{"product_id":"untitled-jan4_13-40","title":"မစီမာ ဇီးငံပြား x 10 ထုပ်ပါ (10g)","description":"\u003cp\u003eငယ်ငယ်က လူကြီးတွေ ပြောတာကြားဖူးကြတယ်မလား \"ရည်းစားမထားနဲ့ ဇီးပြားပဲစား\"တဲ့ ….ဘာလို့ရည်းစားမထားဘဲ ဇီးပြားပဲစားခိုင်းပါလိမ့်လို့မင်မင်လို တွေးဖူးကြမယ် ထင်ပါတယ် 🤔\u003c\/p\u003e\n\u003cp\u003eရည်းစားထားရတာ ပူလောင်တယ်လေ ဇီးပြားစားရတာ အေးချမ်းတယ်😜 ဇီးသီးရဲ့ သဘာဝအရ ရင်အေးတယ် အပူအပုပ်ကင်းတယ် စိတ်ကိုကြည်လင်စေပြီး နလုံးကိုငြိမ်သက်အေးချမ်းစေလို့ လူကြီးတွေက စိတ်နှောက်ရင် ၊စိတ်မပျော်ရင် ဇီးယို၊ဇီးပြားစားလို့ အမြဲပြောစမှတ်ပြုလေ့ရှိကြပါတယ်ဗျ🤓\u003c\/p\u003e\n\u003cp\u003eမစီမာရဲ့ ရောင်းအားအကောင်းဆုံးထဲကတခုအပါအဝင်ဖြစ်တဲ့ ဇီးငံပြားဟာ ဆိုရင်လဲ စားသုံးသူ \"ရင်အေး၊စိတ်ကြည်၊ဦးနှောက်ရွှင်လန်း \"ဖြစ်စေမဲ့အရသာဆိုလဲမမှားပါဘူးခင်ဗျာ…..\u003c\/p\u003e\n\u003cp\u003eနေမကောင်းလို့ခံတွင်းပျက်နေလား? အလုပ်တွေပင်ပန်းပြီး အာရုံတွေထွေပြား စိတ်တွေအာရုံမစူးစိုက်နိုင်ဖြစ်နေလား ? ဒါဆိုရင်တော့ ဇီးငံပြားတထုပ်ကိုဖောက် လျှာဖျားလေးပေါ် တဖဲ့လောက် တင်ပြီး အရသာအာရုံကိုခံစားကြည့်လိုက်ပါ🥳\u003c\/p\u003e\n\u003cp\u003eလျှာပေါ်မှာပျော်ဝင်သွားတဲ့စက္ကန့်တိုင်းမှာ ချိုချဉ်ငံစပ် အရသာ လေးပါးကို တပြိုင်တည်းခံစားမိပြီး စိတ်နှလုံးဘဝင်မှာ အာဟာရအရသာ ထင်ဟပ်လာရင်း စိတ်၏လန်းဆန်းမှု၊ ခံတွင်းရှင်းကာ အားအင်ပြည့်လန်းမှုတို့ကို မုချဧကန်ရရှိနိုင်မှာပဲဖြစ်ပါတယ်ဗျ🥳\u003c\/p\u003e\n\u003cp\u003e \u003c\/p\u003e","brand":"မစီမာ (Ma Si Mar)","offers":[{"title":"Default Title","offer_id":56445348807033,"sku":null,"price":4.5,"currency_code":"GBP","in_stock":false}],"thumbnail_url":"\/\/cdn.shopify.com\/s\/files\/1\/0663\/9062\/2398\/files\/IMG-3968.jpg?v=1767620721","url":"https:\/\/lwanpyay.com\/products\/untitled-jan4_13-40","provider":"Lwan Pyay","version":"1.0","type":"link"}