New Arrivals

Snacks

Breakfast

Authentic Myanmar Essentials

Mohinga

Dried Fish

Noodles

Laphet

Meat & Fish

Ready to Eat

Side Dishes

Veg

Sauces, Spices &

လုံမ သက်သက်လွတ် မုန့်ဟင်းခါး (100g) Mohinga

လုံမ သက်သက်လွတ် မုန့်ဟင်းခါး (100g) Mohinga

£4.99
Our Promise

Free Shipping Above £30

Get 5% Off + Free Gift + Free Shipping Above £50

Fast 2-4 Day Shipping

မင်္ဂလာနက်နံခင်းပါ ရှင် 🙏

"လုံမ သတ်သတ်လွတ်မုန့်ဟင်းခါး" ပြန်ရပါပြီ 🥰

🔸လုံမဆီက သက်သတ်လွတ်ထုတ်ကုန်တိုင်းကို သက်သတ်လွတ်တွေပေမဲ့ အရောင်အဆင်းအနံ့အရသာပိုင်းမှာ ဟာကွက်မရှိရလေအောင် အထူးဖန်တီးထုတ်လုပ်ထားပါတယ်။

👉 "သက်သတ်လွတ်ဖြစ်ပြီး ဒီလောက်ကောင်းတာ ဟုတ်ရဲ့လား" ဆိုတာမျိုးဖြစ်ရအောင် ဖန်တီးထားပါတယ်။

⚠️ရာသက်ပန်သက်သတ်လွတ်သမားများအတွက် အဓိကထုတ်လုပ်ထားတာကြောင့် ပဲလိပ်၊ အသားတု၊ တောင်ပံပဲလိပ် စတာတွေပါပြည့်ပြည့်စုံစုံထည့်သွင်းပေးထားလို့ proteinဓာတ်ရပြီး တင်းတိမ်စေပါမယ်။

🔸ထုံးစံအတိုင်း တွဲဖက်သုံးဆောင်ဖို့ နေကြာဆီသီးသန့်နဲ့ကြော်ထားတဲ့ ကြက်သွန်ဖြူကြော်၊ ငရုတ်သီးအကျက်မှုန့်၊ ပန်းရောင်ကျောက်ဆားတို့ သီးသန့်ဇစ်ပိတ်အိတ်နဲ့ပါဝင်ပြီး မုန့်ဖတ်၅၀သားစာ(၈ပွဲဝန်းကျင်) သုံးဆောင်နိုင်ပါတယ်

နိုင်ငံရပ်ခြားရောက်နေပြီး သက်သတ်လွတ်သုံးဆောင်နေတဲ့အခါ သယ်ယူရတာအဆင်အပြေဆုံးနဲ့ ချက်ပြုတ်ရတာအလွယ်ကူအရိုးရှင်းဆုံး ဒီထုတ်ကုန်လေးတွေကိုသတိရလိုက်ပါရှင်။

ရာသက်ပန်သက်သတ်လွတ်သုံးဆောင်သူတွေရော ဝါတွင်းကာလမှသုံးဆောင်သူတွေရော ရံဖန်ရံခါမှသက်သတ်လွတ်သုံးဆောင်သူတွေရော အားလုံးဟာ တစ်ခါဝယ်ပြီး အမြဲတမ်းcustomerတွေဖြစ်နေကြတာ အများကြီးပါရှင်။ ယုံကြည်စွာအားပေးကြသူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ပါတယ်ရှင်။

အထုပ်ရေထောင်ချီရောင်းချထားပြီးသား 100% good reviewအပြည့်နဲ့ လုံမရဲ့သက်သတ်လွတ်ထုတ်ကုန်တွေထဲ Best Sellingအဖြစ်ဆုံးထုတ်ကုန်ပါ။ ပုံထဲမှာရေးထားတာအားလုံးပါဝင်ပြီး Packagingအမိုက်လေးနဲ့ မုန့်ဖတ်၅၀သားစာသုံးဆောင်နိုင်ပါတယ်

⚠️အရေးအကြီးဆုံးအချက်အနေနဲ့ တာရှည်ခံဆေးဝါးအလုံးစုံ အချိုမှုန့် ကြက်သားမှုန့် စားအုန်းဆီ လုံးဝကင်းစင်ကြောင်းအာမခံလို့ သက်သတ်လွတ်သုံးဆောင်ရင်း မိမိကျန်းမာရေးကိုပါဂရုစိုက်ပြီးသားဖြစ်နေစေမှာပါ။ ဆီအသုံးပြုဖို့လိုအပ်တဲ့အဆင့်တိုင်းအတွက် တူရကီနေကြာဆီတစ်မျိုးတည်းကိုသာ စျေးကြီးပေးရွေးချယ်အသုံးပြုထားပါတယ်။

🔸အသားတုခြောက်၊ ပဲလိပ်ခြောက်၊ တောင်ပံပဲလိပ်ခြောက်နဲ့ ဆီချက်တွေကတော့ ဟင်းရည်ခြောက်ထုပ်ထဲပါဝင်ပြီးသားဖြစ်ပြီး ကြက်သွန်ဖြူကြော်၊ ငရုတ်သီးအကျက်မှုန့်၊ ပန်းရောင်ကျောက်ဆားတို့ကတော့ သီးသန့်ဇစ်ပိတ်အိတ်အထုပ်တွေနဲ့ သီးခြားပါဝင်တာဖြစ်ပါတယ်။