✨ အိမ်နဲ့ဝေးနေတဲ့ မွှေးချစ်သူတွေအတွက် အိမ်ကိုလည်းအလွမ်းပြေ၊ လုပ်စားရလည်း လွယ်ကူတဲ့ သွားရည်စာမုန့်လေးတစ်မျိုး ပြောပြဖို့ စဥ်းစားလိုက်တဲ့အခါ အညာမြေရဲ့ မုန့်ပျားသလက်လေးကို မွှေးတို့ သတိရသွားပါတယ်။ 🤍
😋 မုန့်ပျားသလက်ပူပူလေးလို့ ကြားလိုက်တာနဲ့ ရောက်ရာအရပ်ကနေ သွားရည်ယိုလာတဲ့သူတွေအတွက် မွှေးဆန်မှုန့်နဲ့ မုန့်ပျားသလက်ပူပူအိအိလေးကို လွယ်လွယ်လုပ်စားရင်း အိမ်လွမ်းနာကို ကုစားလိုက်ကြရအောင်နော်.. 🍕
💫 ပါ၀င်ပစ္စည်းလေးတွေကတော့ ..
◾ ဆန်မှုန့် - ၃ ခွက်
◾ ရေ – ၄ ခွက်
◾ တဆေး – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
◾ ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
◾ ပဲပြုတ် – လိုသလောက်
◾ ကြက်သွန်မြိတ် - အနည်းငယ်
◾ ဆီအနည်းငယ်
◾ နှမ်းထောင်း – နှမ်းသုံးဆ ဆားတစ်ဆထည့်ပြီး နှမ်းထောင်းထောင်းထားလိုက်ပါ။
🥘 အညာမြေအရသာအတိုင်း စားသုံးနိုင်မဲ့ မုန့်ပျားသလက် ပူပူလေးတစ်ပွဲ စလုပ်မယ်နော်..
💢မွှေးဆန်စိမ်းမှုန့်ထုပ်လေးကို ရေ၊ ဆား၊ တစေးတို့နဲ့ အရည်ဖျော်ပြီး တစ်ညလောက်နှပ်ထားပေးပါ။
မကပ်အိုးထဲကို ဆီလေးနည်းနည်းသုတ်ပြီး မီးအေးအးထားပေးပါ။ မုန့်သားမှာ အပေါက်လေးတွေဖြစ်လာတဲ့အခါ ပဲပြုတ်လေးဖြူး၊ အဖုံးလေးခနအုပ်ပေးပါ။
ဒါဆိုရင်တော့ အနံ့အရသာလေး ပိုပြည့်စုံအောင် နှမ်းထောင်းလေးဖြူးပြီး စားသုံးနိုင်ပါပြီ။ 🍕
သယ်ရလွယ်၊ သိမ်းရလွယ်တဲ့ မွှေးဆန်မှုန့်လေးတစ်ထုပ်ရှိရုံနဲ့ ရောက်လေရာမှာ လွယ်လွယ်ကူကူ လုပ်စားလို့ရတာတဲ့ မုန့်ပျားသလက်လေးအတူတူလိုက်လုပ်စားရင်း အညာမြေရဲ့ အငွေ့အသက်လေးတချို့ ပြန်ခံစားကြည့်ကြရအောင်နော်.. 🤍