မတ်ပဲဘယာကြော်မှုန့်ထဲသို့ ရေကို ဆတူရော၍ (၁)နာရီခန့်ကြာနှပ်ထားပြီး ဂျင်း ၊ ဌက်ပျောသီးနှင့် အခြား ကြိုက်နှစ်သက်ရာရောစပ်ပြီး ( အချို ၊ အငံ ချိန်ဆ၍ ထည့်ပါ) ပြီးလျှင် ကြော်စားနိုင်ပါသည်။
မတ်ပဲဘယာကြော်
🔹မတ်ပဲမှုန့် 150g
🔹ဖီးကြမ်းငှက်ပျောသီးမှည့် ၁လုံး
🔹ချင်း လက်တဆစ်ခန့်(ထောင်းထားပါ။)
🔹ဆား လက်ဘက်စားဇွန်း ၁ဇွန်း
🔹ရေ 300ml
- မတ်ပဲမှုန့်နဲ့ ချင်း၊ ဆား၊ ငှက်ပျောသီးတို့ကို ရေဖြေးဖြေးချင်းထည့်၍ သမအောင်ရောနယ်ပါ။
- နယ်ထားတဲ့ မုန့်နှဲကို လေလုံဘူးနဲ့ထည့်ပြီး ရေခဲသေတ္တာအအေးခန်းထဲ (၈)နာရီကြာ နှပ်ထားပါ။
- မကြော်ခင် မုန့်နှစ်များပျော်သည်အထိ အခန်းအပူချိန်မှာထားပါ။
- မုန့်နှစ်ကို အဝိုင်းပြားပြားလေးလုပ်ပြီး အလယ်ကအပေါက်ဖောက်ပြီး ကြော်ပါ။
- ဆီအလွန်မပူအောင် ကြော်တဲ့အခါ သတိပြုပါ။ တစ်ဘက်က ရွှေဝါရောင်သန်းလာလျှင် နောက်တစ်ဘက်လှန်ပြီးကြော်ပါ။
- အရသာရှိ ကြွပ်ရွမွှေးဆိမ့်တဲ့ မတ်ပဲဘယာကြော် ရပါပြီရှင်။