New Arrivals

Snacks

Breakfast

Authentic Myanmar Essentials

Mohinga

Dried Fish

Noodles

Laphet

Meat & Fish

Ready to Eat

Side Dishes

Veg

Sauces, Spices &

H&H မန္တလေးမြီးရှည်ပဲငပိ (460g) Mandalay Bean Paste

H&H မန္တလေးမြီးရှည်ပဲငပိ (460g) Mandalay Bean Paste

£13.50
Our Promise

Free Shipping Above £30

Get 5% Off + Free Gift + Free Shipping Above £50

Fast 2-4 Day Shipping

 

မန္တလေးအရသာစစ်စစ် မန္တလေးမြီးရှည်ကို အိမ်မှာအလွယ်ကူချက်စားကြမယ်

မန္တလေးမှာ အစားကောင်းအသောက်ကောင်း ပေါတာနဲ့အတူ မန္တလေးမြီးရှည်လို့ ဆိုလိုက်ရင်လည်း မသိတဲ့လူမရှိသလောက်ရှားပါတယ်။ မန္တလေးမြီးရှည်ကို မန္တလေးသူ/သားအပြင် မြန်မာတစ်နိုင်ငံလုံးကလည်း ကြိုက်ကြပြီး အထင်ကရ မြန်မာ့အစားအစာတွေထဲမှာလည်း ပါဝင်ပါတယ်။

အက်မင်ကိုယ်တိုင်လည်းအရမ်းကြိုက်တဲ့ မန္တလေးမြီးရှည် လုပ်နည်းကို တင်ပေးချင်နေတာကြာပြီ…

ဒါပေမဲ့ မန္တလေးလက်ရာ စစ်စစ်လုပ်နည်းအတိုင်း တင်ပေးချင်လို့ ရှာဖွေလေ့လာနေတာနဲ့ နည်းနည်းကြာသွားတယ်…

 

မန္တလေးမြီးရှည်ချက်တဲ့အခါ အထူးသတိထားရမှာက ဝက်ပြုတ်ရည်၊ ကော်ရည်၊ ပဲငပိအချိုပါ…

 

ဝက်ပြုတ်ရည်ကို အရသာပိုထူးအောင် မြေအိုးနဲ့ ပြုတ်ပါတယ်။ အသားနဲ့အခေါက်ကို မြီးရှည်ထဲထည့်ပြီး အရည်ကတော့ ဟင်းရည်အဖြစ် ပြန်သုံးပါတယ်။

 

ကော်ရည်ကို အရမ်းအမာကြီး မဖြစ်အောင် သတိထားချက်ပေးရမယ်။

 

နောက်တစ်ခု ပြောချင်တာကတော့ ပဲငပိအချို မြီးရှည်ရဲ့ အပေါ့အငံနှင့် အရသာကို ပေါ်လွင်စေတဲ့နေရာမှာ ပဲငပိက အရမ်းအရေးကြီးပါတယ်။ ပဲငပိကို အနှစ်ကြီးမဟုတ်ပဲ ပဲပုပ်စေ့ပါတဲ့ ပဲငပိသုံးရင် ပိုကောင်းပါတယ်။

 

မြီးရှည်မှာ ထည့်စားတဲ့ ဝက်ဆီဖတ်ကြော်က ပျော့ပျော့ကြီးမဟုတ်ပဲ ခြောက်ခြောက်လေးနဲ့ဆို မြီးရှည်အရသာ ပိုပေါ်စေပါတယ်။ အကောင်းဆုံးဝက်ဆီဖတ်ကြော်ရချင်ရင်တော့ ဝက်ရဲ့ပါးသားနဲ့ ကြော်ပါ။

 

စားခါနီး အရသာပိုကောင်းအောင် မြီးရှည်ကို ဝက်ပြုတ်ရည်နဲ့ ပြန်ဖျော်ပေးပါ (အက်မင်က မြီးရှည်အခြောက် သုံးလို့ပါ) အစိုသုံးတယ်ဆိုရင် တစ်ခါပဲ ဖျော်ရင် ရပါတယ်။