💁🏻♀️မွှေးရဲ့ အိမ်ရှင်မတို့ရေ။ ပြီးပြည့်စုံတဲ့ ထမင်းဝိုင်းလေးတစ်ခုမှာ အသီးအရွက်ကြော် ဟင်းခွက်လေးတစ်ခွက်က မပါမဖြစ်ပဲပေါ့။
ဒါကြောင့် ဒီနေ့မှာ မွှေးရဲ့ ပြောင်းဖူးကော်မှုန့် (သို့) ကော်မှုန့်စစ်စစ်ကိုသုံးထားတဲ့ အစိမ်းကြော် ကြော်နည်းလေး မျှဝေပေးသွားမယ်နော်။🌽✨
🥬 အရင်ဆုံး ပြင်ဆင်ထားရမယ့် အသီးအရွက်တွေဖြစ်တဲ့ မုန်လာဥနီ၊ ဂေါ်ဖီထုပ်၊ ပန်းပွင့်ဖြူ၊ ရွှေပဲ၊ ဘိုစားပဲ၊ ပဲပင်ပေါက်၊ ပဲပြား၊ မုန်ညှင်းထုပ် စတာတွေကို ရေစင်စင်ဆေးပြီး အနေတော် လှီးထားလိုက်ပါ။
🧄 ကျန်ပါဝင်ပစ္စည်းတွေအနေနဲ့ ဆီ၊ ကြက်သွန်ဖြူ၊ ဆား၊ ခရုဆီ၊ ပဲငံပြာရည်အကြည်၊ ပြောင်းဖူးကော်မှုန့် (သို့) ကော်မှုန့်စစ်စစ်ကို ပြင်ဆင်ထားရပါမယ်။
🔪 အစိမ်းကြော် ကြော်နည်း 🔪
အဆင့် (၁) - အသင့်လှီးပြီးသား အသီးအရွက်တွေထဲမှ ခပ်မာမာ အသီးအရွက်များကို ရေနွေးဖျောပြီး ရေခဲရေနှင့် ပြန်စိမ်ပေးပါ။ ပြီးရင်တော့ ရေစစ်ပေးပါ။
အဆင့် (၂) - အိုးထဲကိုဆီထည့် ဆီပူပြီဆို ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး ဆီသတ်ပေးပါ။
အဆင့် (၃) - ပြီးရင်တော့ ရေနွေးမဖျောထားတဲ့ အသီးအရွက်တွေကို နည်းနည်းနွမ်းသွားအောင် အရင်ကြော်ပေးပါ။
အဆင့် (၄) - အနံ့မွှေးလာပြီဆိုရင်တော့ ကျန်အရွက်တွေကို ဆီနဲ့နှံ့သွားအောင် ထည့်ကြော်ပေးပါ။
အဆင့် (၅) - အရသာအတွက် ဆားနဲ့ ပဲငံပြာရည်အကြည်ကို ဦးစွာထည့်ပြီး သေသေချာချာလေး မွှေပေးပါ။
အဆင့် (၆) - ကျက်ခါနီးပြီဆိုရင်တော့ ခရုဆီလေးရယ် မွှေးရဲ့ ပြောင်းဖူးကော်မှုန့် (သို့) ကော်မှုန့်စစ်စစ်လေးရယ်ကို စေးကပ်လာတဲ့ အထိကြော်ပေးပါ။
ကဲ… ဒီလိုကြော်ပြီးပြီဆိုရင်တော့ မီးပိတ်ပြီး အာဟာရပြည့်ဝတဲ့ အစိမ်းကြော်လေးကို မိသားစုနဲ့ အတူတူ သုံးဆောင်လို့ရပါပြီနော်။😋💯