New Arrivals

Snacks

Breakfast

Mohinga

Noodles

Laphet

Meat & Fish

Ready to Eat

Side Dishes

Veg

Sauces & Spices

မိလေးစံ မုန့်ဟင်းရည် (300g) Mohinga

မိလေးစံ မုန့်ဟင်းရည် (300g) Mohinga

ÂŁ5.99
Our Promise

Free Shipping Above ÂŁ30

Get 5% Off + Free Shipping Above ÂŁ50

Fast 2-3 Day Shipping

💁🏻‍♀️ အိမ်ကို အပေါင်းအသင်းတွေလာလည်တဲ့အခါ ဘာချက်ကျွေးရင်ကောင်းမလဲ စဉ်းစားရခက်နေပြီလား…..ဒါဆိုရင် ဘာမှစဉ်းစားမနေနဲ့ မိလေးစံ မုန့်ဟင်းခါးကိုသာ ချက်ကျွေးလိုက်ပါ….🤗

 

👉🏻 မိလေးစံ မုန့်ဟင်းခါးထုပ်လေး အဆင်သင့် ဝယ်ထားရုံပဲ….

 

✅ အနံ့ရော အရသာရော လတ်ဆတ်မှုရော ပြောစရာမလိုလောက်အောင် အိမ်ချက်အတိုင်းပေးစွမ်းနိုင်တာဖြစ်လို့ လာလည်တဲ့သူတွေ လျာလည်သွားစေမှာ အမှန်ပါနော်။

 

✅ လက်စွမ်းပြလို့လည်းကောင်း ချက်ပြုတ်ရတာလည်း ပေါ့ပေါ့ပါးပါး လွယ်လွယ်ကူကူပဲဆိုတော့ မိလေးစံကို ရွေးချယ်တာ အမှန်ကန်ဆုံးပါပဲနော်။

 

✅ ကျန်းမာရေးနဲ့ ညီညွတ်စေဖို့ ဦးစားပေးလုပ်ထားတာဖြစ်သလို သဘာဝပြည်တွင်းထုတ်ကုန်များဖြင့်သာ ပြုလုပ်ထားတာဖြစ်ပြီး တာရှည်ခံဆေးလည်း မသုံးထားလို့ လူကြီးလူငယ်မရွေး စားသုံးနိုင်မှာပဲ ဖြစ်ပါတယ်နော်။

 

စိတ်တိုင်းကျ ဝယ်ယူနိုင်လို့ အသင့်စား မုန့်ဟင်းခါးဆို မိလေးစံကိုသာ ရွေးချယ်စို့နော် “💕

 

✨ မုန့်ဟင်းခါးက မြန်မာ့ရိုးရာ အစားအစာတစ်မျိုးဖြစ်ပြီး မြန်မာလူမျိုးတော်တော်များများက သဘောကျကြိုက်နှစ်သက်ကြသလို တစ်ခါတစ်ရံ နံနက်စာ နေ့လည်စာ ထမင်းလွတ်စားတတ်ကြပါတယ်။

 

🔶 မိလေးစံက ထုတ်ထားတဲ့ မုန့်ဟင်းခါးလေးတွေကတော့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ မုန့်ဟင်းခါးဆိုတဲ့ အတိုင်း ငါးကတော့ မပါမဖြစ်ပေါ့နော် ငှက်ပျောအူဆိုရင်လည်း မကြိုက်တဲ့သူရှိပေမယ့် နည်းတာကြောင့် ထည့်ထားပေးတာဖြစ်ပြီး အရသာလေးကို ပြစ်တာလေးကြိုက်ရင် အရည်လေးနည်းနည်းနဲ့ စားနိုင်သလို အရည်လေးသောက်ပြီးစားရတာ သဘောကျတဲ့သူတွေ အရည်ရွှဲရွှဲလေးမှ ကြိုက်တဲ့သူတွေအတွက် အရည်လေးများများနဲ့ စားနိုင်ပါတယ်။

 

 

တကယ်ပါ ကျွန်တော်တို့ မိလေးစံ မုန့်ဟင်းခါး ကို ပွဲတွေ မှာရောင်းတော့ customer အသစ်တွေရော အဟောင်းတွေ ပါ အကုန် ရှင်းပြပြီး မုန့်ဟင်းခါးရဲ့ ထူးခြားချက်လေးတွေ ကို အကုန်ပြောပြီး ရောင်းတာ... ထင်သလောက်မရောင်းရဘူးလို့ အမှန်အတိုင်းပဲ ဝန်ခံလိုက်တော့မယ်။...

 

မရောင်းရဘူးဆိုတော့ မုန့်ဟင်းခါး မကောင်းလို့ မရောင်းရ​တာပေါ့ ထင်နေမှာစိုးလို့ တကယ်က မိလေးစံ မုန့်ဟင်းခါးကို စထုတ်တာ ၂၀၁၉ ကတည်းက စထုတ်တာ အခုဆို ရင် သက်တမ်းအားဖြင့် ၆ နှစ်ရှိနေပြီ။

 

မုန့်ဟင်းခါး စထုတ်ကတည်း က တက်ရမဲ့ အစားအသောက် နှင့် ပတ်သတ် တဲ့ သင်တန်းတွေ အကုန်တက် GMP, GHP, HACCP, Food Safety အစရှိ တဲ့ စားသောက်ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တိုင်းသိရမဲ့ အခြေခံ အသိပညာတွေ အကုန် လိုက်လေ့လာပြီး၊ ကုန်ကြမ်းတွေ ဝယ်ရမဲ့နေရာတွေ လိုက်ကြည့်၊ ရ ရင်တောင် ဒီကုန်ကြမ်းက ဘေးဥပါန် ကင်းရဲ့လား ဆိုးဆေး၊ မှိုတွေကင်းရဲ့လား အဲ့အချက်တွေ ကို ကြည့်ပီး အရသာကို စိတ်တိုင်းမကျ မခြင်း ပြင်စရာရှိတာပြင်၊ ပြီး ထုတ်လာတာ အခုဆိုရင် သက်တမ်း ၆ နှစ်လည်း ရှိလာပြီ၊ FDA ရော Halal ရော အကုန် ကိုယ်တိုင်လျောက်ပြီး ကုန်ကြမ်းဝယ်တာက အစ ကုန်ချောထုတ်လုပ်တဲ့ အထိ အစအဆုံး ဘယ်သူအကူအညီ မှ မယူခဲ့ပဲ ထုတ်ခဲ့တယ်၊ FDA စလျောက်တုံးကဆို ရုံးအထိလူကိုယ်တိုင်သွားပြီး စာရွက်စာတမ်းတွေ တင်ရ ပြင်ရ ဓာတ်ပုံရိုက်ရ၊ အစုံအစုံပဲ၊ နောက်ပိုင်း online နဲ့ဆိုလည်း အစအဆုံး ကိုယ်ကပဲ ပြင်ဆင်ပြီး လက်မှတ်ကိုယူထားတာ၊ ကျန်တာတွေ ဆက်ပြောမယ်ဆိုရင် အများအများကြီးရှိသေးတယ်။ အခုလိုမျိုး အသေးစိတ်ပြောပြထားတာက မိလေးစံ စထုတ်ကတည်း က အခုထိကို အရသာ တသတ်မှတ်ထဲ ဖြစ်အောင် စက်ရုံမှာလည်း SOP guideline တွေ နဲ့ checklist တွေနဲ့ QC တွေ ထည့်ပြီး အကုန် တပြေးညီတည်း ဖြစ်အောင် စနစ်တကျသေချာထုတ်ပိုးထားတာ မိလေးစံရဲ့ အမာခံ customerတွေက အသိဆုံး၊ အခုမှ တကယ်ပြောချင်တဲ့ အချက် က လာပြီ။ မိလေးစံရဲ့ အမာခံ customers က ဒီအချက်တွေကို သိပြီးတော့ ကိုယ်တိုင်လည်း သုံးဆောင်တယ်၊ လက်ဆောင်လည်းပြန်ပေးတယ်၊ ဒီတစ်ချက် က မိလေးစံရဲ့ တကယ့် အနှစ်သာရပဲ၊ လက်ဆောင်ပေးတယ်ဆိုတာ၊ ကောင်းမှ ပေးတာလေနော်၊ ကောင်းပေ့ဆိုတဲ့ အရာတွေပဲ လက်ဆောင်ပေးကြတာ၊ အရသာ တစ်ခုတည်းအတွက်နဲ့ ပေးတာမဟုတ်ဘူးနော်၊ သူတို့က ယုံကြည်မှုနဲ့ပါ လက်ဆောင်ထည့်ပေးလိုက်တာ။

 

အဲ့အချက်က မိလေးစံကို ၆နှစ် ကျော်တဲ့ အထိကို ဆက်လက် တိုးတက်စေခဲ့တာပဲ။ ဒါမှန်သော စကားပဲ။

 

မိလေးစံဖုန်း ကို ဆက်ပြီး မှာတဲ့ customerရဲ့ ၉၀% က သူများလက်ဆောင်ပေးလို့ကြိုက်လို့ ပြန်ဝယ်စားတာ ဆိုတဲ့ အဖြေက အကုန် ဒီအတိုင်းဖြေကြတာ။

 

ကောင်းတယ်လို့ နှုတ်ကလည်း ညွှန်၊ လက်ဆောင်လည်း ပေး တဲ့ မိလေးစံ ရဲ့ အမာခံ customers ကြီးတွေကိုလည်း ဒီကနေ အထူးပင်ကျေးဇူးတင်ရှိပါတယ် ခင်ဗျ။

 

နှုတ်၏ ဆောင်မခြင်း ဆိုတဲ့ စကားတစ်ခွန်း က လုပ်ငန်းတစ်ခုကို ဆက်လက်ရှင်သန်တယ် ဆိုတဲ့ အချက်ကြောင့် အခုလို ၆ နှစ်ကျော် ရပ်တည်ခွင့်ရတဲ့အတွက်လည်း မိလေးစံ အမာခံ customer များကို အရိုအသေပေးခွင့်ပြုပါ ခင်ဗျ။