အရသာမှာထိပ် တစ်စေ့ဝါးတိုင်းဆိမ့်နေလို့ သိပ်ကြိုက်မိတာပါ…🥰
👉🏻 သူ့ချည်းသုပ်စားလည်း တစ်မျိုးကောင်း
👉🏻 လတ်လတ်ဆတ်ဆတ်နေ့ချင်းနှပ်လေးတွေနဲ့ တွဲသုပ်လိုက်တော့လည်း တစ်မျိုးကောင်းနေတာ စိန်ပလောင်ရဲ့ ပဲနှစ်ပြန်ကြော်တွေပါပဲ…
အနူးညံ့ဆုံးပဲစေ့လေးတွေကိုမှ မွနေအောင် ပဲဆီသန့်မွှေးမွှေးလေးနဲ့ကြော်ပေးထားလို့ သိပ်ဝါးစရာမလို အသက်ကြီးတဲ့သူတွေအများစုကြိုက်ကြတာမျိုးဆို “နူးညံ့မွမွပြိုင်စံမပေါ်စိန်ဂန္တဝင်ပဲနှစ်ပြန်ကြော်” လေးရွေး…
ပဲသားအကောင်းစားအမျိုးပေါင်း (၉) မျိုးလောက်ပါပြီး လက်ဖက်အုပ်ပြင်တဲ့အခါ သုံးလို့လှတာလေးဆို
“ မွှေးပျံ့ကြွပ်မွစားလိုသော် စိန်စံတင်ပဲနှစ်ပြန်ကြော်” လေးရှိမယ်…
ပဲသားကျစ်၊ အနယ်ခံပြီး လက်ဖက်သုပ်တဲ့အခါ သုံးလို့အကောင်းဆုံးဆို “ရွှေညာပဲနှစ်ပြန်ကြော်” လေး ရှိပါသတဲ့ရှင်...😉
ဒီလိုမျိုး မွမွရွရွလေးနဲ့ ပဲအရသာပြည့်ဝနေတဲ့ နှစ်ပြန်ကြော်တွေထဲကတော့
ပဲကြော်ဆို မာရင်မကြိုက်ဘူး။ ဆီမသန့်ရင် မစားဘူး။
ပဲသားကြေနေရင်လည်း မကြိုက်ဘူး။ ဆိုတဲ့ အကောင်းကြိုက်သူတွေနဲ့ အကိုက်ဖြစ်စေမှာ အသေအချာပါ…‼️
👉🏻 အမှုန်အညှာလုံးဝမပါဘဲ မြေပဲဆန်ကအစ ပဲလုံးကြီး၊ ပဲလုံးသန့် တွေပဲ သေချာရွေးထည့်ပေးထားခြင်း
👉🏻 တာရှည်ခံဆေး၊ ဓာတုဆိုးဆေးလုံးဝမပါဝင်ခြင်း
👉🏻 အချိုမှုန့် လုံးဝ (လုံးဝ) မပါ၊ ပဲဆီသန့်နဲ့သာသုံးထားခြင်းတွေကြောင့်ပဲ စိန်ပလောင်ရောက်ရင် မဝယ်လို့
မဖြစ်တဲ့စာရင်းထဲမှာ ထူးရှယ်ပဲနှစ်ပြန်ကြော်တွေက
ထိပ်ဆုံးကပါဝင်လာခဲ့တာပေါ့…
ဒီတော့ လက်ဖက်ပွဲတိုင်းရဲ့ ဇာတ်လိုက်ကျော်
စိန်ပလောင် ပဲနှစ်ပြန်ကြော်တွေကို မြည်းစမ်းရင်း ဝယ်ယူဖို့ရာ စိန်ပလောင်ဆိုင်ခွဲတွေကိုသာ လှမ်းခဲ့လိုက်ပါနော်…🤗