ရွှေမိုးသဲ … ရဲ့ ထုတ်ကုန်အသစ်
ကောင်းကောင်း ငါး ( ၃ ) မျိုးစပ် မုန့်ဟင်းခါး အခြောက်ထုပ်လေးပါ … မြို့ချက်နဲ့တောချက်ဆိုပြီး 2 မျိုးလာပါတယ်၊
လတ်ဆတ်တဲ့ ငါး အကောင်ကြီးသား ငါးခူ ငါးရံ့ ငါးကြင်း အကောင်းကြီးသားတွေနဲ့ အကောင်းစားငံပြာရည်
ကိုယ်တိုင်လုပ် ပေါ်ဆန်းမွှေးဆန်လှော်မှုန့်
ကိုယ်တိုင်လှော် ငရုတ်ကောင်းမှုနိ့
နေကြာဆီ တို့နဲ့ ပြုလုပ်ထားပါတယ်
ရွှေမိုးသဲထုံးစံ အချိုမှုန့် နှင့်တကွ အလားတူဘာအမှုန့်မှမပါလို့ ဆီးချိုဝေဒနာရှင်များရော ကလေးငယ်များပါ စိတ်ချ လက်ချ စားလို့ရပါတယ်…
အရသာအနေနဲ့ ချက်တဲ့အခါ ငံပြာရည် နဲနဲလောက်ထပ်ထည့်ရင်ကို အဆင်ပြေနိုင်အောင် စပ်ပေးထားပါတယ် ….
ငရုတ်ကောင်းက ပိုထည့်ပေးထားလို့ နှစ်သက်သလိုထည့်ပါနော်
မုန့်ဟင်းခါးဆိုတာ အိုးကျလေ ကောင်းလေမို့ အချိန်နည်းနည်းပေးပြီး အိုးကျအောင် တည်ပါနော်
အရသာ အပျစ်အကျဲ စိတ်ကြိုက်ဖြစ်ရင်တော့
ကြက်သွန်ဖြူ နဲ့ ငရုတ်ကောင်းမှုန့်လေးရောထောင်းထားတာ အုပ်ဖို့ မမေ့နဲ့နော် ….
ပြင်ပ အပူချိန်မှာ ၂ လ အထားခံပြီး မစားသေးရင်တော့ ရေခဲသေတ္တာထဲ ထည့်သိမ်းပေးပါရှင် …..
မုန့်ဖတ် ၅၀ သား နဲ့ စားသုံးနိုင်ပါတယ် ….
ဒီမုန့်ဟင်းခါးရဲ့ အရသာကစားဖူးတဲ့ မုန့်တီအခြောက်တွေ
ဘယ်လောက်ဘဲကောင်းတယ်ပြောပြော ဒါကိုမမီဘူး
ဒီမုန့်ဟင်းခါးရဲ့ အရသာက ဘာနဲ့တူလဲဆိုရင် မြောင်းမြလိုလို
ရွှေတောင်ကုန်းဘုန်းကြီးကျောင်းမှာ ချက်တဲ့အရသာလိုလို
ငါးအရသာများများနဲ့ အရမ်းကောင်းတာ😋
တစ်ရက်တည်းစားတာ ၃ပွဲ…ကိုယ့်အမဆီ တစ်ပွဲသွားပို့ရင်းနဲ့
လမ်းမှာအနံ့တွေပါထောင်းထောင်းထွက် မွှေးတာဆိုတာ
ထပ်စားချင်စိတ်ပါပေါက်တယ်
သူ့ပါဝင်ပစ္စည်းအတိုင်းသေချာလေးတည်ပေး
အရမ်းစားကောင်းတယ် အရသာပေါ့ရင်ငါးငံပြာရည်ထည့်
မှာစားကြည့်ပါ!🤤