🌧မိုးတွေ ဖြိုင်ဖြိုင်ရွာတဲ့ နေ့ဆို အိမ်ကို လွမ်းတဲ့စိတ်က ပိုပါတယ်။
ရာသီဥတုက တစိမ့်စိမ့်နဲ့ အေးလေ အိမ်က မိသားစုရဲ့ နွေးထွေးမှုကို တမ်းတလေလေပါပဲ။ 🌧အိမ်ရှေ့ တံဆက်မြိတ်ကနေ စီးကျလာတဲ့ တဖြောက်ဖြောက် မိုးသံတွေကြားထဲ မောင်နှမတွေ ငြင်းရင်းခုံရင်း အဖွားဖျော်ပေးတဲ့ လက်ဖက်ရည်ပူပူ နဲ့ မုန့်ချောင်းတွေ တို့စားကြတာ ဒီလို မိုးရွာတဲ့ နေ့တွေမှာပေါ့။
💭စိတ်ရှိတိုင်း အိမ်ကို ပြန်ပြေးသွားလို့ မရတော့ အိမ်ရဲ့ အနွေးဓာတ်ကို အနီးစပ်ဆုံး ခံစားလို့ရတဲ့ လက်ဖက်ရည်ပူပူ တခွက်သာ နှပ်သောက်လို့ စိတ်ဖြေရတာပါပဲ။
ရုပ်သေး ရဲ့ လက်ဖက်ရည် ထုတ်ကုန်တွေ အကုန်လုံးကို တစုတစည်းတည်း ပြန်ပြီး ဖော်ပြပေးလိုက်ပါတယ်
ရုပ်သေး လက်ဖက်ရည်မှာ -
မူလပထမ အမျိုးအစား ၂ ခု ဖြစ်တဲ့
▶️ ရိုးရိုး နဲ့ ရှယ် ( အရသာအားဖြင့် ➡️ပုံမှန်၊ ပေါ့ဆိမ့်၊ ဖန်ချို၊ ဖန်ဆိမ့် ထုတ်ထားပေးပါတယ်။ )
✅ရိုးရိုးကတော့ လက်ဖက်ရည် အရသာကို ပေါ်လွင်အောင် ဖျော်စပ်ထားတာမို့ ထိထိမိမိ သောက်ချင်တဲ့သူတွေအတွက် သင့်တော်ပြီး ၊
✅ရှယ်ကတော့ နို့ရဲ့အဆိမ့်ဓာတ်လေးကို ဦးစားပေးကာ လက်ဖက်ရည် ဆိမ့်ဆိမ့်လေး သောက်ရတာ ကြိုက်သူတွေ အတွက် ရည်ရွယ်ကာ ထုတ်ထားပါတယ်။
▶️ချိုဆိမ့် ကြိုက်သူတွေ အတွက်တော့ "ခေတ်ဟောင်းချိုဆိမ့်"
▶️tea bag လေးနဲ့မို့ လွယ်လွယ်ကူကူ ဖျော်နိုင်တဲ့ OnTheGo"ကြိုးဆွဲလက်ဖက်ရည်ထုတ်"
▶️ဘယ်နေရာမှာပဲ ရောက်ရောက် ရေနွေးလေးထည့်ရုံနဲ့ အလွယ်တကူ လက်ဖက်ရည်အရသာ မှန်မှန်လေး အဝသောက်နိုင်ဖို့ "တိုင်ကီ"
▶️လက်ဖက်ရည်အေး လည်း သောက်ချင်သေးသူများ အတွက် " Iced Milk Tea"
▶️ ပုံမှန်၊ ပေါ့ဆိမ့်၊ ဖန်ချို၊ဖန်ဆိမ့် အရသာ ၄ မျိုးလုံး အစုံပါတဲ့ "ရသာစုံ"