{"product_id":"ရွှေတရော်-မြန်မာ့ရိုးရာခေါင်းလျှော်ရည်-640g","title":"ရွှေတရော် မြန်မာ့ရိုးရာ ခေါင်းလျှော်ရည် (640g)","description":"\u003cp\u003e\"မြန်မာ့ရိုးရာတရော်ကင်ပွန်းနှင့်ခေါင်းဆေးမင်္ဂလာ\"\u003cbr\u003e \u003cbr\u003e 🙏 တရော်ကင်ပွန်းဖြင့် ခေါင်းလျှော်ခြင်းသည် မြန်မာလူမျိုးတို့၏ ရှေးရိုးရာတစ်မျိုးဖြစ်ပြီး အထူးသဖြင့် ခေါင်းဆေးမင်္ဂလာပြုရာတွင် တရော်ကင်ပွန်းကို ယနေ့ခေတ်တိုင် အသုံးပြုနေကြဆဲဖြစ်သည်။\u003c\/p\u003e\n\u003cp\u003e🙏 ခေါင်းဆေးမင်္ဂလာပြုခြင်းမှာလည်း မြန်မာ့ရိုးရာဓလေ့ဖြစ်ပြီး နှစ်တစ်နှစ်သို့ ကူးပြောင်းခြင်းအစ မြန်မာသက္ကရာဇ် နှစ်ဆန်း ၁ ရက်နေ့တွင် ခေါင်းဆေးမင်္ဂလာပြုကြသည်။ ခေါင်းဆေးမင်္ဂလာပြုလုပ်ခြင်းက နှစ်ဟောင်း မှာရှိသည့် မကောင်းသောအခိုက်အညံ့များကို ကင်းစင်အောင် ပြုလုပ်ခြင်းဖြစ်ပြီး နှစ်သစ်အတွက် ကံဇာတာပွင့်လန်းတိုးတက်ခြင်း၊ အကြံအစည်များအောင်မြင်ခြင်း၊ နိမိတ်ကောင်းခြင်းများ ရရှိအောင် ပြုလုပ်ခြင်းဖြစ်သည်။\u003c\/p\u003e\n\u003cp\u003eထိုကဲ့သို့ ခေါင်းဆေးမင်္ဂလာပြုခြင်းက ရှေးထုံစဉ်လာ ယုံကြည်ချက်တစ်ခုအနေဖြင့် တည်ရှိနေ၍ တရော်ကင်ပွန်းဖြင့်ခေါင်းလျှော်ခြင်းသည် သာမာန်မဟုတ်ဘဲ ရှေးခေတ်အစဉ်အလာ အားကိုးအားထား ပြုကြသည့် ခေါင်းလျှော်ခြင်းတစ်မျိုးလည်းဖြစ်သည်။မှတ်တမ်းများအရ ရှေးမြန်မာဘုရင်များ စစ်ချီထွက်သည့်အခါမျိုး၊ တိုင်းရေးပြည်ရေး မငြိမ်မသက် ဖြစ် သည့်အခါမျိုးနှင့် ကံဇာတာအခိုက်အညံ့များ ရှိသည်ဟု ယူဆကြသည့် အခါမျိုးတွင် တရော်ကင်ပွန်းကို တခြား သော အစီအရင်များထည့်၍ ခေါင်းလျှော်ကြသည်။ တရော်ကင်ပွန်းဖြင့် ခေါင်းဆေးမင်္ဂလာ ပြုခြင်းကို အစွမ်းထက် မြက်သော ယတြာနည်းတစ်ခု အဖြစ်လည်း အသုံးပြုကြသည်။\u003c\/p\u003e\n\u003cp\u003e🙏မြန်မာတို့၏ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အပြီး နှစ်ဆန်းတစ်ရက်နေ့တွင် ထိုကဲ့သို့ ခေါင်းဆေးမင်္ဂလာပြုခြင်းအလုပ်ကို ရှေးဘုရင်မင်းများအလေးအမြတ်ပြုလုပ်ခဲ့ကြသည်။ တရော်ကင်ပွန်းဖြင့် ခေါင်းလျှော်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်းများသည် သမိုင်းတွင် အရေးပါလာခြင်းမှာ ဒွတ္တဘောင်မင်းကြီးလက်ထက်ကတည်းကဖြစ်ကြောင်း ရာဇဝင်များမှသိရသည်။ ဒွတ္တဘောင်မင်းကြီး ဘုန်းနိမ့်၍ မှဲ့ရှင်ကွယ်ပျောက်သွားစဉ်ကမိုးရွာ၍ တရော်ပင်အောက်မိုးဝင်ခိုခဲ့စဉ် အပင်ပေါ်က စီးကျလာသည့်ရေကြောင့် မှဲ့ရှင်ပြန်ပေါ်ခဲ့သဖြင့် တရော်ပင်သည်ဘုန်းကျက်သရေရှိသည်ဟု ယူဆ ချက်များရှိခဲ့သည်။ ထို့နောက် တရော်ဖြင့် ဦးခေါင်းဆေးမင်္ဂလာတို့ကို မကြာခဏပြုလုပ်ပေးလေ့ရှိခဲ့ရာမှ အစပြု၍ ဘုရင်မင်းအဆက်ဆက် ဦးခေါင်းဆေးမင်္ဂလာကို ပြုလုပ်သည့်ဓလေ့ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း ရာဇဝင်များမှသိရသည်။ \u003cbr\u003e တရော်ခေါက်မှ အချွဲရည်ကိုယူရသဖြင့် ထုချေရသည်။ ပြီးနောက် ရေတွင်စိမ်လိုက်သည့်အခါ ချွဲတက်လာသည်။ထိုတရော်ခေါက်ကို ကင်ပွန်းသီးနှင့်ရောစပ်၍ ခေါင်းလျှော်ကြသဖြင့် တရော်ကင်ပွန်း ခေါင်းလျှော်ရည်အဖြစ် ရှေးမြန်မာတို့အသုံးပြုခဲ့ကြခြင်းဖြစ်သည်။တရော်ပင်သည် ဆေးဖက်ဝင် အပင်လည်းဖြစ်ပြီး အရွက်များမှာအရေပြားရောဂါအတွက်လည်း အကျိုးရှိသည်။ကင်ပွန်းသီးနှင့် တွဲစပ်ခြင်းမှာလည်း ၎င်းအသီးသည် အပုပ်အစပ်ကိုနိုင်သဖြင့် ဦးခေါင်းကို အနံ့ပျောက်အောင် ကင်ပွန်းသီးက စွမ်းဆောင်နိုင်သည်ဟုဆိုကြသည်။ \u003cbr\u003e မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်ရိုးရာဓလေ့များကို အတန်အသင့်ထိန်းသိမ်းနေဆဲဖြစ်သည်။ တရော်ကင်ပွန်းဖြင့် ခေါင်းလျှော်ခြင်း၊ နှစ်ဆန်းတစ်ရက်နေ့တွင် ခေါင်းဆေးမင်္ဂလာပြုခြင်းများကလည်း ယနေ့အချိန်အထိ ထိန်းသိမ်းထားနိုင်ဆဲ ဓလေ့များဖြစ်နေပါတော့သည် 🙏\u003c\/p\u003e\n\u003cp\u003e#တရော်ကင်ပွန်း #မြန်မာ့ရိုးရာခေါင်းလျှော်ရည် #၂၀၂၆သင်္ကြန် #ရွှေတရော် #‌တရော် #ကင်ပွန်း #foryoupagе #shwetayaw\u003c\/p\u003e","brand":"Lwan Pyay","offers":[{"title":"Default Title","offer_id":57111188504953,"sku":null,"price":17.99,"currency_code":"GBP","in_stock":false}],"thumbnail_url":"\/\/cdn.shopify.com\/s\/files\/1\/0663\/9062\/2398\/files\/E046988C-E2D4-46C6-A8B0-BA753A744082.jpg?v=1776720490","url":"https:\/\/lwanpyay.com\/products\/%e1%80%9b%e1%80%bd%e1%80%be%e1%80%b1%e1%80%90%e1%80%9b%e1%80%b1%e1%80%ac%e1%80%ba-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%b7%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%ac%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%b8%e1%80%9c%e1%80%bb%e1%80%be%e1%80%b1%e1%80%ac%e1%80%ba%e1%80%9b%e1%80%8a%e1%80%ba-640g","provider":"Lwan Pyay","version":"1.0","type":"link"}