New Arrivals

Snacks

Breakfast

Authentic Myanmar Essentials

Mohinga

Dried Fish

Noodles

Laphet

Meat & Fish

Ready to Eat

Side Dishes

Veg

Sauces, Spices &

မွှေး မုန့်ဟင်းခါးမှုန့် (150g) Mohinga Powder

မွှေး မုန့်ဟင်းခါးမှုန့် (150g) Mohinga Powder

£2.99
Our Promise

Free Shipping Above £30

Get 5% Off + Free Gift + Free Shipping Above £50

Fast 2-4 Day Shipping

✨သက်သတ်လွတ်သမားတွေအတွက်…

အရသာလည်းရှိ၊ အာဟာရ မျှတ၊ ဗိုက်ဝစေမဲ့

နံနက်စာလေးတစ်ခု ဖန်တီးနိုင်ဖို့ မွှေးရဲ့ မုန့်ဟင်းခါးအရည်လေးကအသင့်ရှိနေပါပြီ။💁‍♀️

 

မုန့်ဖတ်လေးရယ်၊ မွှေးမုန့်ဟင်းခါးအရည်လေးရယ်၊ ငှက်ပျောအူရယ်၊ ပဲသီးလေးထည့်၊ သံပုရာသီးလေးညှစ်ပြီး စားမယ်ဆိုရင် သိပ်ဂွတ်ပဲပေါ့။😋

 

နံနံပင်လေးကတော့ မကြိုက်ရင်မထည့်လည်းရပါတယ်နော်။😛

မင်မင်ကတော့ နံနံပင်ကော၊ ပူစီနံကော သိပ်ကြိုက်လို့ အကုန်ထည့်စားဖြစ်တယ်။🤩

✨ မုန့်ဟင်းခါးဟာ မြန်မာလူမျိုးတွေတရှိုက်မက်မက်စားသုံးကြတဲ့ ရိုးရာအစားအစာပါပဲ။ 🍜

👨‍🍳 ငါးကိုပြုတ်ပြီးဆီသတ်ရ၊ ရွှေရောင်သန်းလာတဲ့အထိ ဆန်လှော်ရ၊ လှော်ထားတဲ့ဆန်ကို မှုန့်ညက်နေအောင်ပြန်ကြိတ်ရ၊ ကုလားပဲကို နူးအိတဲ့ထိပြုတ်ရ၊
ပြုတ်ထားတဲ့ ကုလားပဲကို ညက်အောင်ပြန်ထောင်းရနဲ့ မုန့်ဟင်းခါးကောင်းတစ်ပွဲရဖို့အရေး မလွယ်ကူလှပါဘူး။ 🥣

😋 မုန့်ဟင်းခါးကောင်းကောင်းလေး အဝဆွဲချင်သူတွေအတွက် လွယ်ကူတဲ့ အိမ်ချက်မုန့်ဟင်းခါးချက်နည်းလေးကို မွှေးက မျှဝေပေးမယ်နော်။ 💁‍♀️

✨ ပါဝင်ပစ္စည်း

မွှေးမုန့်ဟင်းခါးဟင်းရည်မှုန့် - ၁၀ သားတစ်ထုပ်
မွှေးပဲကျက်မှုန့် - ၅ ကျပ်သားတစ်ထုပ်
မွှေးဘယာကြော်မှုန့် - ၅ ကျပ်သားတစ်ထုပ်
ငါးကြင်းတစ်ပိုင်း
ထန်းလျက်သုံးခဲ
မွှေးငြုပ်ကောင်းမှုန့် တစ်ဗူး။

◾ မွှေးအမှုန့်သုံးထုပ်ကို ပန်းကန်လုံးသုံးလုံးထဲထည့်ပြီး ရေအေးနဲ့ဖျော်ပါ။ 🥣

◾ မွှေး မုန့်ဟင်းခါးဖက်ခြောက်ထုပ်ဖောက်ပြီး တစ်နာရီလောက် ရေစိမ်ထားပါ။ ပွက်ပွက်ဆူတဲ့ ရေနွေးအိုးထဲ စိမ်ထားတဲ့ မုန့်ဖက်ခြောက်တွေ ထည့်ပါ။
လေး ငါးချက်လောက်မွှေပြီးရင် ဆယ်ပြီး အအေးခံထားပါ။ 🦈

◾ ငါးကြင်း တစ်ပိုင်းကို ဆား၊ နနွင်းနယ်ပြီး ရေအနည်းငယ်နဲ့ ပြုတ်ပါမယ်။ ပြုတ်ထားတဲ့ ငါးကြင်းတွေကို အရိုးနွှင်ပြီး ငါးပြုတ်ရည်ဖယ်ထားပါ။ 🐬

◾ ငါးအသားကို ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ စပါးလင်၊ အရောင်တင်မှုန့်တို့နဲ့ ဆီသတ်ပါမယ်။ ငါးဆီသတ်တွေ ရလာရင် မီးဖိုပေါ်ကချထားပေးပါ။ 🍲

◾ ဟင်းရည်အိုး တည်ပါမယ်။ ငါးပြုတ်ရည်အိုးထဲ ကြက်သွန်ဥလေးတွေထည့်ပြုတ်ပါမယ်။ ဖျော်ထားတဲ့ မွှေးဘယာကြော်မှုန့်ရည်၊ မွှေး မုန့်ဟင်းခါးမှုန့်ရည်နဲ့ မွှေးပဲကျက်မှုန့်ရည်တို့ကို ဟင်းရည်အိုးထဲထည့်မွှေပါ။ 🍲

◾ ထန်းလျက်ခဲ သုံးလေးခဲထည့်ဖျော်ပါ။ ငှက်ပျောအူထည့်မယ်ဆို သင်ထားတဲ့ ငှက်ပျောအူတွေကို ဒီနေရာမှာ တခါထဲ ထည့်နိုင်ပါတယ်။ မိနစ်နှစ်ဆယ်လောက်တည်ထားပြီး ငါးဆီသတ်တွေ ထည့်ပါ။

◾ ကြက်ဉတစ်လုံး ခလောက်ပြီးထည့်ပါမယ်။ ကြက်ဥ သုံးလုံးလောက်ပြုတ်ပြီး ပါးပါးလှီး ထည့်ပါမယ်။

◾ မွှေးငြုပ်ကောင်းမှုန့်လေး ဖြူးလိုက်ပြီးရင်တော့ အာဟာရပြည့်ဝပြီး အရသာရှိတဲ့ စားချင်စရာ အိမ်ချက်မုန့်ဟင်းခါးတစ်အိုး ကျက်ပါပြီ။ 🥰

🍛 ပန်းကန်လုံးတစ်ခုထဲ အအေးခံထားတဲ့ မုန့်ဟင်းခါးဖက်လေးတွေထည့်ပြီး ငြုပ်သီးမှုန့်၊ သံပုရာသီး၊ ဘူးသီးကြော်၊ ပဲကြော် တို့နဲ့ အဆင်သင့်သုံးဆောင်နိုင်ပါပြီ။ 😋