{"product_id":"tint-tint-dry-မုန့်လုံးရေပေါ်-450g","title":"Tint Tint Dry မုန့်လုံးရေပေါ် (450g) Glutinous Rice Balls","description":"\u003cp\u003eသင်္ကြန်က မင်းသားဆို သင်္ကြန်စာတွေက မင်းသမီးပဲ။ မင်းသမီးမပါဘဲ မင်းသားတစ်ပါးတည်း ကတဲ့ပွဲ မစည်သလို \u003cbr\u003eသင်္ကြန်စာအချိုပွဲတွေမပါတဲ့ သင်္ကြန်ပွဲတော်ဟာ ရေကစားရုံ သပ်သပ်ဆို ပျင်းစရာကောင်းနေမှာပေါ့။\u003c\/p\u003e\n\u003cp\u003eဆန်နဲ့ ကောက်ညှင်းထွက်ကောင်းတဲ့နိုင်ငံမို့လို့ များပြားတဲ့ ရွေးချယ်စရာတွေကြား ဖြူဖြူဖွေးဖွေးအရောင်အဆင်းလေးနဲ့ သင်္ကြန်ပွဲကိုပိုမြူးကြွစေမယ့် တင့်တင့်ရဲ့ သင်္ကြန်မင်းသမီးလေး တစ်ပါးနဲ့ မိတ်ဆက်ပေးရရင်တော့ မုန့်လုံးရေပေါ် Dry Package လေးပါပဲ။\u003c\/p\u003e\n\u003cp\u003eDry Package ရဲ့ အားသာချက်က \u003cbr\u003eမြန်မာမုန့်လုပ်လေ့မရှိလို့ မရင်းနှီးလို့ဖြစ်စေ\u003cbr\u003eအချိုးအဆ မချိန်တတ်လို့ဖြစ်စေ\u003cbr\u003eမုန့်လုပ်ချင်ပေမယ့် ပါဝင်ပစ္စည်းတွေ အစဥ်လိုက်မထည့်တတ်လို့ဖြစ်စေ\u003cbr\u003eအပိုအလို အဖိတ်အစင်မရှိစေချင်လို့ဖြစ်စေ \u003cbr\u003eဝယ်ထားပြီး ချက်ခြင်းမစားဖြစ်သေးလို့ ကြာကြာသိမ်းထားချင်လို့ဖြစ်စေ\u003cbr\u003eသွားရင်းလာရင်း အလွယ်တကူ ယူသွားချင်လို့ပဲဖြစ်စေ\u003c\/p\u003e\n\u003cp\u003eပါဝင်ပစ္စည်း\/အချိုးအစားတွေကို ၅ ဦး ဝဝလင်လင်သုံးဆောင်နိုင်အောင် ပြင်ဆင်တွက်ချက်ပြီးသားမို့လို့\u003cbr\u003eမု့န့်လုပ်နည်းကိုလည်း တိတိကျကျဖော်ပြပြီးသားမို့လို့ အချိန်တိုအတွင်း အရသာရှိရှိ သုံးဆောင်နိုင်တော့တာပါပဲ။\u003c\/p\u003e\n\u003cp\u003eအဲဒီတော့ ရဟန်းသံဃာ ဆွေမျိုးသင်္ဂဟာ၊ အိမ်‌နီးနားချင်းတွေကို ဖိတ်ခေါ်ကျွေးမွေး၊ လှူဒါန်းဖို့ပဲဖြစ်ဖြစ်၊ စတုဒိသာအကျွေးအမွေးတွေမှာ ပါဝင်ဆင်နွှဲဖို့ပဲဖြစ်ဖြစ် \u003cbr\u003eကိုယ်တိုင် ပြင်ဆင် ချက်ပြုတ်ထားတဲ့ လက်ရာစစ်စစ်မို့ ပီတိလည်းတိုး ကုသိုလ်လည်းတိုးပဲပေါ့။\u003c\/p\u003e\n\u003cp\u003e⚪️\u003c\/p\u003e\n\u003cp\u003eမြန်မာ့ရိုးရာ အတာသင်္ကြန်ကာလမှာ မပါမဖြစ်ရာသီစာ မုန့်လုံးရေပေါ်\u003c\/p\u003e\n\u003cp\u003eဟိုးအရင်ကတည်းက သင်္ကြန်ကျပြီဟေ့ ဆို ရေကစားမဏ္ဍပ်တွေနဲ့ ရေတွေပက်၊ မုန့်လုံးရေပေါ်တွေလုံးကျ။ မုန့်လုံးရေပေါ်ထဲငရုတ်သီးတွေထည့် စကြ၊ နောက်ကြ ပျော်စရာအခိုက်အတန့်လေးပေါ့.. အကြီး၊ အငယ်၊ အရွေးမရွေး ပျော်ကြတဲ့ပွဲလေး။\u003c\/p\u003e\n\u003cp\u003eဒီလိုအချိန်အခါလေးကိုအမှတ်တရအောက်မေ့ကြရင်း မိသားစုတွေ ချစ်ခင်ရတဲ့သူတွေနဲ့ ပျော်ရွှင်စရာအချိန်လေးတွေကိုဖန်တီးကြမယ်။\u003c\/p\u003e\n\u003cp\u003eဆန်မှုန့်ဝယ်အုံး၊ ကောက်ညှင်းမှုန့်ဝယ်အုံး.. ထန်းလျှက်သွားဝယ်၊ အုန်းသီးခြစ်အုံးနဲ့ ဒီလိုအဆင့်တွေကိုကျော်ဖြတ်ပြီး တင့်တင့်ရဲ့ အသင့်လုပ် မုန့်လုံးရေပေါ်ထုတ် တထုတ်ထဲနဲ့ အဆင်ပြေစေမှာပါ\u003c\/p\u003e\n\u003cp\u003eလိုအပ်တဲ့ပါဝင်ပစ္စည်းအမျိုးအစုံပါပြီးသား၊ အချိုးအဆတွေလည်းကွက်တိ။ ဘာမှထပ်မလိုတော့ပါဘူးနော်.. လုပ်ပုံလုပ်နည်း Instructions နှင့်တကွပေးထားပေးတာမို့ အားလုံးကအဆင်သင့်ပါပဲရှင့်..\u003c\/p\u003e","brand":"Tint Tint","offers":[{"title":"Default Title","offer_id":56407610687865,"sku":null,"price":12.99,"currency_code":"GBP","in_stock":false}],"thumbnail_url":"\/\/cdn.shopify.com\/s\/files\/1\/0663\/9062\/2398\/files\/936423DB-3D55-4303-B346-7D9CF36E352E.jpg?v=1766764696","url":"https:\/\/lwanpyay.com\/products\/tint-tint-dry-%e1%80%99%e1%80%af%e1%80%94%e1%80%b7%e1%80%ba%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%9b%e1%80%b1%e1%80%95%e1%80%b1%e1%80%ab%e1%80%ba-450g","provider":"Lwan Pyay","version":"1.0","type":"link"}