{"product_id":"မစီမာ-သံပုရာပေါင်း-x-10-ထုပ်ပါ-10g","title":"မစီမာ သံပုရာပေါင်း x 10 ထုပ်ပါ (10g)","description":"\u003cp\u003eမြန်မာမှာ အချဉ်နဲ့ပတ်သက်ရင် သံပုရာသီးကိုပြေးမြင်ကြတဲ့အထိ အရေးပါအရာရောက်တဲ့ အသီးပဲ ဖြစ်ပါတယ်။ အသားလေးနှပ်ရင်ညှီနံ့ပျောက်အောင်သံပုရာရည်နဲ့နှပ်တာမျိုး၊ ခေါင်းလေးမူးလာရင် ကြည်သွားအောင် သံပုရာရည်လေးဖျော်သောက်ကြတာမျိုး ဘက်စုံအသုံးဝင်တဲ့အသီးအဖြစ်ခံယူထားကြတာလဲဖြစ်ပါတယ်။\u003c\/p\u003e\n\u003cp\u003eမစီမာမှာ ဆိုရင်လဲ ပွဲတိုင်းကျော် အိမ်တိုင်း လူမျိုးတိုင်းအတွက် မပါမဖြစ် ဇာတ်လ်ုက်ကျော်သံပုရာနဲ့ပတ်သက်တဲ့ menu လေးတခုရှိပါတယ်ခင်ဗျ\u003c\/p\u003e\n\u003cp\u003eသူ့နာမည်လေးက သံပုရာပေါင်းဖြစ်ပါတယ်။ နဂိုသံပုရာရဲ့ အရသာဟာ အချဉ်ကဲတာမို့ သကြားလေးနဲ့ရော ဖျော်သောက်တာ ငပိလေးနဲ့ရောသုပ်စားတာမျိုးလုပ်ကြပေမဲ့ တချို့အတွက်က ဆွေမျိုးမေ့တဲ့အထိ အချဉ်ဓာတ်ကဲတယ်လို့ပြောနေကြတုန်းပါပဲဗျ။\u003c\/p\u003e\n\u003cp\u003eသံပုရာသီးလဲစားချင်တယ် ၊အရမ်းချဉ်တာမျိုးလဲ မလိုချင်ဘူးဆိုရင် မစီမာရဲ့ သံပုရာသီးပေါင်းလေးကိုမြည်းစမ်းကြည့်ဖို့ တိုက်တွန်းပါရစေလားခင်ဗျာ ။ သံပုရာသီးတော့သံပုရာသီးပေမဲ့ တဖက်စားလိုက်တိုင်း ဆွေမျိုးမေ့ရတဲ့အထိ အာခံတွင်းမှာထိထိမိမိ အချဉ်လဲအရမ်းမကဲဘဲ စားရတာအလွန်ကောင်းလွန်းလို့ တထိုင်တည်းလက်မလွှတ်စတမ်းစားချင်နေလိမ့်မယ်လို့ အာမခံချင်ပါရဲ့🤭\u003c\/p\u003e\n\u003cp\u003eဓာတုဆိုးဆေး၊ကြာရှည်ခံဆေး ဘာမှမပါဝင်ဘဲ သဘာဝနည်းစစ်စစ်နဲ့ သန့်ရှင်းသပ်ရပ်စွာ ပြုလုပ်ထားတဲ့သံပုရာပေါင်းက တဖတ်ဆိုတဖတ် ထိထိမိမိ လျှာပေါ်မှာအရသာ ထူးကဲတာကို ခံစားမိစေပါလိမ့်မယ်ဗျ🥳\u003c\/p\u003e\n\u003cp\u003e \u003c\/p\u003e","brand":"မစီမာ (Ma Si Mar)","offers":[{"title":"Default Title","offer_id":56449262584185,"sku":null,"price":4.5,"currency_code":"GBP","in_stock":false}],"thumbnail_url":"\/\/cdn.shopify.com\/s\/files\/1\/0663\/9062\/2398\/files\/IMG-3970.jpg?v=1767621013","url":"https:\/\/lwanpyay.com\/products\/%e1%80%99%e1%80%85%e1%80%ae%e1%80%99%e1%80%ac-%e1%80%9e%e1%80%b6%e1%80%95%e1%80%af%e1%80%9b%e1%80%ac%e1%80%95%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%b8-x-10-%e1%80%91%e1%80%af%e1%80%95%e1%80%ba%e1%80%95%e1%80%ab-10g","provider":"Lwan Pyay","version":"1.0","type":"link"}