ငှက်သိုက်အခြောက်ကို တစ်ခါတည်း ပမာဏအများကြီးပေါင်းပြီး ရေခဲသေတ္တာထဲမှာ အကြာကြီးသိမ်းထားတာထက် မိမိသောက်သုံးချင်သလောက်ပမာဏ ၃−၄ ရက်စာ (၁ ခွက် ၂ ခွက်ခန့်) ကို လတ်လတ်ဆတ်ဆတ် ပေါင်းသောက်တာ အကောင်းဆုံးဖြစ်ပါတယ်ရှင်။
= = = = = = = = = = = = = = =
🔸ငှက်သိုက် ဘယ်လိုပေါင်းရလဲ?🔸
၁။ ငှက်သိုက်အခြောက်ကို ပွလာအောင် (ငှက်သိုက်အသား အနု/အရင့်ပေါ်မူတည်ပြီး ၁−၃ နာရီခန့်) ရေစိမ်ပေးပါ။
၂။ လက်နဲ့ဖွကြည့်လို့ (တစ်မျှင်ချင်း) ပွလာရင် ရေစိမ်တာကို ရပ်ပါ။ မပွသေးတဲ့အပိုင်းတွေကို ဆက်စိမ်ပါ။ (မြန်ချင်ရင် ရေနွေးနွေးနဲ့ စိမ်နိုင်ပါတယ်)
၃။ (မသန့်စင်ရသေးတဲ့ ငှက်သိုက်ဖြစ်ပါက) ရေစိမ်ပြီး ပွလာတဲ့ငှက်သိုက်မှ ငှက်မွှေး၊ အမှုန်အမွှားများကို ဇာဂနာဖြင့် ဖယ်ထုတ်သန့်စင်ပါ။
(TCT ၏ Quality-A နှင့် B တို့ဖြစ်ပါက အချိန်ပေးပြီး သန့်စင်စရာမလိုပါ။)
၄။ သန့်စင်ထားပြီးတဲ့ငှက်သိုက်ကို ပျစ်ပျစ်ကြိုက်ရင် ငှက်သိုက် ၁ ဆ ရေ ၃ ဆ၊ ကြဲကြဲကြိုက်ရင် ငှက်သိုက် ၁ ဆ ရေ ၄−၆ ဆ ရောပြီး ပေါင်းမည့် ကြွေခွက်ထဲသို့ ထည့်ပါ။ အဖုံးဖုံးပါ။
၅။ အချိုကြိုက်ရင် သကြားခဲ (Rock Sugar) ထည့်ပါ။ ဆီးချိုရှိလျှင် လုံးဝ မထည့်ရ။
၆။ ငှက်သိုက်ထည့်ထားတဲ့ကြွေခွက်ကို ဒယ်အိုးထဲထည့်ပါ။ ကြွေခွက်တစ်ဝက်ထိရောက်အောင် ဒယ်အိုးကို ရေဖြည့်ပြီး အဖုံးပိတ်ပါ။
၇။ (သုံးတဲ့မီးဖို/ အပူချိန်တို့ မတူတာဖြစ်လို့) မိနစ် ၃၀ ခန့် အရင်ပေါင်းကြည့်ပါ။ မာသေးတယ်ထင်ရင် ဆက်ပေါင်းပါ။
၈။ ကြိုက်တဲ့အနေအထားရောက်ရင် အအေးခံပြီး သောက်သုံး/ သိမ်းဆည်းနိုင်ပါပြီ။
📌မှတ်ချက် −
👉🏻 ငှက်သိုက်ပေါင်းကို မနက် အိမ်ယာထချိန် (သို့) ညအိပ်ယာဝင်ခါနီးအချိန် သောက်သုံးပေးရင် ခန္ဓာကိုယ်အတွက် အထူးကောင်းမွန်ပါသည်။
👉🏻 ငှက်သိုက် ၁ ကျပ်သားကိုပေါင်းရင် (သောက်သုံးတဲ့ပမာဏပေါ်မူတည်ပြီး) လူတစ်ဦး ၁၀ ရက်မှ ၁၅ ရက်ထိ သောက်သုံးနိုင်ပါသည်။
👉🏻 ပေါင်းပြီးသားငှက်သိုက်ကို ရေခဲသေတ္တာထဲမှာ ၁ လအထိ သိမ်းထားလို့ရပါသည်။
👉🏻 ငှက်သိုက်အခြောက်ကို ပြင်ပအပူချိန်တွင် လေလုံအောင်သိမ်းဆည်းပါက အများဆုံး ၁ နှစ်ကျော်ထိ အထားခံပါသည်။
= = = = = = = = = = = = = = =
သဘာဝငှက်သိုက်အခြောက်ပေါင်းနည်းကို ဗီဒီယိုနဲ့ တစ်ဆင့်ချင်းစီ ရှင်းပြပေးထားတာ ကြည့်ချင်ရင် ဒီ Link လေးမှာ ဝင်ကြည့်ပေးပါ 👇🏻
https://www.facebook.com/2604144023146238/posts/3632813026945994
ငှက်သိုက်ကို မပေါင်းခင် ဘယ်လောက်ကြာကြာ ရေစိမ်ရမလဲ?
📌 ငှက်သိုက် ပေါင်းသောက်တော့မယ်ဆိုရင် "ရေမစိမ်ဘဲ တန်းပေါင်းလိုက်လို့မရဘူးလား" ၊ "ရေစိမ်ရင် ဘယ်လောက်ကြာအောင် စိမ်ရမလဲ" ဆိုပြီး မေးလေ့ရှိကြပါတယ်။
✅ တကယ်တော့ ရေစိမ်တဲ့အဆင့်ဟာ ငှက်သိုက်ထဲက မမြင်နိုင်တဲ့ အမွေးနုလေးတွေ ထွက်လာစေဖို့၊ ငှက်သိုက်ခွက်အခြောက်မှာ ကပ်နေတဲ့ ဖုန်မှုန့်၊ အမဲစက်တွေနဲ့ အနံ့အသက် ကင်းစေဖို့အတွက် မလုပ်မဖြစ် လုပ်ရမယ့် အရေးကြီးတဲ့ အဆင့်တစ်ခု ဖြစ်ပါတယ်ရှင်။
ငှက်သိုက်အခြောက်ကို ရေစိမ်တဲ့အခါ ငှက်သိုက်ရဲ့ အသား အထူအကျစ်ပေါ်မူတည်ပြီး ပွတဲ့အချိန်မတူတတ်လို့ တစ်မျှင်ချင်း တစ်ဖတ်ချင်း ပွလာတဲ့အထိ ရေစိမ်ပေးဖို့လိုပါတယ်။
👉🏻 ရေစိမ်ပြီးရင် ငှက်သိုက်ရဲ့ အမျှင်လေးတွေကို လက်နဲ့ ဖွကြည့်ပြီး တစ်မျှင်ချင်းပွလာပြီဆိုရင် ရေစိမ်တာ ရပ်လို့ရပါပြီ။
👉🏻 လက်နဲ့ဖွကြည့်တာမျိုးမလုပ်ဘဲ တစ်ညလုံး ရေစိမ်ထားမိတာမျိုး၊ အချိန်အတော်ကြာကြာ စိမ်ထားမိတာမျိုးဆိုရင် ပွနေတဲ့ ငှက်သိုက်ဖတ်တွေ အိပြီး ပိုပိုပျော့သွားတာမျိုးဖြစ်နိုင်လို့ ရေစိမ်တဲ့အခါ ပွတာကို ဆယ်ထုတ်၊ မပွသေးတာကို ဆက်စိမ်တာမျိုး လုပ်သင့်ပါတယ်။ အကြာကြီး ရေစိမ်ထားရင်လည်း ပေါင်းလိုက်ရင် အရည်ပျော်လွယ်တတ်လို့ ကြာချိန်ကို သတိထားပေးပါရှင်။
👉🏻 တချို့ ငှက်သိုက်ခွက်လေးတွေက အသားရင့်တာ ထူတာကြောင့် ရေစိမ်ရင် ပွလာဖို့ ကြာတတ်ပါတယ်။ မြန်မြန်ပွချင်တယ်ဆိုရင်တော့ အရမ်းမပူတဲ့ ရေခပ်နွေးနွေးလေးနဲ့ စိမ်ပေးလို့ရပါတယ်။
✨ ငှက်သိုက်စစ်စစ်ရဲ့ အရသာနဲ့ အနံ့က ဘယ်လိုရှိလဲ...❓ ✨
✅ ငှက်သိုက်က သဘာဝ ပရိုတင်းဓာတ် အကြွယ်ဝဆုံး အစားအစာတစ်ခုဖြစ်တာမို့ ငှက်သိုက်စစ်စစ်ကို သန့်စင်တဲ့အခါမှာဖြစ်ဖြစ် ပေါင်းတဲ့အခါမှာဖြစ်ဖြစ် သူ့ရဲ့အနံ့က ကြက်ဥအစိမ်းနံ့ သင်းသင်းလေး ရတတ်ပါတယ်ရှင်။🥚
💢 ငှက်သိုက်စစ်စစ်ရဲ့ အရသာက သဘာဝအတိုင်းဆိုရင် ဘာအရသာမှ ထူးကဲပြီး မရှိပါဘူး။ အဲ့တာကြောင့် အသင့်သောက်ပုလင်းတွေမှာဆိုရင် ကျောက်သကြားနဲ့ သဘာဝအချိုလေးတွေကို ထည့်သွင်းပေါင်းကြတာ ဖြစ်ပါတယ်။🍯
✨ပေါင်းပြီးသား အသင့်သောက်ပုလင်းဖြစ်ဖြစ်၊ အိမ်မှာ ကိုယ်တိုင်ပေါင်းတာဖြစ်ဖြစ် ငှက်သိုက်စစ်ရင် သဘာဝ ညှီနံ့ကတော့ ရကိုရတတ်ပါတယ်နော်…💯
📌 ငှက်သိုက်စစ်စစ် ပါဝင်မှုနှုန်း များလေလေ၊ ပေါင်းပြီးသား အသင့်သောက်ပုလင်းထဲမှာ ငှက်သိုက်ရဲ့ သဘာဝ ပရိုတင်း ညှီနံ့ က ပိုပြီး ရလေလေပါပဲရှင်။
✅ အိမ်မှာ ကိုယ်တိုင်ပေါင်းတဲ့အခါမှာလည်း ညှီနံ့ပျောက်ချင်တယ်ဆိုရင်် ဂျင်းပြားအနည်းငယ်၊ ဂိုဂျီဘယ်ရီစေ့ (Goji berries) ဒါမှမဟုတ် တရုတ်ဆီးသီး အဲ့လိုလေးတွေ ရောပြီးထည့်ပေါင်းပေးရင် အနံ့မွှေးပြီး ညှီနံ့သက်သာစေပါတယ်နော်။ အရသာကတော့ ကိုယ်လိုသလို အချိုကြိုက်ရင် ကျောက်သကြားလေးဖြစ်ဖြစ်၊ ပျားရည်နဲ့ဖြစ်ဖြစ် ထည့်သောက်ကြည့်နော်…✨🍯