New Arrivals

Snacks

Breakfast

Authentic Myanmar Essentials

Mohinga

Dried Fish

Noodles

Laphet

Meat & Fish

Ready to Eat

Side Dishes

Veg

Sauces, Spices &

မွှေး ဂျုံရွှေကြည်မှုန့် (150g) Semolina Powder

မွှေး ဂျုံရွှေကြည်မှုန့် (150g) Semolina Powder

£2.99
Our Promise

Free Shipping Above £30

Get 5% Off + Free Gift + Free Shipping Above £50

Fast 2-4 Day Shipping

ဆနွင်းမကင်း၊ ငှက်ပျောရွှေကြည် စတဲ့ မြန်မာမုန့်လေးတွေလုပ်ဖို့ မရှိမဖြစ် မွှေး ဂျုံရွှေကြည်မှုန့် လေးနဲ့ စိတ်တိုင်းကျ လုပ်စားလို့ရပါပြီ။ အလှူအတန်း ရှိလို့ ဧည့်ခံဖို့ ပဲဖြစ်ဖြစ်၊ အားလပ်ရက်ကလေးမှာ မြန်မာမုန့်လေးတွေလုပ်စားဖို့ပဲဖြစ်ဖြစ် မွှေး ဂျုံရွှေကြည်မှုန့် လေးသာ ဆောင်ထားလိုက်ပါနော်။

🍈 ဒူးရင်းသီးပေါ်တုန်း ဒူးရင်းရွှေကြည်ဆနွင်းမကင်းလေး မွှေးနဲ့လုပ်စားမယ်။ မွှေးက အမြဲရှိပေမဲ့ ဒူးရင်းသီးကတော့ ရာသီပေါ်မို့ ခုလိုအချိန်အသီးပေါတုန်းလေး လုပ်စားကြမယ်နော်။ 😋

💢 ပါဝင်ပစ္စည်းတွေကတော့..

မွှေး ရွှေကြည်မှုန့် ၁၅၀ဂရမ် (၂ထုပ်)
ဒူးရင်းသီးတစ်လုံး
သကြား (၁၀သား)
နို့စိမ်း
ထောပတ်ဆီ (၇ ကျပ်သား)
ဆား
အုန်းနို့ (ဘူးသေးတစ်ဘူး)
ရေ
ဆီ (၃ကျပ်သား)
ဘိန်းစေ့

ပြင်ဆင်နည်း..

💥 ရွှေကြည်မှုန့်ကို မီးအေးအေးနဲ့ သုံးမိနစ်လောက်လှော်ပေးပါ။ နို့စိမ်း၊ အုန်းနို့၊ ရေ၊ သကြား၊ ဆား၊ ထောပတ်ဆီ၊ ဆီ အကုန်သမအောင်ထည့်ပြီး မွှေပေးပါ။
သမလာပြီဆို ဒူးရင်းသီးအနှစ်ထည့်ပြီး မွှေပေးပါ။ အနှစ်ကျပြီးတဖြည်းဖြည်းခဲလာပြီဆို စတီးဗန်းထည့်၊ ဘိန်းစေ့လေးတွေဖြူးပြီး အပေါ်မီး အောက်မီးနဲ့ ခနနှပ်ပေးပါ။ 🔥

🧀 ဒါဆိုရင်‌တော့ မွှေးဆိမ့် အိစက်နေတဲ့ ရာသီစာ ဒူးရင်းရွှေကြည်လေးတစ်ဗန်း ကျက်ပြီနော်..