New Arrivals

Snacks

Breakfast

Mohinga

Noodles

Laphet

Meat & Fish

Ready to Eat

Side Dishes

Veg

Sauces & Spices

ရုပ်သေး လက်ဖက်ရည် အမျိုးမျိုး (350g) Yoke The' Burmese Tea Sachets

ရုပ်သေး လက်ဖက်ရည် အမျိုးမျိုး (350g) Yoke The' Burmese Tea Sachets

ÂŁ8.99
Flavour
Our Promise

Free Shipping Above ÂŁ30

Get 5% Off + Free Shipping Above ÂŁ50

Fast 2-3 Day Shipping

🌧မိုးတွေ ဖြိုင်ဖြိုင်ရွာတဲ့ နေ့ဆို အိမ်ကို လွမ်းတဲ့စိတ်က ပိုပါတယ်။

ရာသီဥတုက တစိမ့်စိမ့်နဲ့ အေးလေ အိမ်က မိသားစုရဲ့ နွေးထွေးမှုကို တမ်းတလေလေပါပဲ။  🌧အိမ်ရှေ့ တံဆက်မြိတ်ကနေ စီးကျလာတဲ့ တဖြောက်ဖြောက် မိုးသံတွေကြားထဲ မောင်နှမတွေ ငြင်းရင်းခုံရင်း အဖွားဖျော်ပေးတဲ့ လက်ဖက်ရည်ပူပူ နဲ့ မုန့်ချောင်းတွေ တို့စားကြတာ ဒီလို မိုးရွာတဲ့ နေ့တွေမှာပေါ့။

💭စိတ်ရှိတိုင်း အိမ်ကို ပြန်ပြေးသွားလို့ မရတော့ အိမ်ရဲ့ အ‌နွေးဓာတ်ကို အနီးစပ်ဆုံး ခံစားလို့ရတဲ့ လက်ဖက်ရည်ပူပူ တခွက်သာ နှပ်သောက်လို့ စိတ်ဖြေရတာပါပဲ။

ရုပ်သေး ရဲ့ လက်ဖက်ရည် ထုတ်ကုန်တွေ အကုန်လုံးကို တစုတစည်းတည်း ပြန်ပြီး ဖော်ပြပေးလိုက်ပါတယ်

ရုပ်သေး လက်ဖက်ရည်မှာ -

မူလပထမ အမျိုးအစား ၂ ခု ဖြစ်တဲ့

▶️ ရိုးရိုး နဲ့ ရှယ် ( အရသာအားဖြင့် ➡️ပုံမှန်၊ ပေါ့ဆိမ့်၊ ဖန်ချို၊ ဖန်ဆိမ့် ထုတ်ထားပေးပါတယ်။ )

✅ရိုးရိုးကတော့ လက်ဖက်ရည် အရသာကို ပေါ်လွင်အောင် ဖျော်စပ်ထားတာမို့ ထိထိမိမိ သောက်ချင်တဲ့သူတွေအတွက် သင့်တော်ပြီး ၊

✅ရှယ်ကတော့ နို့ရဲ့အဆိမ့်ဓာတ်လေးကို ဦးစားပေးကာ လက်ဖက်ရည် ဆိမ့်ဆိမ့်လေး သောက်ရတာ ကြိုက်သူတွေ အတွက် ရည်ရွယ်ကာ ထုတ်ထားပါတယ်။

 

▶️ချိုဆိမ့် ကြိုက်သူတွေ အတွက်တော့ "ခေတ်ဟောင်းချိုဆိမ့်"

▶️tea bag လေးနဲ့မို့ လွယ်လွယ်ကူကူ ဖျော်နိုင်တဲ့ OnTheGo"ကြိုးဆွဲလက်ဖက်ရည်ထုတ်"

▶️ဘယ်နေရာမှာပဲ ရောက်‌ရောက် ရေနွေးလေးထည့်ရုံနဲ့ အလွယ်တကူ လက်ဖက်ရည်အရသာ မှန်မှန်လေး အဝသောက်နိုင်ဖို့ "တိုင်ကီ"

▶️လက်ဖက်ရည်အေး လည်း သောက်ချင်သေးသူများ အတွက် " Iced Milk Tea"

▶️ ပုံမှန်၊ ပေါ့ဆိမ့်၊ ဖန်ချို၊ဖန်ဆိမ့် အရသာ ၄ မျိုးလုံး အစုံပါတဲ့ "ရသာစုံ"