မောက်ချိုက်စားဖို့ အတွက် အပြင်ထွက်
နေပူပူထဲ သွားရှာနေဖို့ မလိုတော့ဘူးနော်
လားရှိုး (ရှမ်းရှမ်း) က ထုတ်လုပ်ထားတဲ့
လူမျိုးဘာသာမရွေး စားသုံးလို့ရတဲ့
မောက်ချိုက်မာလာ တုတ်ထိုး အနှစ်။
မောက်ချိုက် စားချင်သူများ အိမ်မှာပဲ
အလွယ်တကူ ချက်စားလို့ ရပြီး ကြက်ဆီ၊
ဝက်ဆီ၊ အမဲဆီ လုံးဝ လုံးဝ မပါဝင်တဲ့
အတွက် လူမျိုးမရွေး ဘာသာမရွေး ယုံကြည်
စိတ်ချစွာ စားသုံးလို့ ရပါတယ်။
သက်သတ်လွတ် စားသုံးသူတွေ၊ ကျန်းမာရေးအရ
ဟင်းချိုမှုန့် ရှောင်နေရတဲ့ သူတွေ အတွက်လည်း
ဟင်းချိုမှုန့်၊ ကြက်သားမှုန့်ကို သီးသန့်
ထုပ်ပိုး ထည့်သွင်းထားတဲ့အတွက်ကြောင့်
လွန်စွာ အဆင်ပြေပြေ အရသာရှိရှိ စားသုံး
နိုင်မှာ ဖြစ်ပါတယ်။
စားသုံးသူတွေ အတွက် အကောင်းဆုံး
အရည်အသွေး အကောင်းဆုံး အရသာ
ရရှိစေရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်မှု ရှိတဲ့
ကုန်ပစ္စည်းတွေ ထုတ်လုပ်နိုင်ရေးဟာ
လားရှိုး (ရှမ်းရှမ်း) ရဲ့ အဓိက အချက်ဖြစ်တဲ့
အတွက် အရည်အသွေး အကောင်းဆုံးဆိုတဲ့
ကုန်ကြမ်းပစ္စည်းတွေကိုသာ အသုံးပြုပြီး
ထုတ်လုပ်ထားပါတယ်။
ကော်လက်စရော ပါဝင်မှု နည်းပြီး
သန့်ရှင်းလတ်ဆတ်တဲ့ ပဲလုံးဆီ၊
အကောင်းဆုံး မဆလာ နှင့်
အမွှေးအကြိုက်ဆုံး ဟွားကျောက်မှုန့်၊
အခြား အဆင့်မြင့် ကုန်ပစ္စည်းများစွာကိုသာ
အသုံးပြုပြီး ထုတ်လုပ်ထားပါတယ်။
ကြိုက်နှစ်သက်ရာ ပင်လယ်စာ၊ အသား၊
ဟင်းသီးဟင်းရွက် ကို ချက်ပြုတ်နိုင်ဖို့အတွက်လည်း
ဟင်းအနှစ်တွေ များများ ထည့်သွင်းပေးထားပါတယ်။
အားလပ်ရက်တွေမှာ မောက်ချိုက်မာလာ
တုတ်ထိုးကို မိသားစုနဲ့ပဲ ဖြစ်ဖြစ်၊
သူငယ်ချင်းတွေစုပြီး စားဖို့ပဲ ဖြစ်ဖြစ်၊
အဆင်အပြေဆုံးပါပဲ။
နေပူခံပြီးလည်း အပြင်ကို ထွက်နေစရာ
လည်း မလိုဘူး။ နောက်ပြီး လူကြီး၊ လူငယ်
မရွေး စားသုံးနိုင်အောင်လည်း
လားရှိုး (ရှမ်းရှမ်း) မှ သေချာထုတ်လုပ်ပေးထားပါတယ်။
အရည်အသွေးပိုင်းမှာလည်း အဆင့်မှီပြီး၊
စားသုံးသူတိုင်း အတွက် လွယ်ကူ၊
သက်သာအောင် ဆောင်ရွက်ပေးထားတဲ့
အပြင် ကျန်းမာရေးနှင့် ညီညွတ်အောင်
ထုတ်လုပ်ထားတဲ့ အတွက်
လားရှိုး (ရှမ်းရှမ်း) ရဲ့ မောက်ချိုက်မာလာ
တုတ်ထိုး အနှစ်ကို ယုံကြည် စိတ်ချစွာ
ရွေးချယ် စားသုံးနိုင်ပါတယ်။ 🥘🥘