New Arrivals

Drinks

Snacks

Breakfast

Authentic Myanmar Essentials

Mohinga

Dried Fish & Prawns

Noodles

Laphet

Meat & Fish

Ready to Eat

Side Dishes

Veg

Sauces, Spices &

စက်မှုဒေါ်ညို မုန့်ဟင်းခါး (300g) Mohinga

စက်မှုဒေါ်ညို မုန့်ဟင်းခါး (300g) Mohinga

£9.99
Our Promise

Free Shipping Above £30

5% Off + Free Gift Above £50

Free NEXT DAY Delivery Above £100

Fast 2-4 Day Shipping

စက်မှုဒေါ်ညို ဆို ဆိုင်မှာ ချက်ရောင်းတဲ့ မုန့်ဟင်းခါး ကိုအရင်ကြိုက်ကြတယ်...အဲ့ကနေမှ အပြန် အနှစ်ထုပ်လေး ပါဆယ်ဆွဲကြတယ်...

 

တချို့ကလည်း မိတ်ဆွေတွေ ညွှန်းလို့ ဒီအနှစ်ထုပ်ကို ဝယ်ကြတယ်။

 

နိုင်ငံခြားကို ပို့ပေးကြတယ်။ ပေးရတဲ့ဈေးနဲ့ ဒီအနှစ်ထုပ်က မုန့်ဟင်းရည် တအိုးကြီး ချက်ပြီး မိသားစုလိုက်စားကြတယ်။

 

မုန့်ဟင်းခါး ကောင်းကောင်း မစားရတဲ့ နိုင်ငံခြားကလူတွေအရမ်း ကြိုက်ကြတယ်ဆိုတာ...

 

စက်မှုဒေါ်ညို အနှစ်ထုပ်လေးက  ဆိုင်စား မုန့်ဟင်းခါးအရည်အရသာအတိုင်း ကွက်တိထွက်လို့ပါ။

 

Ready made အနှစ်ထုပ် ပေမယ့် အခြောက်တိုက်ငါးဖတ်အပြည့်နဲ့ဆီသတ်ထားတာမို့ တာရှည်ခံဆေးတခုမှ လုံးဝမပါဝင်တဲ့အတွက် စိတ်မပူဘဲ အရသာရှိရှိ ချက်စားပါနော်

 

Homemade စစ်စစ် ဖြစ်လို့ မိမိအိမ်မှာချက်စားရတဲ့ အရသာ ကွာလတီမျိုး ဖန်တီးထုတ်လုပ်ထားပါတယ်ရှင်...

 

​ဘယ်လိုသိမ်းဆည်းရင် အချိန်ဘယ်​လောက်ထိအထားခံမလဲ ဆိုရင်တော့ အ​အေးခန်းရေခဲ​သေတ္တာ ထဲမှာ ထားရင် ၃လအထိ အေးဆေး အထားခံပါတယ်ရှင်။

 

နေကြာဆီအစစ်၊ Dashi ဂျပန်ငါးအသားမှုန့်နဲ့ ချက်လို့ လူကြီးတွေ အရမ်း ကြိုက်ကြပါတယ်။ စားပြီးရင် ​မူး​​ဝေခြင်း ၊ ​ရေငတ်ခြင်း ၊ ​သွေးတိုးခြင်း လုံးဝမဖြစ်​တာက အားသာချက်ပါ။

 

နောက်ပိုစေတနာထားတာက ငါးခူအသားဖတ် နိုင်းချင်းနဲ့ ငါးဖယ်တုံးလေးတွေပါထပ်ပါတာပါ။ ငါးခူဈေး ငါးဖယ်ဈေးနဲ့တင် တန်နေရော။

 

တစ်ထုပ်ကို မုန့်ဖတ် ၅၀ သားနဲ့စားပါ။ ဟင်းရည်အပျစ်အကျဲပေါ်မူတည်ပြီး ၇ ပွဲကနေ ၁၀ ပွဲစာလောက် တအိုးကြီး စားလို့ရပါတယ်ရှင်။