မုန့်ဟင်းခါးဆိုတာ မြန်မာလူမျိုးတွေရဲ့ အကြိုက်ဆုံးတွေထဲက တစ်ခုပါပဲ…
နောက်ပြီး မုန့်ဟင်းခါးစားရင်လည်း ငှက်ပျောအူလေးကပါမှ ဖြစ်ဦးမှာလေ…
အဲ့လို အမြဲမပါမဖြစ် ဖြစ်နေတဲ့ ငှက်ပျောအူကို TOMOကနေပြီး အခြောက်ခံကာ ထုတ်လုပ်ပေးထားပါတယ်ရှင့်…
TOMOရဲ့ အရွက်ခြောက်လေးတွေက အရမ်းကြီးခြောက်ကပ်နေတာမျိုးမဟုတ်ပဲ ရေနွေးဖျောလိုက်တာနဲ့ အသင့်ချက်စားလို့ရပါတယ်။
ဒါကြောင့်…မုန့်ဟင်းခါးချက်တိုင်း မပါမဖြစ် ငှက်ပျောအူကို ရှာမနေချင်ရင်တော့ TOMOကိုသာ ပြေးဝယ်လိုက်ပါနော်…
ငှက်ပျောအူဆို ဝေးဝေးက ရှောင်တဲ့တွေသူရှိလား??
မုန့်ဟင်းခါးစားရင် နံနံပင်မထည့် ငှက်ပျောအူမထည့်နဲ့ဆိုပြီးတော့ အသည်းအသန်ငြင်းဖူးရင်တော့ အခုပြောပြမယ့်အကြောင်းအရာလေး ဖတ်ပြီးရင်တော့ ငြင်းမှာမဟုတ်တော့ပါဘူး…
ငှက်ပျောပင်က အသီး၊အရွက်၊အခွံ၊ပင်စည်အထိကို ဆေးဖက်ဝင်နေတာကတော့ အမှန်ပါပဲ…
ငှက်ပျောသီးမှာက ဗီတာမင်နဲ့သတ္တုဓာတ်တွေပါဝင်ပြီး အသားအရေအတွက်ဆိုရင် ငှက်ပျောခွံက အရမ်းအသုံးဝင်ပါတယ်။
အရွက်ဆိုရက်လည်း အဆိပ်တောက်ကင်းတဲ့အတွက်ကြောင့် မုန့်တွေလုပ်ရင် ထည့်သုံးလေ့ရှိပါတယ်။
ဒါတင်မကသေးပါဘူး… ပင်စည်နဲ့ ငှက်ပျောအူကလည်း ကျန်းမာရေးအတွက် အထောက်အကူအများကြီးပြုပါသေးတယ်။
ငှက်ပျောအူက ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်သလို အမျှင်ဓာတ်ကြွယ်၀တာကြောင့် ဆီးလည်းရွှင်စေပါတယ်။
ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုကုသပေးနိုင်တဲ့အပြင် ဆီးကျောက်ကိုလည်း ကြေစေပါတယ်။
ဝိတ်ချနေတဲ့သူတွေအတွက် အမျှင်ဓာတ်ကြွယ်၀လွန်းတဲ့ ငှက်ပျောအူက သကြားဓာတ်နဲ့ အဆီဓာတ်တွေကို မစုံလာအောင် တာဆီးပေးပြီး အစာချေဖျတ်နိုင်စွမ်းကိုပိုမိုကောင်းမွန်လာစေပြီး ကယ်လိုရီပါဝင်မှု လျော့နည်းပါတယ်။
ဆီးချိုရောဂါအတွက် သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးပါတယ်။
ဗီတာမင် B6 နဲ့ သံဓာတ်ကြွယ်၀ပြီး ဟီမိုဂလိုဘင်အရေအတွက်ကိုတိုးစေပြီး ပိုတက်ဆီယမ်ပါဝင်မှုလည်း မြင့်မားစွာပါဝင်တာကြောင့်ကိုလက်စထရောကို ချေဖျက်ပေးနိုင်ပါတယ်။
ဗိုက်မအီမသာဖြစ်တာ အစာအိမ်အချဥ်ပေါက်တာတွေအတွက်လည်း ငှက်ပျော်အူက ခန္ဓာကိုယ်ထဲမှာရှိတဲ့ အက်စစ်ဓာတ်ကို ထိိန်းညှိပေးပါသေးတယ်။
ကဲ…ဒီလောက်ဆို ငှက်ပျောအူရဲ့ အကျိုးကျေးဇူးတွေကို သိလောက်ပြီလို့ထင်ပါတယ်။