New Arrivals

Drinks

Snacks

Breakfast

Authentic Myanmar Essentials

Mohinga

Dried Fish & Prawns

Noodles

Laphet

Meat & Fish

Ready to Eat

Side Dishes

Veg

Sauces, Spices &

ဆင်ဖြူတော် ချဉ်ပေါင်ယို (ဘိလပ်ယို) (200g) Roselle Buds Jam

ဆင်ဖြူတော် ချဉ်ပေါင်ယို (ဘိလပ်ယို) (200g) Roselle Buds Jam

£6.50
Our Promise

Free Shipping Above £30

5% Off + Free Gift Above £50

Free NEXT DAY Delivery Above £100

Fast 2-4 Day Shipping

” ရာသီချိန်မြူး ချဉ်ပေါင်ဖူး “

ဆောင်းဦးရာသီရောက်ပြီဆိုတာနဲ့ ချဉ်ပေါင်ဖူး နီနီရဲလေးတွေ ပေါ်ချိန်ဖြစ်တဲ့ အားလျော်စွာ မြန်မာလူမျိုးတွေရဲ့ မပါမဖြစ် ချဉ်ဟင်းတစ်ခွက်အဖြစ် ပေါပေါလောလော စားသုံးလေ့ရှိကြပါတယ် ။

ချဉ်ပေါင်သီးရဲ့ အနီရောင်ပွင့်ဖတ်လေးတွေဖြစ်တဲ့ ချဉ်ပေါင်ဖူးရဲ့ အကျိုးကျေးဇူးနဲ့ အာနိသင်ကိုတော့ “ပြောမဆုံးပေါင် တောသုံးတောင် “ လို့တင်စားရလောက်ပါတယ်နော် ။ 🍁

ချဉ်ပေါင်ပင် တစ်ပင်လုံးဟာ ဆေးဖက်ဝင် ဆိုပေမယ့် ချဉ်ပေါင်သီးရဲ့ အနီရောင်ပွင့်ဖတ်က ပိုပြီး ဆေးဖက်ဝင်ပါတယ်နော် ။
ချဉ်ပေါင်ဖူး၏ ရုက္ခဗေဒအမည်မှာ 𝐻𝘪𝑏𝘪𝑠𝘤𝑢𝘴 𝘴𝑎𝘣𝑑𝘢𝑟𝘪𝑓𝘧𝑎 L. ဖြစ်၍ မျိုးရင်းမှာ Malvaceae ဖြစ်ပါတယ် ။ နိုင်ငံတကာအမည်ကတော့ Roselle 🍁
အသီးကအက်ကွဲသီးဖြစ်ပြီးတော့ အနီရောင် ပွင့်ဖတ်များဖြင့် ဖုံးအုပ်ထားပါတယ်။
ပွင့်ဖတ်ဟာအနီရောင်ရှိတဲ့ (Anthocyanins) ဒြပ်ပေါင်းဖြစ်တဲ့ (Delphinidin) အဓိက ပါရှိတဲ့အပြင် Quercetin, Rutin, Chlorogenic acid, Malic acid နှင့် Tartaric acid ဒြပ်ပေါင်းတို့လည်း ပါရှိတာကြောင့်

- သွေးတွင်းအဆီဓာတ်များကိုလျော့နည်းစေပြီး ကိုယ်အလေးချိန်ကို ထိန်းပေးခြင်း။
- Vitamin C နှင့် သတ္တုဓာတ်တို့အမြောက်အများပါရှိသောကြောင့် အရွယ်တင်နုပျိုခြင်း နှင့် ကိုယ်ခံစွမ်းအားကောင်းမွန်ခြင်း
-သွေးတိုးရောဂါကို ဟန့်တားနိုင်ခြင်း။
- Calcium ဓာတ် အမြောက်အများ ပါရှိသောကြောင့် အရိုးကိုသန်မာစေခြင်း နှင့် သွားနဲ့ သွားဖုံးကို ကျန်းမာစေခြင်း။
-အဆုတ်ကိုကျန်းမာစေပြီး အအေးပတ်ခြင်း၊ ရာသီပေါ်နှာစေးချောင်းဆိုး ကူးစက်ရောဂါများနှင့် နှာရည်ယိုနှာပိတ်ခြင်းတို့မှလဲ ကာကွယ်ပေးခြင်း။

- အာရုံကြောအဖွဲ့အစည်းများနှင့်ကြွက်သားများ ဖွဲ့စည်းမှုကို တိုးတက်ကောင်းမွန်စေပြီး သွေးကျဲခြင်းမှကာကွယ်ပေးခြင်း။
- ခြေလက်များတဆစ်ဆစ်နာကျင်ခြင်း နှင့် ထုံထိုင်း လေးလံခြင်းတို့ကိုသက်သာစေနိုင်ခြင်း။
- ကလေးငယ်များ ဖွံ့ဖြိုးမှုနှေးကွေးခြင်းမှ ကာကွယ်ပေးခြင်း အပြင် အဝလွန်ခြင်းကိုပါလျော့ချစေနိုင်ခြင်း စတဲ့အကျိုးကျေးဇူးများစွာရရှိစေပါတယ် နော် 🙏

ကဲ ….. အခုဆိုရင်

အစာလည်းဆေး ဆေးလည်းအစာအဖြစ် လူမင်းကြီးတို့ရဲ့ အကျိုးကို မျှော်ကိုးပြီး နှစ်ပေါင်း ၇၆ နှစ်တိုင် စားသုံးသူတွေကို အမြဲတန်ဖိုးထားလာခဲ့တဲ့ မင်မင်တို့ရဲ့
ဆင်ဖြူတော် သစ်သီးယိုစုံ မိသားစုကနေ

အဘက်ဘက်က ဆေးဖက်ဝင်တဲ့ သဘာဝ ချဉ်ပေါင်ဖူးလေးကို သူ့အာနိသင်လည်း မပျက်စေဘဲ “ ထူးခြားဆန်းသစ်ချဉ်စပ်ပြုံးချို အရသာလေးနဲ့ ချဉ်ပေါင်ဖူးယို” ကို ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်နော် 🍁

ချဉ်စပ်ပြုံးချို အရသာလေးနဲ့ ဘယ်လိုစားစား စားဝင်ပြီး ဆေးဖက်ဝင်တဲ့ မြန်မာတို့ရဲ့ အရင်းနှီးဆုံး ဓာတ်စာ “ ချဉ်ပေါင်ဖူးယို “လေးကို မှာယူချင်တယ်ဆိုရင်တော့ဖြင့်