ကျန်းမာရေးအတွက်အထူးအကျိုးပြုပီး အရမ်းစားကောင်းလို့ လူကြိုက်များနေတဲ့ ဖရုံဆံလှော်လေးပါရှင်၊
🎃Rosted pumpkin seeds - without shell(ဖရုံဆံအလှော်
အခွံချွတ်ပီးသား ဖရုံဆံလေးတွေကို လှော်ထားတာပါရှင်။ ဒီတိုင်းလေးစားလို့ ကြွပ်ကြွပါလေးနဲ့ ဆိမ့်နေပီး အရမ်းစားကောင်းပါတယ်။ အသီးအရွက်သုပ် (salad) နှင့် လ္ဘက်သုပ်လို အသုပ်လေးတွေထဲမှာထည့်လို့ကောင်းပါတယ်ရှင်။
▪️ဖရုံစေ့မှာ Magnesium ဓါတ် ကြွယ်ဝစွာ ပါဝင်တဲ့အတွက် အရိုးအဆစ်သန်မာခြင်း၊ သွားများကိုခိုင်မာစေခြင်းနှင့် နှလုံးလေဖြတ်ခြင်းများကို ကာကွယ်ပေးနိုင်ပါတယ်။
▪️ဖရုံစေ့တွင် Tryptophan ပါဝင်တဲ့အတွက် ညအိပ်မပျော်တဲ့ သူတွေအတွက် အိပ်ယာမဝင်ခင် စားပေးခြင်းအားဖြင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။
▪️ကိုယ်ခံစွမ်းအားအတွက်အရေးကြီးတဲ့ Zinc ဓါတ်လည်း ကြွယ်ဝစွာပါဝင်တဲ့အတွက် အအေးမိခြင်းနှင့် ရာသီတုပ်ကွေးများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
▪️သွေးတွင်းသကြားဓါတ်ကို အထူးထိန်းညှိပေးလို့ ဆီးချို သွေးချိုသမားများအတွက် အရမ်းကောင်းမွန်ပါတယ်။
ဖရုံစေ့အဆီဟာ အဆစ်အမြစ်ယောင်ယမ်းခြင်းများကို အထူးသက်သာပျောက်ကင်းစေပါတယ်။
▪️Plant based omega 3 ပါဝင်တဲ့အတွက် သွေးပေါင်ချိန်ကိုထိန်းညှိပေးပြီး နှလုံးကိုအထူးကောင်းမွန်စေပါတယ်။
အမျိုးသားတွေမှာ ဖြစ်တတ်တဲ့ ဆီးကျိတ်ရောဂါများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
▪️Carotenoid နဲ့ Vitamin E အစရှိတဲ့ Antioxidant များစွာပါဝင်တဲ့အတွက် အသားအရေကို စိုပြေစေပြီး အရွယ်တင်နုပျိုစေပါတယ်။ ဖရုံစေ့ကို ပုံမှန်စားသုံးခြင်းဖြင့် ဝက်ခြံတွေကို သိသိသာသာလျှော့နည်းစေပြီး အရေပြားကင်ဆာဖြစ်ပွားခြင်းမှလည်း ကာကွယ်စေနိုင်ပါတယ်။
#pumpkinseeds #pumpkim #ဖရုံစေ့