New Arrivals

Drinks

Snacks

Breakfast

Authentic Myanmar Essentials

Mohinga

Dried Fish & Prawns

Noodles

Laphet

Meat & Fish

Ready to Eat

Side Dishes

Veg

Sauces, Spices &

မစီမာ စောင်းလျားသီးပေါင်း x 10 ထုပ်ပါ (105g)

မစီမာ စောင်းလျားသီးပေါင်း x 10 ထုပ်ပါ (105g)

£4.50
Our Promise

Free Shipping Above £30

5% Off + Free Gift Above £50

Free NEXT DAY Delivery Above £100

Fast 2-4 Day Shipping

အားလုံးမျှော်နေကြတဲ့ ဇာတ်လိုက်မင်းသားတပါး စောင်းလျားသီးပေါင်းလေးရပါပြီခင်ဗျာ။

စောင်းလျားသီးက စားလို့ကောင်းလား?ကျန်းမာရေးနဲ့ကောညီညွတ်ရဲ့လား ?ဘာအကျိုးကျေးဇူးတွေရှိလို့လဲ စတဲ့မေးခွန်းတွေနဲ့ခေါင်းရှုပ်မခံပါနဲ့ ခုပဲရှင်းပြပေးလိုက်ပါရစေဗျ😉

စောင်းလျားသီးကို နွေနဲ့မိုးစပ်ကြားမတ်ကြားကာလမှာအများဆုံးရတတ်ပြီး ကျန်ကာလမှာတော့ ရတာ နည်းပါတယ်ခင်ဗျ။ ဟာကွာ ငါတို့သိချင်တာဒါမဟုတ်ဘူးလေ ဆိုပြီး ဆန္ဒတွေမစောကြပါနဲ့အုံး🤭 ခုကစပြီး စောင်းလျားသီးစားသုံးခြင်းရဲ့အကျိုးကျေးဇူးတွေကိုဖော်ပြသွားပါမယ်ခင်ဗျ🥰

စောင်းလျားသီးဟာ ရင်အေးစေတဲ့အသီးလို့ တင်စားခေါ်ဝေါ်လေ့ရှိကြပါတယ်။ စောင်းလျားသီးဟာ အစိုဓာတ်တွေအများအပြား ပါဝင်တာကြောင့် ကိုယ်တွင်းအပူချိန်ကိုထိန်းညှိပေးပြီး ခန္ဓာကိုယ်တွင်းအပူချိန်ကိုထိန်းညှိဖြေလျော့ပေးနိုင်တဲ့အစွမ်းသတ္တိရှိပါတယ်ဗျ။

စောင်းလျားသီးမှာ vitamin Aပါဝင်တာကြောင့် အရိုးအဆစ်ကျန်းမာကြံ့ခိုင်စေပြီး မျက်စိနဲ့အရေပြားကျန်းမာရေးကိုပါအထောက်အကူပြုပါတယ်ခင်ဗျာ။

အစာခြေစနစ်ကိုအထူးပံ့ပိုးပေးတာကြောင့်အူလမ်းကြောင်းကျန်းမာရေးကိုအများကြီးကောင်းမွန်စေပါတယ်။ အချဉ်ဓာတ်နည်းတဲ့အသီးမို့ အစာအိမ်နာမှာစိုးရိမ်စရာလဲမရှိတာမို့ စိတ်အေးလက်အေးစားသုံးလို့ရပါတယ်ဗျ။

ကိုယ်ခန္ဓာကျန်းမာရေးလိုက်စားသူတွေ၊အဆီချ ချင်သူတွေအတွက်ကတော့ အသင့်တော်ဆုံးဆေးဝါးသီးနှံတခုလို့ဆိုလို့ရပါတယ်။

Vitamin C လဲပါဝင်သေးတာကြောင့်ဓာတ်မတည့်မှုတွေ၊ကိုယ်ခံအားနည်းတာတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်ခင်ဗျာ။

ဒီလို ကျန်းမာရေးအထောက်အကူပြုတဲ့အသီးကို အိမ်မှာကိုယ်တိုင်လုပ်စားမယ်ဆို ငွေကုန်၊အချိန်ကုန်၊လူပင်ပန်းနဲ့ အရသာပိုင်းကိုပါပူပန်နေရအုံးမယ်နော်🙄

ကျန်းမာရေးနဲ့လဲညီညွတ်၊အရသာလဲကောင်း၊ ဓာတုဆေးဝါးလဲမပါဝင်၊အချိန်ကုန်လူပင်ပန်းအရမ်းသက်သက်သာသာနဲ့မှာယူလို့ရပါပြီခင်ဗျာ

တပါကင်မှာ တခါစား အထုပ်လေးတွေ ၁၀ထုပ်ပါဝင်တာမို့ မကုန်ရင်လဲ သိမ်းဖို့အခက်အခဲတွေစိတ်ပူစရာမလိုဘဲ စနစ်တကျသုံးဆောင်လို့ရပါတယ်ခင်ဗျ🥳