ဒီနေ့ဆန်လုံးစီကြော်လေးကြော်ပါတယ်ရှင်.. အညာမြေပဲဆီသန့်သန့်လေးနဲ့ကြော်ထားတဲ့ ကြွပ်မွရွနေတဲ့ "ဆန်လုံးစီကြော်" လေးပါရှင်
🧡ဆန်လုံးစီကြော် (အချပ်ကြီးရှယ်) 8ချပ်ပါဘူး -
မွမွလေးနဲ့ စားလို့အရမ်းကောင်းတဲ့ ဆန်လုံးစီ ခေါ် ကောက်ညှင်း/ငချိတ်ခွက်လေးတွေရပါတယ်၊
- ကောက်ညင်းဆန် (အဖြူ)နှင့် ငချိတ်ဆန်(အမဲ)လေးကိုနူးနပ်နေအောင်သေချာပေါင်းပီးမှ အဝိုင်းနှိပ်အခြောက်လှန်းထားတဲ့ကောက်ညှင်းခွက်ခြောက်လေးတွေပါရှင်၊ သေချာနူးနပ်အောင်ပေါင်းထားလို့ အမာစေ့တွေလုံးဝမပါပါဘူးရှင်၊ မွမွလေးနဲ့ တကယ့်ကိုစားကောင်းလွန်းပါတယ်။
-- သင်္ဘောသီးထောင်းဆိုင်၊ ဟင်းထုတ်၊အသုပ်ဆိုင်လေးတွေမှာ အကြော်ထုတ်လေးတွေချိတ်ထားကြတတ်တဲ့ထဲကမှ ဆန်လုံးစီကြော်လို့ခေါ်တဲ့ မွမွရွရွလေးနဲ့စားလို့ကောင်းလှတဲ့ အကြော်လေးဖြစ်သွားမယ့် ကောက်ညင်းခွက်အချပ်အခြောက်လေးပါရှင်။
- ရေနွေးကြမ်း၊ ဘီယာလေးနဲ့မြည်းအရမ်းကောင်းတာပေါ့ရှင်၊ ချေပီးလ္ဘက်လေးနဲ့သုပ်၊ ကြက်သွန်နီဆီဆားလေးနဲ့သုပ်လည်းအရမ်းစားကောင်းပါတယ်ရှင်။ သင်္ဘောသီးထောင်း၊ ရှောက်သီးသုပ်တို့လို့နဲ့ တွဲစားအရမ်းကိုလိုက်ဖက်စားကောင်းလှပါတယ်ရှင်။ ညီမဆို သင်္ဘောသီးထောင်းကိုအရည်များများလေးလုပ်ခိုင်းပီးမှ အဲ့အရည်နဲ့ ဆန်လုံးစီကြော်ကိုတို့နှစ်ပီး စားတာပါရှင်။
- ကြော်ပီး ထန်းလျက်ရည်/ကြံသကာရည်လေး နှစ်ပီး or အပေါ်မှစမ်းပီးစားရင်လည်းတအားကောင်းပါတယ်ရှင်။ ငယ်ငယ်က အမြဲတမ်းလုပ်ကျွေးခိုင်းခဲ့တဲ့ ဆန်လုံးစီအချိုလေးပါရှင်။ ယိုးဒယားကလာတဲ့ ဆန်လုံးကြော်သေးသေးလေးတွေဆို အပေါ်ကထန်းလျက်ရည်လေးစမ်းပီး သီဟိုစေ့၊ ဖရုံစေ့၊ နှမ်းလေးဖြူးထားတာလေးတွေဆို အရမ်းစားကောင်းပါတယ်။