"စည်းလုံးခြင်းအတွက် မုန့်ကြာစေ့သာကူတစ်ခွက်..." လို့နာမည်ပေးချင်တယ်။ ဘာဖြစ်လို့လဲသိလား...
ပထမဆုံး တစ်ယောက်ကဆန်မှုန့်ကို ရေနဲရောနယ်ပြီး မုန့်နှစ်လုပ်ပြီး မုန့်လုံးလေးတွေလုံးနေတဲ့အချိန်မှာ တယောက်က ရေနွေးကြိုတည်ပေးထားရမယ်။
မုန့်လုံးလုံးအပြီး ရေနွေးလည်း အဆူမှာ မုန့်လုံးသေးသေးလေးတွေထည့်ပြီးပြုတ်။ မုန့်လုံးလေးတွေ ရေပေါ်ပေါ်လာရင် ဆယ်ပြီး အအေးခံထားမယ်။
အဲဒါတွေလုပ်နေချိန်မှာပဲ နောက်တယောက်က ထန်းလျှက်မှုန့်ကို ဆားလေးနည်းနည်းထည့်ပြီး ကြိုပေးနေမယ်။ ပွက်ပွက်ဆူလာချိန်မှာ တယောက်က ရေဆေးပြီး သန့်စင်ထားတဲ့ သာကူစေ့လေးတွေကို ထန်းလျှက်ရည်ထဲ ထည့်ပြုတ်မယ်။
၁၀ မိနစ်လောက်ကြာပြီ သာကူစေ့လေးတွေလည်း နူးအိသွားပြီဆို ခုနက အအေးခံထားတဲ့ မုန့်လုံးလေးတွေကို ထည့်။ ပြီးရင် အုန်းသီးလေးဖြူး၊ အုန်းနို့/နို့စိမ်းလေးစမ်းပြီး စားရုံပဲ။
ဒီလို စည်းစည်းလုံးလုံးနဲ့ Timing ကိုက် အချိတ်အဆက်မိနေအောင်လုပ်စားမှလည်း မုန့်ကြာစေ့သာကူဆိုတာ
သာကူစေ့လေးတွေရဲ့ ခံတွင်းထဲလျှပ်ပြေးနေတဲ့အရသာ...
မုန့်လုံးလေးတွေရဲ့ အိစိအိစိ စေးစေးပိုင်ပိုင်အရသာ...
ထန်းလျှက်ရဲ့ ချိုချိုမွှေးမွှေးအရသာလေးက ပိုပြီး ပေါ်လွင် ထိမိနေတာမျိုး။
ကိုယ့်ဖာသာရော အိမ်မှာလုပ်စားဖြစ်ကြရဲ့လား...
အခုလို နေ့တဓူဝ အလုပ်တွေများနေတော့ အလှူပွဲတို့ စတုဒိသာတို့ သူငယ်ချင်းတွေ ဆုံတုန်းဆုံခိုက်ကလွဲရင် အိမ်မှာလုပ်စားဖြစ်လောက်မယ်မထင်ဘူး။
ပြည်ပရောက်နေတဲ့ ရွှေမြန်မာတို့ရော လုပ်စားဖြစ်ကြရဲ့လား?
ဟုတ်တော့လည်း ဟုတ်ပါတယ်...။
မုန့်တပွဲစားရဖို့ အမယ်စုံအောင်ဝယ်နေရတာ။ အချိုးအစားမမှန်ရင် ကျန်တဲ့ဟာက ကျန်နဲ့ မီးဖိုဆောင်ထဲ အချိန်တွေအကြာကြီး နေရာယူပြီး လွှင့်ပစ်ရတဲ့ဆီရောက်သွားရော။
ဒါပေမယ့် တင့်တင့်မှာကတော့ ပြည်တွင်းသွားသွား ပြည်ပထွက်ထွက် အလွယ်တကူသယ်သွားပြီး လူ ၅ ယောက်စာအတွက် အချိုးအစားညီအောင် ဖန်တီးထားတဲ့ Dry မုန့်ကြာစေ့သာကူ package လေးရှိပါတယ်။ Instruction ကိုလည်း သေသေချာချာဖော်ပြထားလို့ လုပ်ရတာလည်း လွယ်တယ်နော်။
🌧 မိုးရာသီလေးလည်းရောက်လာပြီဆိုတော့…
ပူပူနွေးနွေးလေးနဲ့ အရသာရှိတဲ့ မုန့်ကြာစိသာကူ နဲ့ ဂျုံကြို စတာတွေကို စားဖို့အခက်တွေ့နေကြပြီလား? 😋
ဒါဆိုရင်တော့ အချိန်မရွေး၊ နေရာမရွေး ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ မိသားစုနဲ့အတူပဲဖြစ်ဖြစ်၊ အလှူပွဲတွေမှာလည်း ဘုန်းကြီးအချိုပွဲကပ်ချင်တဲ့အခါမှာပဲဖြစ်ဖြစ်—အခန်းအပူချိန် (၂၅°C) မှာပဲ ထိန်းသိမ်းနိုင်ပြီး ✔️ FDA ထောက်ခံချက်ရရှိထားတဲ့ တင့်တင့်ရဲ့ Dry Products တွေဟာ ၁၂ ရာသီ အမြဲတမ်းအတွက် အသင့်ရှိနေပါပြီနော်… 🧡✨
မုန့်ကြာစိသာကူ၊ ဂျုံကြို စတာတွေကို ကိုယ်တိုင်လုပ်စားဖို့အတွက် အချိန်ကုန်၊ လူပင်ပန်းခံပြီး လိုက်ဝယ်နေစရာမလိုတော့ဘူးနော်… 🛒
တင့်တင့်က ပါဝင်ပစ္စည်းတစ်ခုချင်းစီကို စုပေါင်းပြီး 💰 စရိတ်သက်သာအောင် ပြုလုပ်ပေးထားလို့ အချိုပွဲချစ်သူတိုင်း စိတ်ချယုံကြည်စွာ ဝယ်ယူစားသုံးနိုင်ပါပြီရှင့်။ 😉