New Arrivals

Drinks

Snacks

Breakfast

Authentic Myanmar Essentials

Mohinga

Dried Fish & Prawns

Noodles

Laphet

Meat & Fish

Ready to Eat

Side Dishes

Veg

Sauces, Spices &

စိန်ပလောင် လက်ဖက်အမျိုးမျိုး (160g) Laphet

စိန်ပလောင် လက်ဖက်အမျိုးမျိုး (160g) Laphet

£5.20
Options
Our Promise

Free Shipping Above £30

5% Off + Free Gift Above £50

Free NEXT DAY Delivery Above £100

Fast 2-4 Day Shipping

🍃လက်ဖက်နံ့လေး သင်းပါစေ...

🍃လတ်လတ်ဆတ်ဆတ်၊ သန့်သန့်ရှင်းရှင်းစားရပါစေ...

🍃လက်ဖက်တစ်ရိုးစားတိုင်း ခံတွင်းမြိန်လွန်းလို့

တစ်ခါပြုံးနိုင်ကြပါစေ...ဆိုတဲ့ စေတနာနဲ့ (၁၉၉၀) ခုနှစ်ကတည်းက စတင်ဖန်တီးခဲ့တဲ့ လတ်လတ်ဆတ်ဆတ် စိန်ပလောင်လက်ဖက်လေးတွေကတော့

👉🏻 မြင်တာနဲ့ ချက်ချင်းမြည်းစမ်းကြည့်ချင်စဖွယ်

ဖြစ်နေခြင်း

👉🏻 နာမည်ကြားတာနဲ့ စားချင်စဖွယ်ဖြစ်နေခြင်း စတဲ့ဂုဏ်သတင်းတွေနဲ့ ယနေ့ထိတိုင်  မွှေးပျံ့နေဆဲပါ...

 လက်ဖက်ကို နှမ်းဆီလေးနဲ့သုပ်စားရင် ခံတွင်းကိုကောင်းစေတယ် တဲ့…

အိမ်ကအဘွားကတော့ တခြားဘာဟင်းမှ ခံတွင်းမလိုက်တော့ရင် လက်ဖက်သုပ်စားတော့တာပဲ...

👉🏻 ဒါ့ပြင် သွေးလည်ပတ်မှုအားကောင်းစေတယ်။

👉🏻 ဦးနှောက်နဲ့အာရုံကြော အားကောင်းစေလို့

အသက်အရွယ်အရသတိမေ့ခြင်း၊ ခြေလက်တုန်ခြင်းတွေကို လျှော့ချပေးနိုင်တယ်။

👉🏻 နှလုံးသွေးကြောကျဉ်းခြင်းနဲ့ လေဖြတ်ခြင်းတွေကနေ ကာကွယ်ပေးနိုင်တယ်။

👉🏻 စိတ်ကြည်လင်စေတယ်။

စတဲ့ကောင်းကျိုးလေးတွေလည်း တစ်နည်းတစ်ဖုံရှိနေပြန်ပါသေးတယ်... ထိန်းထိန်းသိမ်းသိမ်းလေးတော့

စားစေရတာပေါ့နော်...

 

အရင်ဆုံး ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီးစိမ်း၊ ငရုတ်သီးစိမ်းလေးတွေပါးပါးလှီးပြီးထည့်မယ်။

 

ရှူးရှူးရှဲရှဲလေးစားချင်တော့

👉🏻 လက်ဖက်လေးထည့်၊ ဂျင်းနုနှပ်၊

နုနုမွမွပြိုင်စံမပေါ်စိန်ဂန္ထဝင်ပဲနှစ်ပြန်ကြော်လေးရယ် ပုစွန်ခြောက်လေးတွေလည်းထည့်

👉🏻 ပဲမှုန့်လေးပါးပါးဖြူး၊ ပဲဆီမွှေးမွှေးလေးစမ်း

👉🏻 ထည့်ချင်တဲ့အဆာပလာအားလုံးစုံပြီဆိုရင်တော့ သံပုရာရည်လေးစမ်းပြီး အသာလေးနယ်ပေးလို့ရပါပြီ။

 

ဒါနဲ့လက်ဖက်သုပ်နေတုန်း ရေနွေးတည်ထားဖို့လည်း

မမေ့ရဘူးနော်...😉

 

ကဲ...ပန်းကန်ထဲထည့်ပြီးပွဲပြင်စို့…

👉🏻 အပေါ်ကနေ ကြက်သွန်ဖြူလေး၊ ငရုတ်သီးစိမ်းလေးတင်၊ ကြက်သွန်ဒေါင်းဝိုင်းကြော်လေးလည်း ဖြန့်၊

ပုဇွန်ခြောက်လည်း ထပ်ထည့်ဦးမယ်။

 

အားလုံး ရယ်ဒီဖြစ်ပြီဆို စောနကတည်ထားတဲ့

ရေနွေးလေးကို စိန်ပလောင်ရဲ့ ကောက်ညှင်းမွှေးလက်ဖက်ခြောက်လေးခပ်ပြီး လက်ဖက်ဝိုင်း စကြစို့နော်...🥰

လက်ဖက်နံ့၊ သံပုရာရည်နံ့သင်သင်းလေးနဲ့လက်ဖက်သုပ်လေးစားလိုက် ရေနွေးပူပူလေးသောက်လိုက်

စကားလေးပြောလိုက်ပေါ့...

 

စိန်ပလောင်ရဲ့ စိန်ဉာဏ်ရွှင်ရှူးရှဲနှပ်ဆိုတာ

👉🏻 လက်ဖက်အရသာစစ်စစ်ကိုပြည့်ပြည့်ဝဝခံစားရမယ့် ရှူးရှဲနှပ်မျိုး
👉🏻 တစ်တီလောက်တို့ကြည့်ရုံနဲ့ ရှုးရှဲထိမိနေတဲ့ ရှူးရှဲနှပ်မျိုး
👉🏻 လက်ဖက်နံ့၊ ငရုတ်သီး၊ သံပုရာသီးနံ့၊ ပဲဆီနံ့သင်းသင်းနဲ့ လတ်ဆတ်လွန်းတဲ့ ရှူးရှဲနှပ်မျိုး
👉🏻 အချိုမှုန့်၊ တာရှည်ခံဆေးလုံးဝမပါ ထိုင်ဝမ်မုန့်ညှင်းမုန်းကိုသာသုံးပြီး သဘာဝအတိုင်း အရသာရှိရှိ
နေ့ချင်းနှပ်ထားတဲ့ လတ်လတ်ဆတ်ဆတ်
နေ့ချင်းနှပ်ရှူးရှဲနှပ်ပါ...😊

လက်ဖက်သုပ်စားဦးမလား ❓
လက်ဖက်ထမင်းနယ်စားဦးမလား ❓
တစ်မျိုးဝယ်ထားရုံနဲ့ ဘက်စုံလုပ်စားလို့ရပြီး
တမူထူးခြားတဲ့သူ့အရသာကြောင့် အမြည်းစားကြည့်ပြီးတိုင်း မပါမဖြစ်ဝယ်သွားကြရတဲ့ နေ့ချင်းနှပ်တစ်မျိုးပါနော်...

လက်ဖက်ရော၊ အစပ်ပါကြိုက်တဲ့သူတွေနဲ့တော့ ကွက်တိပါပဲ…😋

ကဲ…ပြောပြတာထက် မြည်းကြည့်လိုက်ရင် ဒီထက်ပိုထူးရှယ်တယ်ဆိုတာသိရမှာမို့ အမြန်ဆုံးသာ စိန်ပလောင်ကိုလှမ်းခဲ့လိုက်ပါနော်