{"product_id":"tint-tint-dry-မုန့်ကြာစိသာကူ-400g","title":"Tint Tint Dry မုန့်ကြာစိသာကူ (400g)","description":"\u003cp\u003e\"စည်းလုံးခြင်းအတွက် မုန့်ကြာစေ့သာကူတစ်ခွက်...\" လို့နာမည်ပေးချင်တယ်။ ဘာဖြစ်လို့လဲသိလား...\u003cbr\u003eပထမဆုံး တစ်ယောက်ကဆန်မှုန့်ကို ရေနဲရောနယ်ပြီး မုန့်နှစ်လုပ်ပြီး မုန့်လုံးလေးတွေလုံးနေတဲ့အချိန်မှာ တယောက်က ရေနွေးကြိုတည်ပေးထားရမယ်။\u003cbr\u003eမုန့်လုံးလုံးအပြီး ရေနွေးလည်း အဆူမှာ မုန့်လုံးသေးသေးလေးတွေထည့်ပြီးပြုတ်။ မုန့်လုံးလေးတွေ ရေပေါ်ပေါ်လာရင် ဆယ်ပြီး အအေးခံထားမယ်။\u003c\/p\u003e\n\u003cp\u003eအဲဒါတွေလုပ်နေချိန်မှာပဲ နောက်တယောက်က ထန်းလျှက်မှုန့်ကို ဆားလေးနည်းနည်းထည့်ပြီး ကြိုပေးနေမယ်။ ပွက်ပွက်ဆူလာချိန်မှာ တယောက်က ရေဆေးပြီး သန့်စင်ထားတဲ့ သာကူစေ့လေးတွေကို ထန်းလျှက်ရည်ထဲ ထည့်ပြုတ်မယ်။\u003c\/p\u003e\n\u003cp\u003e၁၀ မိနစ်လောက်ကြာပြီ သာကူစေ့လေးတွေလည်း နူးအိသွားပြီဆို ခုနက အအေးခံထားတဲ့ မုန့်လုံးလေးတွေကို ထည့်။ ပြီးရင် အုန်းသီးလေးဖြူး၊ အုန်းနို့\/နို့စိမ်းလေးစမ်းပြီး စားရုံပဲ။\u003cbr\u003eဒီလို စည်းစည်းလုံးလုံးနဲ့ Timing ကိုက် အချိတ်အဆက်မိနေအောင်လုပ်စားမှလည်း မုန့်ကြာစေ့သာကူဆိုတာ \u003cbr\u003eသာကူစေ့လေးတွေရဲ့ ခံတွင်းထဲလျှပ်ပြေးနေတဲ့အရသာ...\u003cbr\u003eမုန့်လုံးလေးတွေရဲ့ အိစိအိစိ စေးစေးပိုင်ပိုင်အရသာ...\u003cbr\u003eထန်းလျှက်ရဲ့ ချိုချိုမွှေးမွှေးအရသာလေးက ပိုပြီး ပေါ်လွင် ထိမိနေတာမျိုး။\u003c\/p\u003e\n\u003cp\u003eကိုယ့်ဖာသာရော အိမ်မှာလုပ်စားဖြစ်ကြရဲ့လား...\u003c\/p\u003e\n\u003cp\u003eအခုလို နေ့တဓူဝ အလုပ်တွေများနေတော့ အလှူပွဲတို့ စတုဒိသာတို့ သူငယ်ချင်းတွေ ဆုံတုန်းဆုံခိုက်ကလွဲရင် အိမ်မှာလုပ်စားဖြစ်လောက်မယ်မထင်ဘူး။ \u003cbr\u003eပြည်ပရောက်နေတဲ့ ရွှေမြန်မာတို့ရော လုပ်စားဖြစ်ကြရဲ့လား? \u003cbr\u003eဟုတ်တော့လည်း ဟုတ်ပါတယ်...။\u003cbr\u003eမုန့်တပွဲစားရဖို့ အမယ်စုံအောင်ဝယ်နေရတာ။ အချိုးအစားမမှန်ရင် ကျန်တဲ့ဟာက ကျန်နဲ့ မီးဖိုဆောင်ထဲ အချိန်တွေအကြာကြီး နေရာယူပြီး လွှင့်ပစ်ရတဲ့ဆီရောက်သွားရော။\u003c\/p\u003e\n\u003cp\u003eဒါပေမယ့် တင့်တင့်မှာကတော့ ပြည်တွင်းသွားသွား ပြည်ပထွက်ထွက် အလွယ်တကူသယ်သွားပြီး လူ ၅ ယောက်စာအတွက် အချိုးအစားညီအောင် ဖန်တီးထားတဲ့ Dry မုန့်ကြာစေ့သာကူ package လေးရှိပါတယ်။ Instruction ကိုလည်း သေသေချာချာဖော်ပြထားလို့ လုပ်ရတာလည်း လွယ်တယ်နော်။\u003c\/p\u003e\n\u003cp\u003e \u003c\/p\u003e\n\u003cp\u003e🌧 မိုးရာသီလေးလည်းရောက်လာပြီဆိုတော့…\u003c\/p\u003e\n\u003cp\u003eပူပူနွေးနွေးလေးနဲ့ အရသာရှိတဲ့ မုန့်ကြာစိသာကူ နဲ့ ဂျုံကြို စတာတွေကို စားဖို့အခက်တွေ့နေကြပြီလား? 😋\u003c\/p\u003e\n\u003cp\u003eဒါဆိုရင်တော့ အချိန်မရွေး၊ နေရာမရွေး ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ မိသားစုနဲ့အတူပဲဖြစ်ဖြစ်၊ အလှူပွဲတွေမှာလည်း ဘုန်းကြီးအချိုပွဲကပ်ချင်တဲ့အခါမှာပဲဖြစ်ဖြစ်—အခန်းအပူချိန် (၂၅°C) မှာပဲ ထိန်းသိမ်းနိုင်ပြီး ✔️ FDA ထောက်ခံချက်ရရှိထားတဲ့ တင့်တင့်ရဲ့ Dry Products တွေဟာ ၁၂ ရာသီ အမြဲတမ်းအတွက် အသင့်ရှိနေပါပြီနော်… 🧡✨\u003c\/p\u003e\n\u003cp\u003eမုန့်ကြာစိသာကူ၊ ဂျုံကြို စတာတွေကို ကိုယ်တိုင်လုပ်စားဖို့အတွက် အချိန်ကုန်၊ လူပင်ပန်းခံပြီး လိုက်ဝယ်နေစရာမလိုတော့ဘူးနော်… 🛒\u003c\/p\u003e\n\u003cp\u003eတင့်တင့်က ပါဝင်ပစ္စည်းတစ်ခုချင်းစီကို စုပေါင်းပြီး 💰 စရိတ်သက်သာအောင် ပြုလုပ်ပေးထားလို့ အချိုပွဲချစ်သူတိုင်း စိတ်ချယုံကြည်စွာ ဝယ်ယူစားသုံးနိုင်ပါပြီရှင့်။ 😉\u003c\/p\u003e","brand":"Tint Tint","offers":[{"title":"Default Title","offer_id":56407662264697,"sku":null,"price":12.99,"currency_code":"GBP","in_stock":true}],"thumbnail_url":"\/\/cdn.shopify.com\/s\/files\/1\/0663\/9062\/2398\/files\/AE5F2060-C9EC-4545-97C6-F092C399F415.jpg?v=1766765104","url":"https:\/\/lwanpyay.com\/products\/tint-tint-dry-%e1%80%99%e1%80%af%e1%80%94%e1%80%b7%e1%80%ba%e1%80%80%e1%80%bc%e1%80%ac%e1%80%85%e1%80%ad%e1%80%9e%e1%80%ac%e1%80%80%e1%80%b0-400g","provider":"Lwan Pyay","version":"1.0","type":"link"}