New Arrivals

Drinks

Snacks

Breakfast

Authentic Myanmar Essentials

Mohinga

Dried Fish & Prawns

Noodles

Laphet

Meat & Fish

Ready to Eat

Side Dishes

Veg

Sauces, Spices &

ဒေါ်ရိတ်ကြီး ၁၂မျိုး ဂျင်းသုပ် (150g) Ginger Salad

ဒေါ်ရိတ်ကြီး ၁၂မျိုး ဂျင်းသုပ် (150g) Ginger Salad

£4.99
Our Promise

Free Shipping Above £30

5% Off + Free Gift Above £50

Free NEXT DAY Delivery Above £100

Fast 2-4 Day Shipping

ယခင် (၁၉၈၈)ခုနှစ်လောက်ကိုပြန်သွားပြီး ဒေါ်ရိတ်ကြီး ဂျင်းသုပ်ကို ပြန်လည်လွမ်းဆွတ်နေသူများအတွက် . . . သတင်းကောင်း ဒေါ်ရိတ်ကြီးရဲ့ ယခင်မူလအရသာအတိုင်း (၁၂)မျိုးဂျင်းသုပ်လေး ထွက်လာပါပြီ။ ၁၂ မျိုး ဂျင်းသုပ်ဆိုတဲ့အတိုင်းပဲ သဘာ၀ဂျင်းနု၊ Grade A ရွှေပုစွန်ခြောက်အကောင်းစား၊ ကန်စွန်းဥကြော်၊ အာလူးကြော်၊ အုန်းကြော်၊ ကြက်သွန်ကြော်၊ မြေပဲ၊ နှမ်း၊ ပဲစိမ်း၊ ပဲဖူး၊ ဖရုံစေ့၊ သီဟိုဠ်ဆံ၊ မြေပဲမှုန့်၊ ပဲကျက်မှုန့် စတဲ့ ပစ္စည်း ရက်ရောစုံလင်စွာ ပါဝင်လို့ ဘာနဲ့မှမတူ ထူးခြားတဲ့ ဂျင်းသုပ်အရသာကို ရရှိမှာဖြစ်ပါတယ်။ ငယ်ငယ်တုံးက ဆူးလေက အမြဲလူစည်ကားနေတတ်တဲ့ ဒေါ်ရိတ်ကြီး လက်ဖက်ဆိုင်မှာ သူငယ်ချင်းတွေနဲ့အတူ ခွေးခြေသေးသေးလေးတွေနဲ့ ထိုင်စားဖူးကြသလား? Admin ကတော့ လက်ဖက်သုပ်စားရင်း ရေနွေးကြမ်းနဲ့ ထမင်းဖြူကလေးမှာပြီး ကြက်သွန်ဖြူ ငရုတ်သီးစိမ်းလေးတွေကိုက်ရင်း စားခဲ့ကြတာကို မှတ်မိနေပါတယ်။
မိသားစုနဲ့ပဲ အပျင်းပြေစားစား၊ ရန်ကုန်ငယ်ဘ၀အလွမ်းပြေစားစား၊ ဘော်ဒါတွေလာလည်မှာမို့လို့ ဒေါ်ရိတ်ကြီးလက်ဖက်သုတ်နဲ့ ဧည့်ခံချင်လို့ပဲဖြစ်ဖြစ် ဝယ်ဆောင်ထားသင့်တဲ့ ဒေါ်ရိတ်ကြီးလက်ဖက်သုပ် ဂျင်းသုပ်ကလေးတွေပါ။