New Arrivals

Snacks

Breakfast

Mohinga

Noodles

Laphet

Meat & Fish

Ready to Eat

Side Dishes

Veg

Sauces & Spices

Daisy ဒံပေါက် Biryani Paste

Daisy ဒံပေါက် Biryani Paste

£4.99
Size
Our Promise

Free Shipping Above £30

Get 5% Off + Free Shipping Above £50

Fast 2-3 Day Shipping

ဒေစီဒံပေါက်အနှစ်ထုပ်ချက်နည်း
(လူ 3-6 ဝဝလင်လင်စားသုံးလို့ရပါတယ်)

- ဗူးထဲမှာအထုပ်လေး ၄ထုပ်ပါဝင်ပါတယ်
- ABCDအထုပ် ၄ထုပ်ကို အစဉ်လိုက်ချက်သွားရုံဘဲမို့ အရမ်းလွယ်ကူပါတယ်
- (A)အထုပ်လေးက ကြက်သားချက်ရန်အတွက်ပါ
- ကြက်သား(၅၀)ကျပ်သားခန့်ထဲကို အထုပ်(A)ဖောက်ထည့်ပါ
- အမှုန့်နဲ့ကြက်သားတွေကို နှံ့အောင်နယ်ထားပါ
- ဒယ်ကိုမီးဖွင့်ထားရင် အမှုန့်တွေ တူးသွားတတ်လို့ မဖွင့်ခင် နယ်ထားပေးပါ
- ဒီအနေအထားလေးဆိုရင်စချက်လို့ရပါပြီ
- မတည်ခင် ဆီ(၆)ဇွန်းခန့်ထည့်ပါ
- အနည်းအများစိတ်ကြိုက်ထည့်လို့ရပါတယ်
- ဒယ်ဖွင့်ပြီးရင်ကြက်သားကထွက်လာမယ့်ရေလေးနဲ့အရင် လှိမ့်လိုက်ပါတယ်
- (၅)မိနစ်ခန့်လှိမ့်ပြီးရင် ရေစွက်လို့ရပါပြီ
- ရေကိုကြက်သားမြှပ်ရုံလောက်ထည့်ပြီး မိနစ်၃၀ခန့်တည်ထားပေးပါ
- ဒီအနေအထားရောက်ရင် ဒယ်ပိတ်လို့ရပါပြီ
- ဒံပေါက်ကြက်သားဟင်းလေးရပါပြီ
- ဆန် နို့ဆီဗူး (၄)ဗူး (သို့) (1kg) ကိုရေဆေးပြီးချက်နေကြအတိုင်းချက်ပါ
- ရေခန်းစပြုလျှင်ထမင်းပေါင်းအိုးကိုဖွင့်ပြီးအထုပ်(B) ကို ဖောက်ထည့်ပါ
- ထမင်းနှင့်ရောမွှေပြီး အဖုံးပြန်ပိတ်ကာ ဆက်ချက်ပါ
- ချက်ပြီးခလုတ်တက်ပါကအထုပ် (C) နှင့် (D) ကိုဖောက်ထည့်ပါ
- သမအောင်မွှေပြီး အဖုံးပိတ်ကာ ခဏနွှေးထားပါ
- ဒီအနေအထားလေးဆို သုံးဆောင်လို့ရပါပြီ
- ကြက်သားဟင်းနဲ့ဒံပေါက်ကိုရောမွှေပြီးလည်း သုံး ဆောင်လို့ရသလို သပ်သပ်ဆီလည်း သုံးဆောင်နိုင်ပါတယ်
- ဘာလချောင်ကြော်၊အချဉ်သုပ်နဲ့ကြာဇံဟင်းလေးပါ တွဲဖက်သုံးဆောင်နိုင်ပါတယ်