{"product_id":"tint-tint-dry-ဂျုံကြို-350g","title":"Tint Tint Dry ဂျုံကြို (350g)","description":"\u003cp\u003e“တင့်တင့်ဂျုံကြိုနဲ့အတူ အတိတ်ဆီသို့အလည်တစ်ခေါက်..”\u003c\/p\u003e\n\u003cp\u003eဂျုံကြိုလို့ပြောလိုက်ရင် အမျိုးအမည်ခွဲခြားမရတဲ့ ခံစားချက်တမျိုးနဲ့ ငယ်ငယ်ကအချိန်တချို့ ရေးရေးလေးပြန်ပေါ်လာဖူးတဲ့သူတွေများရှိမလား...\u003c\/p\u003e\n\u003cp\u003eနေ့လည်နေ့ခင်း အိမ်ရှေ့မန်ကျည်းပင်အောက်က သစ်သားကွပ်ပျစ်ကြီးမှာ လေတဖြူးဖြူးခံ ထိုင်နေရင်း အိမ်ရှေ့ကဖြတ်သွားမယ့် မုန့်သည်ကို နားစွင့်နေခဲ့ကြဖူးတဲ့အချိန်တွေ...\u003c\/p\u003e\n\u003cp\u003eအဲဒီထဲက မုန့်တမျိုးဆိုရင် ဂျုံကြိုပဲ...\u003c\/p\u003e\n\u003cp\u003eအညာထန်းလျက်ရဲ့ သဘာဝအတိုင်း အချို မွှေးမွှေးလေးကို အရသာခံရင်း...\u003c\/p\u003e\n\u003cp\u003eဂျုံစေ့လေးတွေရဲ့ ကိုက်လိုက်ချိန်မှာ ဖောက်ကနဲ့ပေါက်သွားတာမျိုးလဲမဟုတ်ဘဲ\u003c\/p\u003e\n\u003cp\u003eအိကျိအိကျိ စေးစေးပိုင်ပိုင်လေးနဲ့ ဘယ်ဂျုံစေ့လေးက ဘယ်အချိန်မှာပေါက်ထွက်သွားမလဲဆိုပြီး ရှေ့သွားလေးတွေကနေတဆင့် အာရုံခံရင်း ငြိမ်ငြိမ်သက်သက်လေးစားနေခဲ့ဖူးတဲ့အချိန်လေးတွေ...\u003c\/p\u003e\n\u003cp\u003eအခုချိန်လို နိုင်ငံခြားမုန့်တွေ ပေါပေါများများလည်းရှိနေခဲ့ကြတာမဟုတ်ဘူး။ ရွေးချယ်စရာမရှိသလောက် နည်းခဲ့သေးတာကိုး။\u003c\/p\u003e\n\u003cp\u003eဒါပေမယ့် အခုချိန် ဂျုံကြိုပြန်စားလည်းဘယ်လောက်စားစား၊ ဘယ်အချိန်စားစား ငယ်ဘဝအမှတ်တရတွေကတော့ တခုမဟုတ် တခုပေါ်လာမှာ ငြင်းလို့ရမယ် မထင်ဘူး။\u003c\/p\u003e\n\u003cp\u003eဒီလို အမှတ်တရတွေကို ပြန်လည်ခံစားတမ်းတချင်တယ်ဆိုရင်တော့ \u003cbr\u003e💁‍♀️မြန်မာ့ရိုးရာမုန့်တွေရဲ့ အရောင်အဆင်း၊ အနံ့၊ အရသာတွေကို ရှေးမူမပျက်စေဘဲ \u003cbr\u003e💁‍♀️သန့်ရှင်း သပ်ရပ် လတ်ဆတ်မှုတွေပါထပ်မံပေါင်းစပ်ထားရုံမက \u003cbr\u003e💁‍♀️ပြည်တွင်း၊ ပြည်ပ ဘယ်နေရာရောက်ရောက် အသင့်ပြင်ဆင်စားသုံးနိုင်အောင် စီမံထားတဲ့ \u003cbr\u003eတင့်တင့်ရဲ့ ဂျုံကြိုလေးရှိပါတယ်ဆိုတာ ကြော်ငြာမောင်းခတ်ပါရစေနော်။\u003c\/p\u003e\n\u003cp\u003e#တင့်တင့် #ဂျုံကြို #မြန်မာမုန့်\u003c\/p\u003e","brand":"Tint Tint","offers":[{"title":"Default Title","offer_id":56407679304057,"sku":null,"price":12.99,"currency_code":"GBP","in_stock":true}],"thumbnail_url":"\/\/cdn.shopify.com\/s\/files\/1\/0663\/9062\/2398\/files\/0777DEB5-7DF7-45AD-82AE-45145C74AAB3.jpg?v=1766765353","url":"https:\/\/lwanpyay.com\/products\/tint-tint-dry-%e1%80%82%e1%80%bb%e1%80%af%e1%80%b6%e1%80%80%e1%80%bc%e1%80%ad%e1%80%af-350g","provider":"Lwan Pyay","version":"1.0","type":"link"}