New Arrivals

Snacks

Breakfast

Mohinga

Noodles

Laphet

Meat & Fish

Ready to Eat

Side Dishes

Veg

Sauces & Spices

မွှေး ကုလားပဲ ဘယာကြော်မှုန့် (150g)

မွှေး ကုလားပဲ ဘယာကြော်မှုန့် (150g)

£2.99
Our Promise

Free Shipping Above £30

Get 5% Off + Free Shipping Above £50

Fast 2-3 Day Shipping

🍚 ထမင်းလေးနဲ့ မနက်စာ အဆာပြေစားမလား။ နေ့ခင်းသွားရည်စာလား။ ညနေစောင့် အပျင်းပြေဝါးမလား။ 😋

မွှေးမွှေးကြူကြူ ဘယာကြော်ပူပူလေးကို ဘယ်သူမှ ငြင်းနိုင်လိမ့်မယ်မထင်ပါဘူး။ 😍

 

💁‍♀️ အာဟာရလည်းဖြစ် အရသာလည်းရှိတဲ့ ဘယာကြော်ပူပူလေးကို မွှေးဘယာကြော်မှုန့်တစ်ထုပ်နဲ့ လွယ်လွယ်ကူကူ ကြော်စားကြမယ်နော်.. 👨‍🍳

 

💢 ပါဝင်ပစ္စည်းတွေကတော့..

 

၁။မွှေးဘယာကြော်မှုန့် ၁၅၀ ဂရမ် ၁ ထုပ်

၂။ ဟင်းခတ်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

၃။ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း

၄။ ရေနွေး ၂၂၅ မီလီ ( သို့ ) ၂၀၀ မီလီ

၅။ ကြက်သွန်နီ ဥကြီး ၁ လုံး

၆။ ပျဉ်းတော်သိမ် အနည်းငယ်

၇။ ငရုပ်သီးစိမ်း အနည်းငယ်

 

၁။ ရေနွေး ၂၀၀ မီလီထဲကို မွှေးဘယာကြော်မှုန့် ၁၅၀ ဂရမ် ၁ ထုပ်၊ ဟင်းခတ်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဆား လျက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်မွှေပြီး နာရီဝက်ကျော်ခန့် နှပ်ထားပါ။

၂။ ကြက်သွန်နီ တစ်လုံး နုပ်နုပ်စင်းပြီး နှပ်ထားတဲ့ ဘယာကြော်နှစ်ထဲ ထည့်ပါမယ်။

ပျဉ်းတော်သိမ်၊ ငရုပ်သီးစိမ်းလေးနည်းနည်း ထည့်ပါမယ်။

ဂျင်းနည်းနည်း ထောင်းထည့်ပြီး သမအောင် မွှေပါမယ်။

ဒယ်အိုးထဲ ဆီများများထည့်တည်ပါမယ်။

၄။ ဆီဆူလာလျှင် စကြော်လို့ရပါပြီ။

၅။ နီညိုရောင်သန်းလာရင်တော့ လတ်ဆတ်သန့်ရှင်းပြီး အရသာရှိတဲ့ ဘယာကြော် ပူပူမွှေးမွှေးလေး ရပါပြီ။

 

💁‍♀️ မွှေးထုပ်လေးတွေနဲ့ ဘယာကြော်မွမွလေး အိမ်မှာ အတူတူလိုက်ကြော်စားကြည့်လိုက်ကြရအောင်နော်.. 🍪