New Arrivals

Drinks

Snacks

Breakfast

Authentic Myanmar Essentials

Mohinga

Dried Fish & Prawns

Noodles

Laphet

Meat & Fish

Ready to Eat

Side Dishes

Veg

Sauces, Spices &

မတုတ်မ ရှယ်လက်ဖက်ညွန့် လက်ဖက်ခါး (400g) Pickled Tea Leaves

မတုတ်မ ရှယ်လက်ဖက်ညွန့် လက်ဖက်ခါး (400g) Pickled Tea Leaves

£8.99
Our Promise

Free Shipping Above £30

5% Off + Free Gift Above £50

Free NEXT DAY Delivery Above £100

Fast 2-4 Day Shipping

လက်ဖက်ဆို ကိုယ်တိုင် စိတ်ကြိုက် နှပ်စားချင်သူများအတွက် ~

မတုတ်မ လက်ဖက်ခါး အလွတ်ထုတ်လေးများ ရပါပီ

 

ပြည်ပရောက်ရွှေမျိုးတွေ စိတ်တိုင်းကြ ပြင်ဆင်ပေးရတဲ့ လေအကျစ်ထုတ်-ရှယ်လက်ဖက်ညွန့် အခါးလေးတွေ🥰

Moisture Content အနည်းဆုံးဖြစ်အောင် လေအကျစ်ထုတ်ပြီး ထုပ်ပိုးပေးထားတာမို့ ပုံမှန်ထက်ပိုအထားခံတဲ့ “မတုတ်မ” ရှယ်လက်ဖက်ညွန့် အခါးလေးတွေပါခင်ဗျာ♥️

 

“မတုတ်မ” လက်ဖက်ခါးထုပ်လေးတွေကို Pressure ကောင်းကောင်းနဲ့ ဘာကြောင့် လေအကျစ်ထုတ်ရပါသလဲ ?

 

လက်ဖက်ရဲ့ ရန်သူဟာ “လေ” လို့ပြောရလောက်အောင် သဘာဝဖြစ်စဉ် Oxidation Process ကြောင့် လက်ဖက်သားလေးတွေ အရောင်ပြောင်းတတ်ကြပါတယ်။

 

မင်မင်တို့ ငယ်ငယ်က စားလို့မကုန်တဲ့ လက်ဖက်ခါးလေးတွေဆိုရင် လေလုံအောင် ကျစ်နေအောင်ပြန်ထုပ်ပြီး

ရေအိုးစင်လို အေးတဲ့နေရာလေးဘေးမှာ ကျောက်တုံးလို အလေးခဲလေး ဖိထားလေ့ရှိပါတယ်။

 

ရေရှည်အထားခံအောင် Chemical ဆေးဝါး

ပေါင်းထည့် ပြုပြင်တဲ့နည်းမျိုးမဟုတ်ဘဲ

လက်ဖက်ခါးလေးတွေကို သဘာဝအတိုင်း အထားခံဖို့ဆိုတာ လေအကျစ်ထုတ်ဖို့ လိုကို လိုအပ်ပါတယ်။

( ဆီစိမ်လက်ဖက်ညွန့်နှပ်များမှာပင် ဆီလွတ်တဲ့ အပိုင်းတွေ အရင်ဆုံး အရောင်ညှို့၊မှို စပြီးလိုက်တတ်တဲ့သဘောပါ )

 

ခရီးဝေးသယ်ဖို့အတွက်ပဲ ဖြစ်ဖြစ်

ကြာကြာလေးထားပြီး ပြန်လည် ရောင်းချဖို့ပဲဖြစ်ဖြစ်

အညွန့်သားပေါ်ပြီး လှဖို့ထက်

( လေကိုကျစ်နေအောင် ထုတ်ထားတာဖြစ်သည့်အတွက်

အညွန့်သားလေးတွေ မပေါ်နိုင်ပါ )

 

တာရှည်အထားခံဖို့ အဓိကထား ရွေးချယ်ဖို့ဆိုရင်

မင်မင်တို့ အနေနဲ့ Pressure ကောင်းကောင်းနဲ့ လေအကျစ်ထုတ်ထားတဲ့ လက်ဖက်ထုပ်လေးတွေ ရွေးချယ်ဝယ်ယူဖို့ Recommend ပေးပါရစေခင်ဗျာ ။

✅ကျွန်တော်တို့လက်ဖက်ညွန့်လေးတွေသည်

အရောင်မလှပါဘူးခင်ဗျာ။

လှဖို့လည်း လက်ဖက်ဆိုးဆေး Auramine-O

လုံးဝ (လုံးဝ) မသုံးပါဘူးခင်ဗျာ။

 

✅ကုန်စိမ်းသဘာဝ အထားလည်းမခံတာမို့

လအကြာကြီး Expire လည်း မပေးနိုင်ပါဘူးခင်ဗျာ။

 

 

သည်နေရာမှာ အာမခံနိုင်တာ  ၂ ချက်ပဲ ရှိပါတယ်။

 

၁၊ နမ့်ဆန်-ဇယန်းကြီး ကျေးရွာမှ လက်ဖက်ညွန့်များနှင့်

 

၂၊ သစ်သားမြေပဲဆုံဆီ စစ်စစ်ကိုသာ

အသုံးပြုတယ်ဆိုတာပါပဲ။

 

စျေးကြီးပေးမှ ကောင်းတယ်ဆိုတဲ့ ခေတ်ကြီးက ကျန်ခဲ့ပါပြီ။ “ မသိသူကျော်သွား / သိသူဖော်စား “ ဆိုတဲ့ ခေတ်ကြီးမှာ

 

ပစ္စည်းမှန် - စျေးမှန်တဲ့

ပခုက္ကူ “ရွှေညာမြေ” မှ “မတုတ်မ” လက်ဖက်ဆိုင်လေးကို

သတိရပေးပါခင်ဗျာ🙏🏻