အချိန်မရွေး၊ နေရာမရွေး ဗိုက်ဆာချိန််တိုင်း လွယ်လင့်တကူ သုံးဆောင်နိုင်တဲ့ လားရှိုး (ရှမ်းရှမ်း) ရှမ်းခေါက်ဆွဲ... 🍝
လားရှိုး (ရှမ်းရှမ်း) အသင့်စား ရှမ်းခေါက်ဆွဲ ဟာဆိုရင်...
✅ သက်သက်လွတ်သမားတွေအတွက်လည်း အဆင်ပြေသလို
✅ ကြိုက်နှစ်သက်ရာ အသီးအရွက်၊ အသားတို့ကို စိတ်တိုင်းကျထည့်သွင်းပြီးတော့လည်း သုံးဆောင်နိုင်ပါသေးတယ်နော်။
🍝 မနက်စာအဖြစ် သုံးဆောင်မလား...
🍝 နေ့လယ်နေ့ခင်း အဆာပြေစားမလား...
🍝 ညရေးညတာ တရေးနိုးချိန် ထစားမလား...
လားရှိုး (ရှမ်းရှမ်း) အသင့်စား ရှမ်းခေါက်ဆွဲနဲ့သာဆို ရှမ်းအရသာစစ်စစ် ရှမ်းခေါက်ဆွဲတစ်ပွဲကို ဗိုက်ဆာချိန်တိုင်း အလွယ်တကူသုံးဆောင်နိုင်ပြီပေါ့။ 🤗
ရှမ်းခေါက်ဆွဲအတွက် အဓိကအရေးအကြီးဆုံးကတော့... ပါဝင်အသုံးပြုတဲ့ ဟင်းအနှစ်ပဲပေါ့။ ဒီတော့... လားရှိုး (ရှမ်းရှမ်း) ရဲ့ ချစ်ပရိတ်သတ်ကြီးအတွက် အရသာရှိတဲ့ ရှမ်းခေါက်ဆွဲအနှစ်ကောင်းကောင်းရဖို့... ဘယ်လိုချက်သင့်လဲဆိုတာ ဗဟုသုတရဖွယ် ဖော်ပြပေးလိုက်ပါတယ်နော်။ 🥰
✅ ဦးစွာပထမ ကြက်သား (သို့) ဝက်သား ကြိုက်နှစ်သက်ရာအသားကို အရသာမှုန့်၊ ဆား၊ နနွင်း၊ ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည် အပျစ်၊ အကျဲ တို့ဖြင့် နှံ့စပ်အောင်နယ်ပြီး အချိန်ခဏကြာ နှပ်ထားပါ။
✅ ထို့နောက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ နနွင်း၊ အစိမ်းမှုန့်တို့ဖြင့် ဆီသတ်ပါ။
✅ ဆီသတ်ထားတဲ့ထဲကို ခရမ်းချဉ်သီး၊ ပဲငါးပိအနှစ်နဲ့ နှပ်ထားတဲ့အသားတွေထည့်မွှေပြီး ဆီပြန်တဲ့အထိတည်လိုက်ရင်တော့... အရသာရှိတဲ့ ရှမ်းခေါက်ဆွဲအနှစ်ကို ရပြီပေါ့လို့။
အနှစ်နဲ့တွဲစားဖို့... ရှမ်းခေါက်ဆွဲဖက်နဲ့ မုန်ညင်းချဉ် လိုတယ်ဆိုရင်လည်း လားရှိုး (ရှမ်းရှမ်း) အသင့်စားအထုပ်တွေရှိတယ်နော်။ 🤗
အနှစ်ချက်ဖို့ အလုပ်ရှုပ်မခံနိုင်ဘူးဆိုရင်လည်း... လားရှိုး (ရှမ်းရှမ်း) အသင့်စား ရှမ်းခေါက်ဆွဲထုပ်ရှိပါသေးတယ်ရှင့်။ 😍