ဟော့ပေါ့ ကြိုက်တဲ့သူတွေ အတွက် မာလာဟော့ပေါ့
အနှစ်ထုပ်လေးကို အချိန်မရွေး နေရာမရွေး
လူမျိုးဘာသာမရွေး အလွယ်တကူ ဝယ်ယူစားသုံးနိုင်တယ်။
ဟင်းချိုမှုန့် နှင့် ကြက်သားမှုန့် ကို သီးသန့်ထုပ်ပိုး
ထည့်သွင်းထားပြီး သက်သတ်လွတ် စားသုံးသူတွေ
နှင့် ကျန်းမာရေးအရ ဟင်းချိုမှုန့် ရှောင်နေရတဲ့သူတွေ
အတွက်လည်း အဆင်ပြေအောင် စီမံပေးထားပါ။
စားသုံးသူတွေ အတွက် အကောင်းဆုံး အရည်အသွေး
အကောင်းဆုံး အရသာ ရရှိစေရန်နှင့်
ကျန်းမာရေးနှင့် ညီညွတ်မှု ရှိတဲ့ ကုန်ပစ္စည်းတွေ
ထုတ်လုပ်နိုင်ရေးဟာ လားရှိုး(ရှမ်းရှမ်း) ရဲ့ အဓိက
အချက်ဖြစ်တဲ့အတွက် အရည်အသွေး အကောင်းဆုံးဆိုတဲ့
ကုန်ကြမ်းပစ္စည်းတွေကိုသာ အသုံးပြုပြီး
ထုတ်လုပ်ထားပါတယ်။
ကော်လက်စရော ပါဝင်မှုနည်းပြီး သန့်ရှင်းလတ်ဆတ်တဲ့
ပဲလုံးဆီ၊ အကောင်းဆုံး မဆလာ အမွှေးအကြိုက်ဆုံး
ဟွားကျောက်မှုန့် နှင့် အခြား အဆင့်မြင့် ကုန်ပစ္စည်းများကိုသာ
အသုံးပြုပြီး ထုတ်လုပ်ထားပါတယ်။
ကြိုက်နှစ်သက်ရာ ပင်လယ်စာ၊ အသား၊ ဟင်းသီး၊
ဟင်းရွက် နှင့် ချက်ပြုတ်နိုင်ဖို့အတွက် ဟင်းအနှစ်
များများ ထည့်သွင်းပေးထားပါတယ်။
အားလပ်ရက်တွေမှာ မာလာဟော့ပေါ့ ကို မိသားစု
နဲ့ပဲ ဖြစ်ဖြစ် သူငယ်ချင်းတွေ နဲ့စုပြီး စားဖို့ပဲ ဖြစ်ဖြစ်
အဆင်အပြေဆုံးပါပဲ။ လူကြီးလူငယ် မရွေး စားသုံး
နိုင်အောင်လည်း လားရှိုး(ရှမ်းရှမ်း) မှ သေချာထုတ်
လုပ်ပေးထားပါတယ်။
အရည်အသွေးပိုင်းမှာ အဆင့်မှီပြီး၊ စားသုံးသူတိုင်း
အတွက် ကျန်းမာရေးနှင့် ညီညွတ်အောင် နှင့်
လွယ်ကူသက်သာအောင် ထုတ်လုပ်ထားတဲ့
အတွက် လားရှိုး(ရှမ်းရှမ်း) ရဲ့ မာလာဟော့ပေါ့ အနှစ်ကို
ယုံကြည် စိတ်ချစွာ ရွေးချယ်စားသုံးနိုင်ပါတယ်။ 🥘🥘