖြူ လှီးပြီးသား များကို ထည့်ကြော်၍ ကြက်သွန်ဖြူဆီချက်လုပ်ပါ။ ကြက်သွန်ဖြူ ရွှေဝါရောင် သန်းလာလျှင် မီးဖိုမှ ချပြီး ဆီထဲသို့ ငရုတ်ကောင်းမှုန့် (Black Pepper) အနည်းငယ်ထည့်ထားပါ။

ခေါက်ဆွဲ အနှစ်ချက်နည်း

ပြင်ဆင်ရန်

ဆီပူလာလျှင် လှီးထားသော ကြက်သွန်နီကို ကြော်ပါ။ ကြက်သွန် နွမ်းသွားလျှင် ခရမ်းချဉ်သီး ထည့်ကြော်ပါ။ ပဲငါးပိ စတီးဇွန်း ၂ဇွန်းခန့်၊ ဆား၊ အချိုမှုန့်ထည့်ပြီး ရေအနည်းငယ် ရော၍ ခဏအဖုံးအုပ်ထားပါ။ ခရမ်းချဉ်သီး ကြေသွားလျှင် လှီးထားသော ပဲပြား အတုံးလေးများကို ရောလိုက်ပါ။ ဆီပြန်လာလျှင် ရသည်။

ခေါက်ဆွဲ ပြင်နည်း

ပြင်ဆင်ရန်

ခေါက်ဆွဲ ကို တစ်ပွဲစာ ထည့်ပါ။ ဆား၊ အချိုမှုန့်၊ ပဲငံပြာရည် (ကြာညို့) အနည်းငယ် ထည့်ပါ။ ကြက်သွန်ဖြူဆီ ထည့်ပါ။ ခေါက်ဆွဲအနှစ် ထည့်ပါ။ နောက်ဆုံးတွင် ထောင်းထားသော မြေပဲဆံ ဖြူးပြီး နယ်စားနိုင်သည်။ မုန်ညင်းချဉ် ထည့်၍ စားသုံးနိုင်ပေသည်။