{"product_id":"ကွမ်းရွက်ပုံ-ချောင်းဆိုးပျောက်ဆေး-45g","title":"ကွမ်းရွက်ပုံ ချောင်းဆိုးပျောက်ဆေး (45g)","description":"\u003cp\u003e\"သက်ကြီးစကား သက်ငယ်ကြား\" ဆိုတဲ့ စကားလိုပဲ….\u003c\/p\u003e\n\u003cp\u003eလူကြီးတွေဆိုတာ ကလေးဘဝ၊ လူငယ်ဘဝ၊ ဒါတွေအားလုံး ဖြတ်ကျော်လာခဲ့ပြီးပြီမို့ လောကဓံအလိုက် ကြုံလာရတဲ့ အဖြစ်အပျက်တွေ၊ ဖြေရှင်းနည်းတွေ၊ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ကြိုမြင်တတ်ကြပါတယ်။\u003c\/p\u003e\n\u003cp\u003eလူကြီးတွေဆိုတာ ကောင်းတာလေးဆိုရင် နောက်လူတွေကို လက်ဆင့်ကမ်းအမွေအဖြစ် ချန်ထားရစ်ခဲ့ချင်ကြတာပါပဲ။ ပွဲတော်၊ ယဉ်ကျေးမှု၊ အစားအသောက် ဒါတွေအပြင် ဆေး ဆိုရင်လည်း ငယ်ငယ်ကတည်း စွဲစွဲမြဲမြဲ အသုံးပြုခဲ့တာကိုပဲ နောင်လာနောက်သားတွေကို လက်ဆင့်ကမ်းပေးတတ်ကြပါတယ်။ တစ်သက်လုံး သုံးလာတဲ့ ဆေးရဲ့ အစွမ်းအာနိသင်ကို သူတို့ယုံကြည်မှုရှိနေတော့ နောက်လူငယ်တွေကို ရဲရဲကြီး လက်ကမ်းပေးနိုင်တာပေါ့။\u003c\/p\u003e\n\u003cp\u003eအဲဒီဆေးစွမ်းကောင်းတွေထဲမှာ 🍃ကွမ်းရွက်ပုံကလည်း အပါအဝင်ပဲလေ။ သမားတော်ကြီး ဆရာမြိုင် လက်ထက်က လူနာတွေရဲ့ အကြိုက်ဆုံး ဆေးတစ်လက်ဟာ နှစ်တွေကြာပြီး ခေတ်တွေပြောင်းတဲ့အထိ ဒီဆေးမှ ဒီဆေး သားစဉ်မြေးဆက် လက်ဆင့်ကမ်းလာကြတာ ယနေ့ ထိပဲပေါ့။ 🍃ကွမ်းရွက်ကို အခြေပြု၊ ဆေးဘက်ဝင် ပရဆေးတွေနဲ့ ရောစပ်ထုတ်လုပ်ထားတဲ့ ကွမ်းရွက်ပုံက ချောင်းဆိုးပျောက်၊ အစာကြေ၊ လေနိုင်လို့ ဒီနေ့ထိ နာမည်ကျော်နေဆဲပါပဲ။\u003c\/p\u003e\n\u003cp\u003e\"သက်ကြီးစကား သက်ငယ်ကြား\" ဆိုသလို လက်ဆင့်ကမ်းခဲ့တဲ့ နှစ်တွေကြား 🍃ကွမ်းရွက်ပုံဆေးစွမ်းကို ယုံကြည်အားပေး သုံးစွဲခဲ့ကြတာ အထူးပဲ ဂုဏ်ယူဝမ်းမြောက်စွာနဲ့ ကျေးဇူးတင်မိပါတယ်ခင်ဗျာ။\u003c\/p\u003e","brand":"Lwan Pyay","offers":[{"title":"Default Title","offer_id":56780592021881,"sku":null,"price":3.5,"currency_code":"GBP","in_stock":true}],"thumbnail_url":"\/\/cdn.shopify.com\/s\/files\/1\/0663\/9062\/2398\/files\/IMG-4070.jpg?v=1772575486","url":"https:\/\/lwanpyay.com\/products\/%e1%80%80%e1%80%bd%e1%80%99%e1%80%ba%e1%80%b8%e1%80%9b%e1%80%bd%e1%80%80%e1%80%ba%e1%80%95%e1%80%af%e1%80%b6-%e1%80%81%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%86%e1%80%ad%e1%80%af%e1%80%b8%e1%80%95%e1%80%bb%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%86%e1%80%b1%e1%80%b8-45g","provider":"Lwan Pyay","version":"1.0","type":"link"}