New Arrivals

Snacks

Breakfast

Mohinga

Noodles

Laphet

Meat & Fish

Ready to Eat

Side Dishes

Veg

Sauces & Spices

ရေးဒူးရင်းယို (Durian Jam)

ရေးဒူးရင်းယို (Durian Jam)

£8.99
Our Promise

Free Shipping Above £30

Get 5% Off + Free Shipping Above £50

Fast 2-3 Day Shipping

🔸ဒူးရင်းယိုကတော့ ဒေသထွက်အစားအစာမို့ ထိုးပုံ ထိုးနည်းခြင်းတူကြပင်မယ့် အကြိုက်ဆုံးကတော့ ရေးဒူးရင်းယို အကြိုက်ဆုံးပါ.....

🔸အရမ်းကြီးချိုတာမကြိုက်တာမို့  သကြားပါဝင်မှု့ လည်းနည်း အချိုအတော်အတန်ပေါ့တာက  ဒူးရင်းရဲ့ မူရင်း အရသာနဲ့ အနံ့ကို ပေါ်လွင်စေပါတယ်ရှင် .

🔸ဒူးရင်းသား ညက်အောင် ဆီထွက်လာသည်အထိ အားစိုက်ထိုးရတာမို့ မလွယ်ကူလှပင်မယ့်  ဒေသထွက် အစားအစားတစ်ခုထဲ လူအကြိုက်အများဆုံးလို့ပြောရမှာပေါ့ရှင်.....

 

🔸ဒူးရင်းယိုကို ထိုးမယ့် ဒူးရင်းသီးက  အချောသီး အသားထူ (ယိုးဒယားမျိုး ) ထိုးရင် ညက်မနေပါဘူးနော်  ....... သူက အသားထူ လှပြီး အစေ့သေးလို့ ဒီတိုင်းတော့ စားကောင်းပါတယ်နော် ......

🔸အကြမ်းသီး မြန်မာသီး အစူး ခပ်စိပ်စိပ်ကို အကြမ်းသီးလို့ ခေါ်ဝေါ်ကြပါတယ် .....ဒူးရင်းယို ထိုးလို့အကောင်းဆုံးပေါ့ မှည့်ဝင်း အိစက်နေတဲ့ဒူးရင်းသားအနှစ်တွေကို သေချာလေးထုတ်ယူကာ ထားရပါတယ်.....

 

🔸ယိုထိုးမယ့် ဒူးရင်းသီးတွေမှာ အမှိုက်လုံး၀ မပါအောင် အသီးအခွံမှာတောင် အမှိုက်စလေးတွေမပါအောင် အရင်သန့်ရှင်းရပါတယ်။ သန့်ရှင်းထားတဲ့ဒူးရင်းသီးတွေကို ခွဲပြီး အသားနွင်ပြီး မိုးဗြဲဒယ်အိုးထဲ သစ်သားယောက်မကြီးနဲ့ ယိုစထိုးပါတော့တယ်။

 

🔸ယိုထိုးမယ့်ဒယ်အိုးကို မီးဖိုပေါ်စတင်ပြီး ကျက်တဲ့အချိန်အထိ မရပ်မနား မွှေရပါတယ်။ လုံးဝရပ်ထားလို့ မရပါဘူး။ သုံးနာရီလောက် ဒယ်ကို မွှေပြီးချိန်မှာတော့ ဒူးရင်းသီးတွေထဲကနေ အဆီစတင်ပြီး ထွက်လာပါတယ်။ အဲဒီအချိန်မှာတော့ သကြားစထည့်လို့ရပါပြီ။

 

🔸သကြားထည့်တဲ့အချိန်မှာလည်း သေချာချိန်ဆပြီး ထည့်ရပါတယ်။ သကြားထည့်တာများသွားရင်တော့ ယိုအရသာမထွက်တော့ဘဲ သကြားအရသာပဲ ရတော့မှာပါ။

 

🔸သကြားနဲ့ ယို ကို သမအောင် ရောမွှေတဲ့အချိန်မှာတော့ အင်မတန် အင်အားစိုက်ပြီး မွှေရပါတယ်။ နာရီဝက်လောက် သမအောင် မွှေပြီးချိန်မှာတော့ မွှေးပျံ့ပြီး အရသာရှိတဲ့ ဒူးရင်းယိုကို ရမှာပါ။

 

🔸ဒူးရင်းယိုကို အထားခံဖို့ ဆိုရင် လေလုံအောင် ထားဖို့အရေးကြီးပါတယ်ရှင်

​ဒူးရင်းယိုက လနဲ့ချီအထားခံတာမို့ အိမ်မှာဘဲ အချိုတည်းဖို့ ဖန်ပုလင်း သို့ ကော်ဗူးနဲ့ သိမ်းထားပါနော်