🌶️သတ်သတ်လွတ် ငရုတ်သီးနှစ်ဆီမွှေးကြော်
ငရုတ်နှစ်ကြော်က အကြာထားခံပါတယ်ရှင် အပြင်မှာ 6လ/ ရေခဲသေတ္တာထဲ 1နှစ်ထားခံပါတယ်ရှင်။ ဆီမွှေးမွှေးလေးနဲ့ ရေလုံ packing ဖြစ်တာကြောင် နိုင်ငံခြားသယ်၊ ခရီးဝေးအသယ်ယူခံပါတယ်ရှင်။
ဆီသန့်သန့်ဖြင့် သတ်သတ်လွတ်ကြော်ထားတာဖြစ်သည့်အတွက် လူမျိုးဘာသာမရွေး လူတိုင်းစားသုံးနိုင်ပါတယ်ရှင်။ မင်မင် စေတနာအများကြီးဖြင့် ဂရုတစိုက်ကြော်ပီးထုတ်လုပ်ထားတဲ့အကြော်လေးမို့ စားကောင်းကြမှာပါ စားကောင်းကြပါစေရှင့်♥️
- ဒီငရုတ်နှစ်ကြော်လေးဟာတအားစားကောင်းပီး အသုံးဝင် အသုံးတည့်လွန်းတာမို့ မှာယူသူတွေများလှပါတယ်ရှင်။ တစ်ခါစားရင် 1ဇွန်းခန့်သာကုန်တာမို့ 1ဘူးဆိုတော်တော်ကြာကြာစားရပါတယ်ရှင်
- သတ်သတ်လွတ်ဖြစ်ပီး ထမင်းအရမ်းမြိန်စေပါတယ်ရှင်။ စပ်စပ်လေးနဲ့ အရသာရှိရှိလေးမို့ ဒါလေးနဲ့စားရင် ထမင်းအရမ်းစားကောင်းစေပါတယ်ရှင်။ ထမင်းဖြူပူပူလေးနဲ့ စားလို့ အရမ်းကောင်းပါတယ်ရှင်။ ခံတွင်းမလိုက်အစားပျက်နေသူများ၊ သတ်သတ်လွတ်စားသူများအတွက် စားကြည့်ပါရှင် အရမ်းအဆင်ပြေပါတယ်ရှင်။
- အသီး/အရွက်တွေကို ချဉ်စပ်သုပ်စားရင်လည်း ဒီအနှစ်လေးကို ၁ဇွန်းလောက်ထည့်သုပ်ရင် အရမ်းကိုကောင်းပါတယ်ရှင်
- ဟင်းရံအဖြစ်စားသုံးလို့ရပါတယ်၊ ထမင်းပူပူလေးနဲ့ တွဲစားရင် အခြားဟင်းများတောင်မလိုတော့အောင် စားကောင်းပါတယ်။ ပဲပြုတ်ထမင်းကြော်လေးဖြင့်လည်း လွန်စွာလိုက်ဖက်ပါတယ်ရှင်
🥗အဓိကအနှစ်အဖြစ်- အသုပ်များသုပ်ရာတွင် ငရုတ်နှစ်လေးထည့်သုပ်ပါက တခြားဘာအရသာမှထည့်စရာမလိုတော့ပါရှင်။ သူ့အနှစ်အရသာက အရမ်းကိုပြည့်စုံကောင်းမွန်တာကြောင့် သူ့ထည့်လိုက်တာနဲ့ အသုပ်ရဲ့အရသာက အရမ်းကောင်းသွားစေပါတယ်။
သစ်သီးများသုပ်ရာတွင်- ကြိုက်တဲ့သစ်သီးအကုန်သုပ်လို့ရပါတယ်၊ သစ်သီးများကို လှီးပီး ငရုတ်နှစ်1ဇွန်း၊ ပဲပုတ်မှုန့် 1ဇွန်း၊ သကြား1ဇွန်းထည့်နယ်လိုက်လျှင် အရမ်းအရမ်းကိုကောင်းတဲ့ ချဉ်ငံစပ်သုပ်လေးက်ု လွယ်ကူစွာရရှိပါတယ်ရှင်။
ဟင်းချက်ရာတွင်- ဟင်းတွေကအရသာပေါ့၊ အစပ်အဟပ်မတည့်ဖြစ်နေလျှင် ငရုတ်သီးအနှစ်လေးကို ထည့်လိုက်လျင် အရသာလေးနက် အစပ်အဟက်တည့်သွားစေပါတယ်ရှင်။
အဲ့လိုနေရာစုံမှာသုံးလို့ရ အသုံးဝင်တာကြောင့် 1ဘူးတော့မဖြစ်မနေကိုရှိထားသင့်တယ်လို့ပြောရတာပါရှင်။
ဟင်းမချက်အားတဲ့နေ့မျိုး၊ ဆီပြန်ဟင်းတွေမစားချင်တဲ့နေ့မျိုးတွေမှာဆို ကြက်ဥလေးကို မွှေကြော်အိအိလေးကြော်ပီး ဒီငရုတ်နှစ်လေးနဲ့စားလိုက်တော့တာပါပဲရှင်။
သစ်သီး၊ အရွက်အသုပ်တွေမှာ အရသာကောင်းဖို့အဓိကကျတာက ငရုတ်သီးအနှစ်ပါ၊ ငရုတ်သီးအနှစ်ကောင်းတာလေးထည့်၊ ပဲပုတ်မှုန့်ထည့်၊ ပဲပုတ်မှုန့်မကြိုက်ရင် ပဲမှုန့်နဲ့ ပုဇွန်ခြောက်မှုန့်လေးထည့်၊ ချဉ်ရင်သကြားထည့်၊ ချိုတဲ့အသီးဆို သကြားထည့်စရာမလိုပါ။ အစပ်ကြိုက်ရင် ငရုတ်သီးအကျက်မှုန့်လေးထည့်ရင် ရှယ်ရှုးရှဲစားကောင်းနေပါရောရှင်
မရှိမဖြစ်1ဘူးတော့ဝယ်ထားပါရှင်၊ ထမင်းစားရတာ ဟင်းမလိုက် ပေါ့ရွှတ်နေသလိုဖြစ်ရင် ဒီငရုတ်နှစ်ကြော်လေးသာထည့်စားလိုက် စပ်ငန်လေးနဲ့ အရသာလေးလေးပင်ပင်လေးနှင့် ရှူးရှူးရှဲရှဲဖြင့်ထမင်း စားကောင်းစေပါတယ်။ မနက်ဆိုထမင်းကြော်လေးနဲ့စားလို့လည်းအရမ်းကောင်း၊ ညီမကတော့ ဆီတို့ဟူးရယ်၊ ဒီငရုတ်နှစ်ကြော်ရယ်အမြဲထည့်စားပါတယ်။