ပန်းခရေကြီးရဲ့(ဆိတ်၊အမဲ)ဟင်းချက်အနှစ်နဲ့ဟင်းချက်နည်းလေးပါရှင်
ခုလက်ရှိအထိဟင်းချက်အနှစ်၁၈မျိုးထုတ်လုပ်ထားပါတယ်
Itemတခုချင်းစီတိုင်းမှာကွဲပြားတဲ့အရသာတွေနဲ့လွယ်ကူတဲ့ချက်နည်းတွေကိုချစ်ရတဲ့အိမ်ရှင်မတွေတွေ့ရမှာပါ
ဒီဟင်းချက်အနှစ်ထုပ်လေးတွေကအသား၊ငါးစတာတွေနဲ့တွဲဖက်ချက်မှသာအစားဟင်းချက်အနှစ်တွေဖြစ်မှာပါ
ဟင်းချက်အနှစ်သီးသန့်အနေနဲ့က100%အပြည့်သက်သတ်လွတ်လို့သက်လွတ်ဟင်းလျာများကိုလဲယုံကြည်စိတ်ချစွချက်ပြုတ်နိုင်ပါတယ်ရှင်
အခန်းအပူချိန်အတိုင်း၃လအထားခံပါတယ်
ရေခဲသေတ္တာအခဲခန်းထဲထည့်
သိမ်းနိုင်ရင်တော့စိတ်ကြိုက်ပါ
ဟင်းချက်အနှစ်တထုပ်ကို
အသား၊ငါး၂၅ကျပ်သားမှ၃၀သားထိချက်နိုင်ပါတယ်
ပွဲထိုင်အရသာဖြစ်စေပါမယ်
စားကောင်းစေဖို့အာမခံပါတယ်ရှင်
ဆိတ်သားအစစ်ရွေးချယ်၀ယ်ယူဖို့တော့လိုပါမယ်ရှင်
သိုးသားနဲ့တိုးလာရင်တော့ညှီပါမယ်
ဆိတ်သားကိုရေမဆေးခင်ဆားနဲ့အရင်နယ်ပါ
ပြီးမှရေဆေးပါရှင်
ရေအထပ်ထပ်ဆေးပါ
ဒါဆိုရင်တော့အညှီကုန်ပါတယ်
ဒါကိုမှညှီတယ်ထင်သေးရင်
ပဲမှုန့်၊ဆန်မှုန့်၊မန်ကျည်းမှည့်အဆင်ပြေရာတခုခုနဲ့၁၀မိနစ်ခန့်နယ်ထားပြီးမှရေပြန်ဆေးပါ
လုံး၀မညှီတော့ပါဘူး
ခဲအိတ်ဖောက်လိုက်ရင်အထဲမှာအနှစ်ထုတ်ကိုလေသေချာကျစ်
နေအောင်စုပ်ထားတဲ့အထုပ်လေးတွေ့ပါမယ်
ဒီအထုတ်လေးကိုဟင်းချက်မယ်ဆိုရင်အသား၂၅ကျပ်သားမှ
၃၀သားအထိချက်နိုင်ပါတယ်ရှင်
ရေဆေးထားတဲ့ဆိတ်သားထဲအနှစ်ထုပ်ဖောက်ထည့်
သေချာပိုင်ပိုင်လေးနယ်ပြီး
၁၅မိနစ်ခန့်နှပ်ထားပါ
ပြီးရင်ဆီ၅ကျပ်သားခန့်နဲ့ရေမြုပ်အောင်ထည့်ပြီးအလွန်လွယ်ကူစွာချက်ပြုတ်နိုင်ပါပြီ
အသားနူးဆီပြန်လာရင်သုံးဆောင်လို့ရပါပြီ
အပင်ပန်းသက်သာပြီအချိန်တိုလေးအတွင်းမှာဆိတ်သားဆီပြန်ဟင်းတခွက်ကိုလွယ်ကူအရသာရှိစွာချက်နိုင်ပါတယ်