{"product_id":"untitled-oct7_09-21-59","title":"မုန့်ရွာ စူပါ နန်းပြားခေါက်ဆွဲ (320g)","description":"\u003cp\u003eနန်းပြားသုပ်\u003c\/p\u003e\n\u003cp\u003eဒီတပတ်တော့ နန်းပြားသုပ်ကလေးစားချင်တဲ့စိတ်နဲ့ မနက်စောစောစီးစီးပဲ\u003cbr\u003eနန်းပြားသုပ် အတွက်ချက်ပြုတ်ဖို့ပြင်ဆင်လိုက်ပါတယ်။\u003cbr\u003eလိုအပ်တဲ့အရာတွေကတော့\u003cbr\u003eကြက်သား\u003cbr\u003eနန်းပြားခေါက်ဆွဲ\u003cbr\u003eကြက်သွန်နီ\u003cbr\u003eကြက်သွန်ဖြူ\u003cbr\u003eငရုပ်သီးအရောင်တင်မှုန့်\u003cbr\u003eပဲမှုန့်\u003cbr\u003eငံပြာရည်\u003cbr\u003eဆား\u003cbr\u003eကြက်ဥ\u003cbr\u003eနံနံပင်\u003cbr\u003eသံပုရာသီး တို့ပဲဖြစ်ပါတယ်။\u003cbr\u003eအရင်ဆုံးကြက်သားကို အနေတော်လေးတွေတုံးပြီး၊ ဆား နဲ့ ငံပြာရည်ထည့်ပြီး ပြုတ်\u003cbr\u003eပါတယ်။ ကြက်သားပြုတ်ရင်းခေါက်ဆွဲပြုတ်ဖို့ ရေနွေးတည်ထားပါတယ်၊ ရေနွေးဆူ\u003cbr\u003eလာတာနဲ့ ခေါက်ဆွဲ နဲ့ ကြက်ဥ တို့ကိုတခါတည်းရောပြုတ်ထားလိုက်ပါတယ်။\u003cbr\u003eတဆက်တည်း ကြက်သွန်နီ တချို့ကို ဟင်းချက်ဖို့အတွက် chopped လုပ်ပါတယ်။\u003cbr\u003eတချို့ကိုတော့ သုပ်စားရင်ထည့်ဖို့ ပါးပါးလေးလှီးပါတယ်။\u003cbr\u003eကြက်သွန်ဖြူလေးလဲ chopped လုပ်ပါ။ ကြက်သားပြုတ်ထားတာလေးရလောက်ရင်\u003cbr\u003eချပြီးကြက်သားတုံးတွေဆယ်ထားပါ။ ခဏ အေအးခံထားပါ။\u003cbr\u003eစောစောက ပြုတ်ထားတဲ့ နန်းပြားခေါက်ဆွဲ ရရင် တခါ\u003cbr\u003eတည်းချလိုက်ပါ ရေအေးနဲ့ ခဏေဆးခ်ျပီး ရေစစ်ထားလိုက်ပါ။\u003cbr\u003eကြက်သားတွေအေးသွားတာနဲ့ အတုံးသေးသေးလေးတွေ ဖြစ်အောင် တုံးပါတယ်။\u003cbr\u003eအရိုးတွေကိုတော့ စောစောက ကြက်သားပြုတ်ရည်ထဲ ပြန်ထည့်ပါ။\u003cbr\u003eကြက်သားကို ကြက်သွန်ဖြူ၊ကြက်သွန်နီ နဲ့ ဆီသပ်ပါ။ အနံ့မွှေးပြီး ရွှေဝါရောင်သန်း\u003cbr\u003eခါစမှာကြက်သားနွှင်ထားတာလေးထည့်ပါ။ အရောင်တင်မှုန့်၊ ဆား၊ သကြားနည်းနည်း\u003cbr\u003eနဲ့ ၊ ငံပြာရည်တို့ သင့်တော်သလိုထည့်ပါ။ ဆီပြန်လာပြီး ဟင်းအပေါ့အငံမြည်းပြီး\u003cbr\u003eချနိုင်ပါပြီ။\u003cbr\u003eသုပ်စားရင် ထည့်ဖို့ နံနံပင်၊ သံပုရာသီး တို့ကိုလှီးပြီးအသင့်ပြင်ထားပါ။\u003cbr\u003eစောစောက ကြက်ဥ ကိုလဲ အခွံခွာပြီး ပါးပါးလွီးထားပါ။\u003cbr\u003eဟင်းချို ကိုတော့ ကြက်သွန်မြိတ်၊ ဂေါ်ဖီ စသဖြင့် ခပ်ပြီး အပေါ့အငံမြည်းပြီး ခဏတည်ထားရင်\u003cbr\u003eရပါပြီ။ စားခါနီးမှ ငရုပ်ကောင်းမှုန့်လေးဖြူးပြီး သောက်နိုင်ပါတယ်။\u003c\/p\u003e\n\u003cp\u003eအားလုံးအသင့်ဖြစ်ပြီမို့ နန်းပြားသုပ်ဖို့ ပြင်ဆင်လိုက်ပါတော့မယ်နော်။\u003cbr\u003eနန်းပြားသုပ်ဖို့ ဇလုံထဲကို တယောက်စာထည့်၊ ပြီးတာနဲ့ ကြက်သားဟင်း\u003cbr\u003eထည့်၊ ကြက်သွန်နီ၊ ငံပြာရည်၊ ပဲမှုန့်၊ သံပုရာသီး၊ ငရုပ်သီးမှုန့် စသဖြင့်\u003cbr\u003eလိုသလိုထည့်ပြီးနယ်ပါ။ အပေါ့အငံမြည်းပြီး စားမယ့်ပန်းကန်လေးထဲ ပုံထည့်။\u003cbr\u003eအပေါ် က နံနံပင်လေးအုပ်ပါ။ ခြောက်နေရင်စောစောက ခပ်ထားတဲ့\u003cbr\u003eဟင်းချိုပူပူလေးနဲ့ မြောချရင်း အရသာရှိတဲ့ နန်းပြားသုပ်လေး သုံးဆောင်နိုင်ပါပြီ ရှင်။\u003c\/p\u003e\n\u003cp\u003e#crd\u003c\/p\u003e","brand":"မုန့်ရွာ","offers":[{"title":"Default Title","offer_id":64810121068921,"sku":null,"price":8.5,"currency_code":"GBP","in_stock":true}],"thumbnail_url":"\/\/cdn.shopify.com\/s\/files\/1\/0663\/9062\/2398\/files\/C976BB4F-25CD-4F19-ABE4-170EB4740669.jpg?v=1791361355","url":"https:\/\/lwanpyay.com\/products\/untitled-oct7_09-21-59","provider":"Lwan Pyay","version":"1.0","type":"link"}