ပုန်းရည်ကြီးကြိုက်တဲ့သူလေးတွေအတွက် ဝယ်ကိုဝယ်ရမဲ့ ပစ္စည်းကောင်းလေးပါ၊ မင်မင် ၁၂-၁၃ နှစ်လောက်က ရေခဲသေတ္တာထဲမှာ ထည့်ထားတဲ့ ပုန်းရည်ကြီးတွေကောင်းလွန်းလို့ ညစာမတိုင်ခင် တံခါးခဏခဏသွားဖွင့်ပြီး တစ်ပန်းကန်လုံးကုန်အောင် စားလိုက်မိတာလေး မှတ်မိတယ်၊ အဲ့အရသာလေးကို ကြားထဲမှာ ပြန်မရခဲ့တာကို အခု ဒီဆင်ချောင်းပုန်းရည်ကြီးလေးနဲ့မှ ပြန်ရသွားခဲ့တာပါ။ တကယ်ကိုကောင်းတာ၊ ညိုညိုလေးနဲ့ လတ်ဆတ်သောလေးပါ၊
ထိထိမိမိ နဲ့ အရသာရှိလှတဲ့ အရီးချို ရဲ့ ဆင်ချောင်းပုန်းရည်ကြီးလေးပါ။ ပဲပိစပ်စစ်စစ်နဲ့ လုပ်ထားတဲ့ စားဖူးသူတိုင်းကြိုက်ကြပါတယ်ဆိုတဲ့ ဆင်ချောင်းပုန်းရည်ကြီးလေးပါ။
ပုန်းရည်ကြီးကောင်းရင် သုတ်စားစား ဝက်ပုန်းရည်ပဲချက်စားစား အသားဟင်းမလိုပဲတခွက်နဲ့အပြီးပဲနော်လို့ 🩵
သန့်ရှင်းလတ်ဆတ်တဲ့ ကုန်ကြမ်းတွေကို သုံးပြီးပြုလုပ်ထားတာမို့ အရသာနဲ့ Quality ပြောစရာမလိုအောင် ကောင်းပါတယ်ရှင့်
🤎 လက်ဆောင်ပေးလည်းလှပြီး အရသာလေးကလည်း တကယ်ကိုပဲ သန့်ရှငိးလတ်ဆတ်စားကောင်း ပါရှင့်
🌴🌴🌴 အညာဒေသရဲ့ လက်ရာ စစ်စစ်လေး စားချင်ရင် ဒါလေးကို ရွေးချယ်ပါရှင်
ဝက်သား ပုန်းရည်ကြီးချက်နည်းလေးပါ မျှဝေပေးလိုက်ပါတယ်ရှင် 🩵
ပါဝင်ပစ္စည်းများ
👉 ဝက်သား သုံးထပ်သား (၁) ပိဿာ
👉 ပုန်းရည်ကြီး (ရေထည့်ပြီး အနှစ်ဖျော်ထားပေးပါ )
👉 ကြက်သွန်နီ (၆) (၇) လုံး လေးစိပ်စိပ်ပါ
👉 ဆား ။ သကြား ။ အရသာမှုန့် ။ငံပြာရည်
👉 နနွင်းမှုန့် ။ မြေပဲဆီ (ရိုးရိုးဆီလည်းရ)
👉 ကြက်သွန်ဖြူ
ပြုလုပ်ပုံအဆင့်ဆင့်
ပထမဦးစွာ ဝက်သားသုံးထပ်သားကို အနေတော်သုံးပြီး ဆား ။ သကြား ။ အရသာမှုန့်နဲ့ နယ်ထားပေးပါ
ပြီးနောက် ချက်မယ့်အိုးထဲကို ဆီထည့်ပြီး အပူပေးပါ ဆီပူလာရင် မီးအားလျှော့၍ နနွင်းထည့်ပါ ဝက်သားထည့်ပြီး ဟိုဖက် ဒီဖက် လှန်ကာ၂ မိနစ် ၃ မိနစ် ခန့်မွှေပေးပါ
ဝက်သားအရောင်ပြောင်းလာရင်
ဝက်သားကို ရေနွေးပူဖြင့် ဝက်သား မြုပ်အောင် ထည့်ပြီးအဖုံးအုပ်ကာ မီးအား အနေတော်နဲ့သာ ချက်ပေးပါ
ရေများခမ်းလာပြီး ရေတစ်ဝက်ကျန်တဲ့အချိန်မှာ ပုန်းရည်ကြီးအနှစ်များထည့်ပြီး မွှေပါ ။ ပြီးနောက် ကြက်သွန်နီ လေးစိပ်အကွင်းလိုစိပ်ထားတာကို ထည့်မွှေပြီး အဖုံးအုပ်ထားပေးပါ။
ကြက်သွန်ဖပ်လေးများလည်း နူးအိသွားပြီး
မိမိနှစ်သက်တဲ့ ရေ အပျစ် အကျဲအနေအထားရပြီဆိုရင် အရသာ အပေါ့အငံမြည်းကြည့်ပါ
အဆင်ပြေပြီ ဝက်သားလည်း နူးအိပြီဆိုရင် အိုးချလို့ရပါပြီနော်
ဝက်သားပုန်းရည်ကြီးက ပုန်းရည်ကြီးအနှစ်ပါတာမို့ကြက်သွန်အနှစ် အများကြီးထည့်ဖို့ မလိုပါဘူးနော် အသားရော အခေါက်ပါ အိစက်နေစေဖို့အတွက် မီးအား မပြင်းစေပဲ, မီးအား အသင့်အတင့်နဲ့ အဖုံးအုပ်ထားပြီး စိတ်ရှည်ရှည်နဲ့ ချက်ဖို့လိုပါမယ်နော်
ဒါဆိုရင်တော့ ထမင်းကို အရမ်းမြိန်စေတဲ့ ဝက်သားပုန်းရည်ကြီးချက်ရပါပြီနော် 🩵