New Arrivals

Snacks

Breakfast

Authentic Myanmar Essentials

Mohinga

Dried Fish

Noodles

Laphet

Meat & Fish

Ready to Eat

Side Dishes

Veg

Sauces, Spices &

ပန်းခရေ ထမင်းကြော် မဆလာ (50g) Fried Rice Masala

ပန်းခရေ ထမင်းကြော် မဆလာ (50g) Fried Rice Masala

£1.50
Our Promise

Free Shipping Above £30

Get 5% Off + Free Gift + Free Shipping Above £50

Fast 2-4 Day Shipping

ထမင်းကြော်ကိုမွှေးမွှေးလေးဖြစ်အောင်ကြော်လို့ရမယ့်
ထမင်းကြော်မဆလာလေးရပါပြီရှင်

အိမ်မှာရှိတာနဲ့လွယ်ကူစွာကြော်နိုင်ပြီးစားလဲကောင်းစေတဲ့
ထမင်းကြော်နည်းလေးပါ

ဒါကတော့ထမင်းအလွယ်ကြော်နည်းပါ

အိမ်မှာရှိနေတဲ့ပဲတောင့်ရှည်
ဘဲဥ
ကြက်သွန်နီလေးစပ်ကွဲနဲ့ကြော်မယ်လေ
ကြက်ဥကတော့ထမင်းကြော်ထဲထည့်မွှေမယ်
ဘဲဥကတော့ဟပ်ဖရိုက်ပေါ့💜💜💜

ကြက်သွန်ဖြူဓားပြားရိုက်မယ်
ဆီအနည်းငယ်နဲ့ကြော်ပါမယ်
ထမင်းကြော်အဓိကစားမကောင်းစေခြင်းကဆီများတာပါ
ဒါ့ကြောင့်ဆီအနည်းငယ်ပဲထည့်မယ်နော်

ကြက်သွန်ကြော်တွေမွှေးပြီးကြွပ်လာရင်
ပဲတောင့်ရှည်ထည့်မယ်
တစ်ချက်၂ချက်လှိမ့်ပြီးရင်

ကြက်ဥဖောက်ထည့်မယ်

ထမင်း၊ဆား၊အရသာအနည်းငယ်
ကြက်သွန်လေးစိပ်ကွဲထည့်မယ်
မီးပြင်းလေးနဲ့ခပ်သွပ်သွပ်ကြော်ပါမယ်ရှင်
ထမင်းကြော်ဆိုတာထမင်းကိုရေဓာတ်ကုန်ပြီးခြောက်ခြောက်လေး
ကြော်မှစားကောင်းတာပါ

ထမင်းကြော်မဆလာတီးဇွန်း၁ဇွန်းထည့်မယ်
အရသာခပ်ပြင်းပြင်းလေးကြိုက်ရင်အနည်းငယ်ပိုထည့်နိုင်ပါတယ်ရှင်

ရပါပြီ
မွှေးမွှေးထုံထုံနဲ့အရသာရှိတဲ့ထမင်းကြော်လေးပါရှင်
အဆင်ပြေပါစေချစ်တို့ရေ့
မင်္ဂလာညနေခင်းပါရှင်